သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 28, 2013

PostHeaderIcon သာသနာကို သန့်ရှင်းဖို့ မလို


 
ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး
ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီးသည် သီလ
စင်ကြယ်၏၊ ၀ိနည်း လေးစား၏။ ဘုရားရှင် အဆုံးအမအတိုင်း နေထိုင် ကျင့်ကြံ၏။
ဘုရားရှင်၏ သာသနာတော်နှင့် ပတ်သက်လျှင် စကားလုံး တလုံးကိုမျှ အတိမ်း
အစောင်း မခံလိုပေ။ သာသနာတော် သန့်ရှင်းရေး ဟူသော စကားကို တွင်တွင်
ကျယ်ကျယ် သုံးကြခြင်းကို နှစ်သက်တော် မမူပေ။
“သာသနာ သန့်ရှင်းအောင် ယခု သာသနာ သန့်ရှင်းရေးတဲ့၊ သာသနာက ရှုပ်ထွေးနေ၊
ညစ်ပတ်နေလို့ သာသနာ သန့်ရှင်းအောင် စယ်ကြယ်အောင် လုပ်ကြစို့ရဲ့ ဘာလေး 
ညာလေးနဲ့ ပေါ်လာတယ်။ စိတ်က အောက့်မေ့တယ်။
 မြန်မာစကား သုံးထားတာက သာသနာ သန့်ရှင်ရေး သုံးထားတယ်၊ ဒီစကား သိပ်ပြီး
မှားနေတယ်။ သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ၊ ဘာမျှဖြစ်တာ မဟုတ်ဘူး။ 
လူတွေက မကောင်းလို့၊ လူတွေညစ်ပတ်လို့၊၊ လူ မသန့်ရှင်းဘူး၊ ရဟန်းညစ်ပတ်တယ်၊
ရဟန်းမသန့်ရှင်းဘူး၊ သာမဏေညစ်ပတ်တယ်၊ သာမဏေ မသန့်ရှင်းဘူး၊ ရဟန်းသန့်ရှင်း
အောင်၊ သာမဏေသန့်ရှင်းအောင်၊ လူသန့်ရှင်းအောင်၊ ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင် 
လုပ်ဖို့ ကောင်းတယ်။ သာသနာ သန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။

ဘုရားရှင် လက်ထက်ကလည်း ဒီသာသနာပဲ၊ ခုလည်း ဒီသာသနာပဲ၊ သာသနာဝင်တဲ့
ပုဂ္ဂိုလ်တွေက သာသနာကို မုန်းတဲ့ ပုဂ္ဂိုလ်တွေကသာ၊ သာသနာကို စိုးရိမ်နေပေမဲ့
ဒီသာသနာဟာ ဘာမှ ဖြစ်မသွားပါဘူး။ သူ့ဟာသူ သာသနာပဲ။ သာသနာမှီပြီးတော့
သာသနာ့ နည်းလမ်းအတိုင်း မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေက ညစ်နွမ်းပြီး နေတယ်။ မသန့်ရှင်းဘဲ ဖြစ်ပြီးတော့ နေတယ်။ သူတို့ကိုသာ သန့်ရှင်းအောင်၊ စင်ကြယ်အောင်
လုပ်ဖို့ လိုတယ် ဆိုတယ်ပဲ အောက်မေ့တယ်။

အမြင့်က ကျရင် ပိုနာမယ်

ဓမ္မ၊ အဓမ္မ တရားနှစ်မျိုးကို သိလို့၊ အဓမ္မကို ကြဉ်ရှောင်ပြီးတော့ ဓမ္မဆိုတဲ့ ကုသိုလ်ဓမ္မ၊
ဓမ္မများများကို ရအောင် ယူကြမယ်ဆိုရင် တပည့်တော်တို့ ဘုန်းကြီးများလောက် များများ
ယူနိုင်တဲ့သူ ဒီလူ့ပြည်မှာ မရှိပါဘူး။ ဘုန်းကြီးက အရယူနိုင်ဆုံးပါပဲ။


ဓမ္မလွှတ်ပြီးတော့ အဓမ္မကို ကျင့်ကြမယ်ဆိုရင် ဘုန်းကြီးတွေက အောက်ဆုံးက နေရမှာပဲ။

ဒေ၀ဒတ်တို့ စတဲ့ အပါယ်ကျတဲ့ ဘုန်းကြီးတွေရှိတယ်။ မကောင်းမှု လုပ်ကြမယ် ဆိုရင်
လူထက် ဆိုးသေး။

သစ်ပင်မြင့်တက်တဲ့သူဟာ နိမ့်နိမ့်ကကျရင် သိပ်မနာဘူး။ အမြင့်ကကျပြီဆိုရင် သေရော၊

မသေဘူး ဆိုရင် သေမယ့် နီးနီးဖြစ်သွားတာ။ ဘုန်းကြီးတွေ အထက်တန်းက၊ ကိုရင်တွေ အထက်တန်းက နေတော့ကို သစ်ပင်တတ်တဲ့အခါ အထက်တန်းရောက်တဲ့သူဟာ အ
ထက်တန်းက အသီးအပွင့်တွေ လိုချင်တာတွေ သူများထက် ပိုရတယ်၊ ကောင်းကောင်း
နှလုံး မသွင်းရင် အထက်တန်းက ကျသေ၊ သူများထက်နာ၊ သေအောင်နာ၊ အဲဒါဖြစ်လေ
တော့ကို အထက်တန်းစားဖြစ်တဲ့ စာချပုဂ္ဂိုလ်၊ အထက်တန်းစားဖြစ်တဲ့ ငါ တိုက်အုပ်၊ 
တိုက်ကြပ်၊အကြီးအကဲ သူများထက်ပိုပြီး ဓမ္မသိပြီးတော့ ထိုဓမ္မဆိုတဲ့ ကုသိုလ် သူများ
ထက် ပိုရအောင် အားထုတ်ရမယ်။


( တင်ပါဘုရား။..စာကို တကယ်တတ်တယ်ဆိုရင်..အသိဉာဏ် တကယ်မြင့်တယ်ဆိုရင်
ကိုယ့်ကိုယ်ကို ပညာတတ်တယ်ဆိုရင် ပိုပြီးတော့ လောဘ ဒေါသ မာန်မာန မထားပဲ
နှိမ်ချပြီး ပြောဆို နေထိုင်တတ်ရမှာပေါ့။ တကယ် တတ်... တကယ် သိရင် ဘာမှကို မလို
ချင်တော့ဘူး။ လိုချင်စရာလဲ မရှိတော့ဘူး။ လိုချင်နေကြတာဟာ ဘာမှ မသိသေးလို့ပဲ
လို့ ပညာတတ် ဆရာတော်များကလည်း မိန့်ပါတယ်ဘုရား။
မဟာဝါ စူဠဝါကျမ်းတွေမှာလဲ ဖတ်ရှုရပါတယ်ဘုရား။ ကြောက်စရာပါဘုရား။
အသိပညာ ဉာဏ် တကယ်ရှိရင် စပါးနှံလို ဖြစ်နေရမှာပေါ့ဘုရား။
ကိုးကွယ် ဆည်းကပ်သူတိုင်းကလဲ ခွဲခြား သိထားသင့်ရမှာပေါ့ဘုရား။
တပည့်တော်တို့ ဆိုနေတဲ့ အဝိဇ္ဇာဆိုတာလဲ အဲလိုပဲ သဘောပေါက်ရတယ်ဘုရား။
မသိသေးကြလို့သာ ဟိုဟာ လိုချင် ဒီဟာလိုချင်နဲ့ ကိုယ့်အသုံးအဆောင်နဲ့ ကိုယ်နဲ့ ထိုက်
တာထက် ပိုပြီး လိုချင်နေသေးတဲ့ သူမှန်သမျှဟာ ဘာမှ မသိသေးတဲ့ အဝိဇ္ဇာ ထူထဲ
များလွန်းလို့ပဲပေါ့ဘုရား....။ သတိ သတိ သတိ )
ဘာမှ မသိသေးလို့ပဲ မှတ်ရမှာပေါ့ဘုရား။
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။  မေ့လျော့နေရင်
သေနေတာနဲ့ အတူတူပဲ လို့ ဘုရားရှင်ကလဲ မိန့်ခဲ့တော့.... အင်း..
မေ့နေတုန်းများ...သေသွားခဲ့ရင်... သတိနဲ့ ရိက္ခာကောင်းတွေ စုထားပြီး
အဆင်သင့်ဖြစ်နေဖို့ ပြင်ထားဖို့ပဲ လိုတာပါလေ...။  )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...