သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 28, 2013

PostHeaderIcon ဘေဘီလုံမှ စကားများ



လူတယောက် ကံကောင်းလာပြီဆိုလျှင် ဘယ်မျှအထိ ကံကောင်းမည်ကို ခန့်မှန်း၍ မရနိုင်။ 
“ကိုင်း သွားလေရော့ ’’ဟု ယူဖရေးတီး မြစ်ထဲ ပစ်ချလိုက်သည့်တိုင် အသက်မသေရုံမက 
လက်ထဲ ပုလင်းတလုံးကိုင်ပြီး ပြန်တက်လာနိုင်သည်။
             (*ဘေဘီလုံ စကားပုံတခု *)

ကံကြမ္မာကောင်းတွေသည် အခွင့်အရေးကို အမိအရ ဖမ်းယူနိုင်ခြင်းဖြင့်သာ ကြုံကြိုက် ရရှိ
နိုင်တယ်။ အခွင့်အရေး အမိအရယူဖို့ နိုးကြားတက်ကြွနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကံကြမ္မာစောင့်
နတ်သမီးရဲ့အာရုံစိုက်မှုကို ခံရစမြဲပဲ။ ကံကြမ္မာစောင့် နတ်သမီးဟာ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို
စောင့်ရှောက်ကူညီဖို့ အမြဲအဆင်သင့် ရှိနေ တယ်။ နိုးကြားသူတွေကို နှစ်သက်တယ်။

ထကြွနိုးကြားမှု အခွင့်အရေးကို မပြတ်ရှုမြင်ပြီး အလျင်အမြန် ရယူတတ်မှု အားဖြင့်သာ 
ကံကြမ္မာကောင်းတွေ အဆက်မပြတ် ကြံကြိုက်နိုင်တယ်။ အောင်မြင် ကြီးပွားသူတဦး
ဖြစ်လာနိုင်တယ်။

ဓနဥစ္စာဆိုတာ သူတို့ရဲ့သဘောသဘာဝ သူ့ရဲ့ ဥပဒေသတွေကို သိနားလည်တဲ့ လူများနဲ့သာ
ထိုက်တန်တယ်။ သူတို့ဆီမှာပဲ တည်မြဲတယ်။  ( ကုန်သည်ကြီး ခါလဗတ်)

အရေးကြီးဆုံးက အောင်မြင်ကြီးပွားချင်တဲ့ ဆန္ဒရှိဖို့ပဲ။ ထက်သန် ပြင်းပြတဲ့ ဆန္ဒ တန်ခိုး
စွမ်းအားနဲ့၊ ဓနဥပဒေသတွေကို သိတဲ့ ဉာဏ်အမြော်အမြင် ပေါင်းစည်းနိုင်မယ်ဆိုရင်
ကြီးပွားချမ်းသာဖို့ သေချာ သလောက်ပဲ။

မင်း မိတ်ဆွေအပေါင်းအသင်းကို ကူညီချင်တယ်ဆိုရင် ကူညီပါ။ သို့သော်… သူ့ကျောပေါ်က
ဝန်ထုတ် ကိုယ့်ကျောပေါ် ပြောင်းတင်တာမျိုးတော့ မဖြစ်စေနဲ့။ 
                 (ငွေတိုးချေး သူဌေး မာသွန်)

ငွေကြေးစသည် ကူညီရာမှာ နောင်တ ကြီးစွာ မရမိစေရန် ကြိုတင် စဉ်းစားမှု အနည်းငယ်
ပြုပါတဲ့။ 
              (မာသွန်ရဲ့ အပေါင်ဆုံးတွေ ထည့်သော သေတ္တာမှ စာတန်း)

ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန် အဓိဋ္ဌာန် ပြတ်သား ခိုင်မာပြီ ဆိုက ယင်း
အား  အကောင်အထည်ဖော်ရန် နည်းလမ်းမှန်ကို ရှာတွေ့မြဲဖြစ်သည်။
     (အကြွေးထူခဲ့သူ ကုလားအုပ် ကုန်သည်ကြီး ဒါဗာဆား)

အလုပ်ဟာ ငါ့အတွက် အကောင်းဆုံး မိတ်တွေပဲ။ ( ကုန်သည် မက်စ်ဒို)

 The Pichestman in BaByLon. (ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်၊ ဆရာဖေမြင့်....
စာအုပ်မှ နုတ်ထုတ် ယူပါသည်။)

+ အားနာတတ်စွာ၊ အရာရာ၊ မကြာ ပျက်စီးကြောင်း၊+ ( ရှင်မဟာသီလဝံသ ဆုံးမစာ) 
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...