သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 4, 2013

PostHeaderIcon ပညာ

ပညာဆိုတာ အခြေအနေ မတူတဲ့ လူသားတွေကို တန်းတူဖြစ်အောင် ညှိပေးနိုင်တဲ့
အကြီးမားဆုံး ကြိယာတခုပါပဲ။
ပညာဆိုတဲ့ အလင်းရောင် မီးအိမ်ကို ထွန်း၊ ပညာမျက်စိနဲ့ အမှောင်အလင်း အကောင်း
အဆိုးကို ခွဲခြမ်းစိပ်ဖြာပြီး လောက လမ်းခရီးကို ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်
ပါတယ်။ အသုံးချတတ်ရင် ပညာဟာ ဆင်းရဲအားလုံးကိုပင် စွန့်ပစ်လိုက်နိုင်တယ်...။
အသိပညာ အတတ်ပညာ ဆိုတဲ့ ပညာရပ်သည် လောကီလောကုတ်အနေနဲ့ဆိုရင် ပို၍
ကျယ်ဝန်းနက်ရှိုင်းလွန်းလှပါတယ်။
ပညာ၏ တစွန်းတစကို ဘုရားရှင်နှင့် ပညာရှင်များ မိန့်ဆိုခဲ့သည်များကို အနည်းငယ်မျှ
စုစည်းလိုက်ပါသည်။

ပညာဟူဘိ၊ ထိုအရှိတို့၊ ထားသည့်နေရာ၊ ဤဂေဟာဖြင့်၊ ရေးလွှာမှတ်တမ်း၊ ပြောဆိုခန်း
ဖို့၊ ကျမ်းလို့မခေါ်၊တော်ဝင်မထိုက်၊ ဘဏ္ဍာတိုက်၊ နှစ်ခြိုက်သလို၊ သုံးပါလေ...။

ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊
ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။
(မဃဒေဝ)( ပညာတန်ဖိုး)
ငယ်က ပညာ၊ မသင်ရှာ၊ ကြီးမူဆင်းရဲ၊ မှန်မလွဲ။

လူသားတို့၏ အမြင့်မြတ်ဆုံးရတနာ(ပညာ နရာနံ ရတနံ)၊လူသားတို့၏ မျက်
လုံးသည်။ ပညာ(ပညာစက္ခု)၊ 
ပညာသမာ အာဘာ နတ္ထိ-ပညာနှင့်တူသောအလင်းရောင်သည် လောက၌
မရှိ၊ 
ပညာ ဇီဝိတ မာဟု သေဌံ၊
လောကမှာ ပညာဖြင့် အသက်ရှင်နေထိုင်ရခြင်းသည် အမြတ်ဆုံး၊

လောကေ ပညာယ အတ္ထတ္ထော၊ ပရတ္ထောစ သမိဇ္ဈတိ၊ 
လူ့ဘုံဌာန၊ ဤလောက၌၊ အတ္တပရာ ကျိုးနှစ်ဖြာကို၊ ပညာကသာ၊ ပြီးစေ
ရာ၏။ 
လူသားတို့၏ ဘဝတန်ဘိုးသည် ပညာ၊ ဘဝအထွဋ်ထိပ်သို့ ရောက်
ကြောင်းသည် ပညာ၊ 
ဘဝပန်းတိုင်သို့ ပို့ဆောင်ပေးသောတရားသည် ပညာ၊ 

နိဗ္ဗာန်တံခါး ဖွင့်ဖို့ရန် သော့ချက်သည် ပညာ။

ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်။ ပညာမရှိ သူ၏ ဝန်ထမ်း၊ ဟု
လည်းကောင်း၊ 
ပညာရှာ ပမာ သူဖုံးစား ဟုလည်းကောင်း၊ ပညာမတတ်ပါက လောကမှာ လူ
ဖြစ် ရှူံးကာ မျက်ကန်းပမာ လူ့ပေါက်ပင်ဖြစ်တတ်ပုံကို "မရှိပညာ၊ ဤလူ့ရွာ၌၊ 
ကျမ်းစာနီတိ၊ တတ်မသိက၊ မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှ၊ ပေါက်ပန်းပမာ၊
မှတ်ဖို့ရာ၏" (မဃဒေဝ) 

ပညာမရှိပါလျှင် ချမ်းသာသုခနှင့် ဝေးကွာရှားပါးတတ်ပုံကို
"မပွားသုတ၊ မရကောင်းမှု၊ မစု ဥစ္စာ၊ နွားပမာလျှင်၊ 
ပညာနည်းပါး၊ ချမ်းသာရှား၏။" (မဃဒေဝ)

ပညာ၏ တန်ဖိုးကိုလည်း "ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊
ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊
ပြီးနိင်စွာ၏။"(မဃဒေဝလင်္ကာ)။ 

ပညာရှိသူတော်ကောင်းထံ ရိုကျိုးနွံစွာ ပညာသင်သင့်ပုံကိုလည်း - 
"ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ ပညာရ၏"(မဃဒေဝ) ဆိုထားသည်။

ကထံသု လဘတေ ပညံ- ပညာကို အဘယ်ပုံ အဘယ်နည်းဖြင့် ရနိုင်ပါ
သနည်း ဟူသော အာဠာဝက ဘီလူး၏ အမေးကို - 
သုဿုသံ လဘတေ ပညံ- ကောင်းစွာ သင်ယူခြင်း၊ ဆရာသမားများက သင်
ကြားပေးသည်ကို ကောင်းစွာမှတ်သား နားထောင်ခြင်းဖြင့် ပညာကို ရနိုင်ပါ
သည်ဟု မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်ကလည်း ဖြေကြားတော်မူခဲ့သည်။

သုဿုသံ လဘတေ ပညံ ဟူသော ဒေသနာတော်ကို ထပ်ဆင့် လေ့လာ
သုံးသပ်ကြည့်ပါက 
သဒ္ဓါ ဇာတော ဥပသင်္ကမတိ-သဒ္ဓါတရားရှိမှ ဆရာကောင်းသမားကောင်း
တို့ထံ ပညာသင်ဖို့ ချဉ်းကပ်နိုင်မည်ဖြစ်၏။ ဥပသင်္ကမန္တော ပယိရုပါသတိ-
ဆရာကောင်း သမားကောင်းထံ ချဉ်းကပ်မိမှ ထိုဆရာကောင်းသမားကောင်း
များကို လုပ်ကျွေးပြုစုခွင့်ရနိုင်၏။ ချဉ်းကပ်နိုင် လုပ်ကျွေး ပြုစုခွင့်ရလျှင် ဆရာ
ကောင်း သမားကောင်း ပြောဟော သင်ပြ ဆိုဆုံးမကို နားထောင်ခွင့် သင်ယူ
လေ့လာခွင့်ရ၏။ သို့မှသာ ပညာအရည်အချင်း ဆင့်ကဲတိုးတက်လာမည်ဖြစ်၏။

ရှင်မဟာရဋ္ဌသာရကတော့ "အဌာရသ၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူး
ဖွေရှာ၊ သင်အပ်ရာ၏။" ဟုလည်းကောင်း၊ စာသင်သား ဆုံးမစာ၌ ပညသင်
ယူရာတွင် “သုစိပုဘာ၊ ဝိလိသိဓာ” ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်း
သွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊
သူ့ထက်ငါဟု၊ နှုတ်မှာ ရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊
ပညာရှင်ဟု၊" -  တိုက်တွန်းထားသည်။

(၁)သုဏေယျ-နာကြားရာ၏။  (၂)စိန္တေယျ-ကြံစည်ရာ၏။ 
(၃)ပုစ္ဆေယျ-မေးမြန်းရာ၏။   (၄)ဘာသေယျ-ပြောဆိုရာ၏။
(၅)ဝိစာရေယျ-စူးစမ်းဆင်ခြင်ရာ၏။ (၆)လိခေယျ-ရေးမှတ်ရာ၏။
(၇)သိက္ခေယျ.လေ့ကျင့်(သင်ကြား)ရာ၏။(၈) ဓာရေယျ. နှုတ်ငုံဆောင်ရာ၏။ 

စဥ့်ပါဆရာတော်(မြန်မာ၁၁၀၆-) မူကွဲ (၁၁၄၀-၁၂၁၀ အောက်ပါအတိုင်း  
ဓမ္မနီတိချိုး များဖြင့် ဆုံးမထားပြန်သေး၏

၁။ ကျင့်မူရာမူ ခပ်ပျင်းနှင့်၊ သွတ်ဖျင်း လူယုတ်တေ။ 
တတ်ပညာ ဇာတတ်ပါအံ့၊ များမှတ်ကြလေ။ ။
အတတ်ကိုမရှာဖွေလျှင်၊ ဥစ္စာတွေရရေး။ ။
ဘယ်နှယ် ကြံဖန်မြောက်ပမယ်၊ မိုးလောက်ကွာဝေး။

၂။ ပညာကို ဘယ်လူဆိုးတို့ ယူခိုးလို့ ပါပါ့မယ်။ 
အတတ်ကယ် အလိမ္မာနှင့်၊ ဥစ္စာဘယ် တူကြလိမ့်၊ လောက လူဝယ်။ 
သိကြားမြင်လုံလောက်က၊ မျက်မှောက်ကယ် သည်ကိုယ်ဝယ်၊ 
ရလွယ်၏ ခင်ပွန်း။
တမလွန်နောင်ခါကောင့်၊ မြိုက်ချမ်းသာ ပိုမိုမြင့်၊ 
ကဲဆင့် တောက်ထွန်း။

၃။ သိပညာ ဖြစ်ပွားအောင်၊ ချစ်သားတို့ သင်ကြပါ။ 

မိဘဆရာတို့၊ ဖန်ခါခါ တပည့်သားကို၊ ထောင်နားဆန် မငြင်းအောင်၊
သွင်းကြပေရာ။ 
လှေလှော်လှေခတ်နှင့်၊ အတတ်ကယ် မဲ့သူမှာ၊
ဝန်ထမ်းသာ ဖြစ်မြဲ။ 
ပညာရှင်ဖြစ်ပေက၊ လူ့ပြေ(မြေ)မှာ ပူဇော်လို့၊ ဇမ္ဗူပေါ်ဂုဏ်ထင်ပလိမ့်မယ်၊ 
မိုးလ ထက်ကဲ။

ထို့ပြင် အသိပညာကင်းမဲ့ သူကို နွားနှင့် ခိုင်းနှိုင်းထားပုံကိုလည်း
"မေထုန်မှီ အိပ်စားလို့၊ ယောက်ျားနှင့် နွားမှာ၊ ပြည့်စုံ ကုန်လုံ ရှိပါ၏။ 
အသိပညာ တတ်တစ်ပါး၊ နွားထက်ပိုသာ၊ အသိပညာ ချို့ရှာချေက၊
လူမိုက်ခေါင်၊ ထိုယောက်ျားကို၊ နွားဟုဆိုရ၊"

ရွှေကျောင်းဆရာတော် ဦးပညာ(မြန်မာ ၁၁၄၀-၁၂၀၀) ကလည်း"

 ‘လောကလူတွင်”၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊

လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊

ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊

ဝန်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ 

ဗျိုင်း သဖွယ်လျှင်၊ ပွဲလယ် မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြဝတ် ဆံရည်၊ 

သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ် ထိုထိုဝယ်၊ ကော်ကျို သောလား၊ 

 မှုန့်မှုန့်တွားအောင်၊ ကြိုးစား မပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊

“လိုခါ စမ်းတိုင်း ရစေမင်း”။ ဟု  မာတောဝါဒ ဆုံးမစာဆုံးမတော်မူခဲ့သည်။ 

 

ပညာရှိကြီးများက ကျောင်းသူကျောင်းသားများကို ပညာတော်ရုံသာမက စာရိတ္တကောင်းမွန်အောင်

လည်း အမျိုးမျိုးဆုံးမခဲ့ကြပေသည်။

"မောင် ကျောင်းသား၊ အတတ်သင်ပါ၊ လိမ္မာဖော်ရွှေ၊ စိတ်နေ ဖြူစွ၊ 

မာနချလျက်၊ မြန်မာ့အကျိုး၊ တိုးကြီးတိုးအောင်၊ သည်(သယ်)ပိုးနေ့ည၊ 

ကြိုးပါကြ" ဟုလည်း ဆုံးမကြသည်။

သျှင်မဟာရဌသာရ၏ လောကသာရဆုံးမစာ၌ 

“ပညာမျက်စိ”၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ 

သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ 

 မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ။ “ရှောင်လွဲ ဖဲကြဉ်နိုင်စေမင်း”။ 

 

"စာမတတ်သူ၊ အခေါက်ထူ၊ လူထဲရှင်ထဲ အသုံးမကျ၊ 

စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက၊ အော့ချင်ကြ၊ 

သို့မဖြစ်အောင်၊ သတိဆောင် အမောင်ခဲပါမှ၊" 

 (ရွှေကျင်ဆရာတော်ကြီး)

(တိုးတိုး စုသည်)

 

 
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...