သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, April 19, 2013

PostHeaderIcon ကောသလ အိပ်မက် (၁၆) ချက်...


ကောသလ အိပ်မက် (၁၆) ချက် ရှစ်လုံးဖွဲ့ ကဗျာများ...


၁။ နွားလေးကောင် အိပ်မက်
နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး၊ မိုးဝေး လွင့်ပျောက်စဉ်။

၂။ သစ်ပင်ငယ် အိပ်မက်
မြေက မကြွ၊ ငယ်လှ သစ်ပင်၊ ဖူးငုံ ရင့်ပြီး၊ ပွင့်သီး တွေ့မြင်။
အရွယ်မမျှ၊ ပျိုမမယ်ခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ချင်။

၃။ နွားမကြီး အိပ်မက်
ယနေ့ ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဘ၊ ကျွေးမှ စားရမှာ။

၎။ နွားငယ် အိပ်မက်
နွားကြီး မကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုံးနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
ကြီးသူပယ်ရှား၊ မြှောက်စား လူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

၅။ မြင်း အိပ်မက်
ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးကျွေးသမျှ၊ မ၀နိုင်ပါ။
မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

၆။ ရွှေခွက် အိပ်မက်
ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲ စွန့်ပြန်။
မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ် ပေါင်းဆက်ဆံ။

၇။ ခွေးသူခိုးမ အိပ်မက်
ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးခါမျို။
လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်မြှောင်အား၊ မယား လောကွတ်ပို။

၈။ ရေပြည့်အိုး အိပ်မက်
အိုးငယ်ချည်းနည်း၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက် ငွေတောင်းခံ။

၉။ ရေကန်ကြီး အိပ်မက်
ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

၁၀။ ထမင်းအိုး အိပ်မက်
တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်း မာဆတ်၊ ပျော့နှပ်သုံးလီ။
မင်းနှင့်လူများ၊ တရားမမှီ၊ မိုဃ်း သုံးစား ၊ ကွက်ကြားရွာချမည်။

၁၁။ စန္ဒကူးနှစ် အိပ်မက်
မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

၁၂။ ဗူးတောင်း အိပ်မက်
သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။

၁၃။ ကျောက်ခဲကြီး အိပ်မက်
အိမ်လုံးတောင်လုံး၊ ကျောင်းတုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

၁၄။ ဖားငယ်မ အိပ်မက်
အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲ အော်ငေါက်ဆို။

၁၅။ ကျီးငှက် အိပ်မက်
အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခ-စားနေပါ။
ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

၁၆။ သစ်နှင့်ဆိတ် အိပ်မက်
ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်း တောမြိုင်ယံ။

(လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
(16 photos)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...