သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 4, 2013

PostHeaderIcon ဘဝ အမြင်

ဘဝတခုကို ရရှိလာကြတဲ့ လူသားတိုင်းဟာ ကိုယ်ရရှိထားတဲ့ ဘဝကို တန်ဘိုးရှိ
အောင် အဓိပ္ပါယ်ရှိအောင် လူ့အဆင့်အတန်းမီအောင် လူစင်မီအောင် လုပ်နိုင်မှ 
ဘဝတခု ရကျိုး နပ်ကြလိမ့်မယ်လို့ ယုံကြည်မိတယ်လေ။

ရလာတဲ့ ဘဝကို ဖြစ်သလိုနေ ဖြစ်သလို ရင်ဆိုင်သွားတော့ကော ဘာထူး
သလဲ ဆိုတော့ကာ ဘာမှတော့ မထူးသလို ဘာမှလဲ ဖြစ်မလာနိုင်ဘူးပေါ့။
နောင်တချိန်မှာလဲ ဖြစ်ချင်ရာတွေဖြစ်ပြီး သံသရာဆိုတာရှိသေးတယ်ဆိုရင်
တော့ သံသရာခရီးကို မှောင်မိုက်စွာနဲ့ လျှောက်လှမ်းရတော့မှာ မလွဲဘူးဖြစ်
မှာပေါ့။ အဲဒီတော့ ကိုယ်ရထားတဲ့ ဘဝလေးကို အဓိပ္ပါယ် ရှိအောင်တော့
လူတိုင်း လုပ်သင့်တယ်လို့ ထင်တယ်လေ။ ကိုယ့်ရဲ့ အတိတ်ကံက မကောင်းခဲ့
လို့ လက်ရှိ ဘဝမှာ အဆင်မပြေမှုတွေ နွမ်းပါးမှုတွေနဲ့ ကြုံဆုံနေရပေမဲ့ ဒီ
အခြေနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ လွတ်မြောက်အောင် ဘယ်
လို လုပ်ရမလဲဆိုတဲ့ အတွေးအခေါ်နဲ့..လွတ်မြောက်နိုင်အောင် လုပ်ယူမယ်
ဆိုတဲ့ ဆန္ဒတခုသာ ပြင်းပြလာနေမယ် ဆိုရင် အဲဒါ ဘဝကို တော်လှန်ပစ်ချင်၊
ပြောင်းလဲပစ်ချင်တဲ့ စိတ်ဓာတ် ရှိနေတာပဲလို့ ယူဆမိတယ်လေ။   
တော်လှန်ရေးဆိုတာ အဲဒါပါပဲ။

အဆင်မပြေမှုတွေ ဒုက္ခပေါင်းစုံတွေကို ကျော်ဖြတ်ရမယ်ဆိုတဲ့ စိတ်ရှိနေတာ
ကိုက လက်ရှိ ဘဝရဲ့အနေအထားတွေကို တော်လှန်ချင်တာပါပဲ။ ဒီလိုစိတ် 
ဓာတ်မျိုး ပြင်းပြလာပြီဆိုရင် ဒီလူဟာ အောင်မြင်တဲ့ လူသားတယောက်၊ 
အဓိပ္ပါယ်ရှိတဲ့ လူသား တယောက် ဖြစ်လာတော့မှာ မကြာတော့ဘူးလို့
ထင်တယ်လေ။ 
“ယောက်ျားတံခွန်၊လူရည်ချွန် ကား၊မိုးစွန်တမွတ်၊ကြယ်ကိုဆွတ်လဲ၊ 
မလွတ်စတမ်း၊ ရမြဲလမ်းတည်း”လို့ အဆိုရှိတယ်မဟုတ်လား။
တကယ်ကြိုးစားမှုရှိရင် ဘာမဆိုဖြစ်လာနိုင်တယ်လို့ ဆိုချင်တာပေါ့လေ။
လူ့ဘဝဟာ ရခဲတယ်လို့ ဆိုကြတယ် မဟုတ်လား၊။ ရခဲတဲ့ လူ့ဘဝမှာ ချို့ချို့
တဲ့တဲ့ နွမ်းနွမ်းပါးပါး ဘာမသိ ညာမသိ အမြော်အမြင်လဲ မရှိ၊ သူ့အကျိုး 
ကိုယ့်အကျိုးလဲ မရှိ၊ ဖြစ်ထွန်းမှုလဲ ဘာမှမရှိပဲ  ဘဝတခုကို အဆုံးသတ်
သွားကြရမယ်ဆိုရင် ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ ယုံထားတယ်လေ။ ရခဲ
လှပါတယ်ဆိုတဲ့ လူ့ဘဝကိုလဲ အကျိုးရှိအောင်၊တန်ဘိုးရှိအောင်အသုံးချ
မသွားနိုင်ဘူးလို့ ထင်တယ်လေ။
 အဆင့်အတန်းမီမီနဲ့  လူတန်းစေ့နေနိုင်အောင် ကြိုးစားပြီး ကိုယ်လိုချင် 
လုပ်ချင်တဲ့ အရာတွေနဲ့ အများလဲအကျိုးရှိ ကိုယ်လဲ အကျိုးရှိပြီး  သံသရာ
အထိ ပါနိုင်လောက်တဲ့ ကောင်းမြတ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်
ကိုင်ဆောင်ရွက် ရယူပြီးမှ ကြည်နူး ဝမ်းမြောက်စွာနဲ့ ဘဝကို အဆုံးသတ် 
သွားကြမယ်ဆိုရင် ဘယ်လောက် ပျော်ရွှင်စရာ ကောင်းမလဲ၊ ဘယ်
လောက် တန်ဘိုးရှိမလဲဆိုတာ တွေးကြည့်ယုံနဲ့ပဲ ကြည်နူးစရာ အင်မတန်
ကောင်းနေတယ်လေ။
 အဆင့်အတန်းမီတယ်၊ လူတန်းစေ့တယ်ဆိုတာကလဲ အဆမတန်ကြီး 
ချမ်းသာကြွယ်ဝနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အတန်အတင့် 
စားသောက်နိုင်ပြီး ပုံမှန်ဝင်ငွေနဲ့ အပိုအလျှံငွေများက ကိုယ့်ဆီမှာ 
ပုံမှန်ရှိနေဖို့ရယ်၊ စိတ်ချမ်းချမ်းသာသာနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်သင့်တဲ့ 
အများအကျိုးလို ကုသိုလ်ရေးများလို ကိစ္စများကို  ပုံမှန်လေးလုပ်နိုင်ရင်ပဲ 
မဆိုးသေးဘူးလို့ဆို ချင်တာပါ။ ငွေအများကြီး မချမ်းသာပေမဲ့ စိတ်အများ
ကြီး ချမ်းသာနေတဲ့ ဘဝမျိုးကို ဆိုလိုတာပါ။ ပစ္စည်းဥစ္စာတွေ သိပ်ချမ်းသာ
နေပြီး ပူပင်မှုများစွာနဲ့ သိပ်စိတ်ဆင်းရဲနေရမယ့် ဘဝမျိုးတွေကိုလည်း
အားမကျသင့်ပါဘူး။ မမက်မောသင့်ဘူးလေ။ ဒီလိုအဖြစ်တွေနဲ့ နေရတဲ့
ဘဝမျိုးကလဲ သိပ်အဓိပ္ပါယ်မရှိဘူးလို့လဲ ထင်တယ်လေ။

လူစင်မီတယ်လို့ ဆိုတာတွေမှာလဲ ပစ္စည်းဥစ္စာကြွယ်ဝရုံ၊ ပညာတွေ
တတ်နေရုံနဲ့ လူစင်မီတယ်လို့ မယူဆပါဘူး။ အထက်က ဆိုခဲ့သလို
အများအကျိုး ကိုယ့်အကျိုးတွေကို ဆောင်ရွက်နိုင်ပြီး အမှားအမှန်
သဘာဝကျ မကျဆိုတာတွေကို ပိုင်းခြားဝေဘန် သုံးသပ်နိုင်တဲ့
အသိပညာ ဉာဏ်တွေ ရှိမှ လူစင်မီတယ်လို့ ထင်မိတယ်လေ။

ဒီလို ဘဝကို အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ အဆုံးသတ်နိုင်အောင် ရှေးဦးစွာ
ဘဝကို အဆင်ပြေအောင်၊ ကိုယ်လိုချင်တဲ့ ပုံစံအနေအထားမျိုးရောက်
အောင် အရင်ဆုံး လုပ်ယူရမှာပါ။ လူနေမှုဘဝ၊ စိတ်နေ စိတ်ထားတွကို
အရင်ဆုံး ပြောင်းလဲ တိုးတက်နိုင်အောင်လုပ်ပြီးမှ ကျန်တဲ့ တိုးတက်မှု
များကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လေ။
ဘဝကို စိတ်တိုင်းကျ ပြောင်းလဲ တိုးတက်အောင် လုပ်ဆောင်တဲ့
နေရာမှာလဲ ဘဝနဲ့ ဆန္ဒတထပ်တည်း ကျတာမျိုးတွေ ရှိကြသလို..  
တခါတလေ ဘဝနဲ့ မကိုက်ညီပဲ အများဆန္ဒအရ လိုက်လုပ်နေရတာ
တွေ. ကိုယ့်ဆန္ဒအရ လုပ်ဆောင်ရတာမျိုး မဟုတ်ပဲ  ဘဝပေး 
အခြေနေအရ လုပ်ဆောင်နေရတာ မျိုးတွေလဲ ရှိတတ်ကြပါတယ်။

တခါတရံမှာ ကိုယ်ဖြစ်ချင်တာတွေနဲ့  ဖြစ်နေတာတွေ၊ ကိုယ့်ဘဝကို
ပုံဖော်ချင်တာကတမျိုး၊ ပုံပေါ်လာတာက တမျိုးတွေ၊ ကိုယ့်ဆန္ဒက 
ဒါကိုလုပ်ချင်ပေမဲ့ အများဆန္ဒအရ နောက်တမျိုးကို လိုက်လုပ်ပေး
နေရတာမျိုးတွေ စသဖြင့် ဘဝနဲ့ဆန္ဒ မကိုက်ညီတာတွေဟာ များစွာ
ကြုံရတတ်တယ်လေ။ 
အဲဒီလို အခါမျိုးတွေမှာ မှန်ကန်ပြီး တရားမျှတမှုမှုရှိမယ်၊ အများကိုလဲ
မနစ်နာစေဘူး၊ အကျိုးလဲရှိစေတယ်ဆိုရင် အခြေအနေအရ လုပ်လိုက်
ကြရတာပါပဲ။ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်လို့ လုပ်နေရပေမဲ့  ကိုယ့်ရဲ့
ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုတော့ပျောက်ကွယ် မသွားစေဖို့ 
အင်မတန် အရေးကြီးတယ်လို့ထင်တယ်လေ။
     
 ဒါပေမဲ့  ဒီနေရာမှာ အခြေအနေအရ လုပ်ရပေမဲ့  အချိန်အခါ 
ဆိုတာမျိုးကတော့ ရှိပါတယ်။ အချိန်တွေ ကုန်လွန်နေပြီး  ဘာမှ 
အကျိုးမဖြစ်ထွန်းနိုင်မယ့် အလုပ်မျိုး ဆိုရင်တော့ အခြေအနေအရ 
လုပ်နေရတဲ့ အလုပ်တွေကို ဖြတ်သင့်ရင် ဖြတ်ပြီး  အချိန်အခါရဲ့
စေညွှန်းချက်အရ ရည်ရွယ်ချက် လမ်းကြောင်းပေါ်ကို ပြောင်းသင့်ရင်
 ပြောင်းရလိမ့်မယ်လို့ ထင်မိပါတယ်။ 
 ဒါမှ ဘဝကို အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေး လုပ်ရာရောက်ပါ
လိမ့်မယ်။ အဓိပ္ပါယ်မဲ့ အချိန်တွေကုန်နေပြီး ဘာမှ မလုပ်နိုင်တဲ့ 
အခြေနေကျမှ  လုပ်ကြရမယ်ဆိုရင်  ဖြစ်ချင်တာတွေဟာ ထင်သလောက်
ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ အချိန်နဲ့ ဒီရေသည် လူကို မစောင့်လို့ 
ဆိုကြတယ် မဟုတ်လား?  အချိန်တွေ ကုန်ပြီး ကိုယ့်အတွက် ဘာမှ
မျှော်မှန်းလို့ မရနိုင်တဲ့ အနေအထားမျိုးတွေမှာ ရေစုန်မျောနေမယ့် အစား
တန်ဖိုး ရှိနိုင်မယ့်  လမ်းကြောင်းတခုဆီကို ပြောင်းလွှဲ လျှောက်လှမ်းသင့်
တယ်လေ။
  ရှေ့ရေးအတွက် နောင်ရေးအတွက် ကြိုတင် ပြင်ဆင်ဖို့ဆိုတာ 
လူတိုင်းမှာ ရှိကြတယ်လေ။ လူတိုင်းကတော့  လက်ရှိ ကိုယ်လုပ်နေတဲ့
လုပ်ရပ်တွေအပေါ်မှာ ကောင်းတယ်လို့ချည်းပဲ ထင်နေကြတာဟာ 
မထူးဆန်းပါဘူး။ ကိုယ်ထင် ကုတင် ရွှေနန်းပဲ မဟုတ်ပါလား? ။
များသောအားဖြင့် လူသားတွေဟာ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေကသာ 
မှန်တယ်။ တရားတယ်။ သူများလုပ်နေတာတွေဟာ ကိုယ့်လောက် 
မှန်ကန်မှုမရှိဘူး။ အရာမရောက်ဘူးလို့ ထင်နေတတ်ကြတာဟာလဲ 
သဘာဝတခုလိုပါပဲ။  တခါတရံမှာ ကိုယ်  မှန်တယ်လို့ပဲ ထင်နေတဲ့ 
အရာတွေဟာ တကယ့် သဘာဝဓမ္မကျကျ တရားတွေနဲ့ ချိန်ထိုး နှိုင်းယှဉ်
ကြည့်လိုက်တဲ့ အခါမှာတော့ လုံးဝ မှားနေတာမျိုး၊တချို့တဝက် လွဲချော်
နေတာမျိုးတွေ ရှိနေတာကိုလဲ များစွာ တွေ့မြင်ကြရမှာပါ။  
  အမှားဆိုတာတော့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ မှားတာကို 
သိတာနဲ့ ပြင်နိုင်တဲ့ သူကသာ တကယ့် သူရဲကောင်းပါ။ ကိုယ်ရဲ့
လုပ်ရပ်တွေကသာ အမှန်ချည်းပဲလို့ ထင်နေကြသူများဟာ မှားမှန်း
သိပေမဲ့ မပြင်နိုင်ပဲ ဇွတ်မှိတ်ပြီး ဆက်လုပ်နေကြတာ များပါတယ်။ 
အမှားကို မှားပါတယ်လို့ ဝန်ခံတဲ့သူဟာ သူတော်ကောင်းတဲ့.. 
မှားမှန်းသိလို့ ဝန်ခံလာတဲ့သူကို လက်မခံတာ ခွင့်မလွှတ်တဲ့ သူကသာ 
လူမိုက်လို့ ဗုဒ္ဓက ဟောခဲ့တယ်လေ။

ဒါကြောင့် ဘယ်နေရာမျိုးမှာ မဆို အမှားဆိုတာ ဖြစ်တတ်ကြတာပါပဲ။
အဲဒီ အမှားကို သင်ခန်းစာတခုအဖြစ် ပြောင်းလဲ ယူလိုက်မယ်ဆိုရင် 
ကိုယ့်အတွက် တိုးတက်မှုတွေဟာ မယုံနိုင်လောက်အောင် ဖြစ်သွားမှာပါ။
ကိုယ့်အမှားတွေ ပြင်နိုင်သလို သူတပါးရဲ့အမှားများကိုလဲ ဝန်ခံပြောဆိုလာ
တဲ့အခါမှာ သီးခံခွင့်လွှတ်နိုင်တတ်ရမယ်လေ။
သူတပါးရဲ့ အပြစ်တွေ အားနည်းချက်တွေကိုပဲ အမြဲရှုမြင်လေ့ရှိတဲ့သူ
ပြောလေ့ရှိတဲ့သူဟာ အကုသိုလ် ဒုစ္စရိုက်တရားတွေကို ပွားများနေတာ
ဖြစ်လို့ လောကရဲ့လွတ်မြောက်ရာလမ်းကို အလှမ်းဝေးစေတယ်လို့လဲ
ဟောခဲ့တယ်။ 

ပြစ်မရှိ ပြစ်ရှာ။ လမင်းကို ခွေးဟောင်လို့၊
ရွှေလရောင် ပြောင်မပျက်တယ်၊ ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊ ဝက်များက ငြူစူစွာ၊ ညွန်လူးကာ 
တိုက်နဲ။ ပွတ်လေလေ၊ ဂူရွှေမှာ အရောင်ထွက်တယ်၊
 ရှေးကထက်ကဲ..” လို့
မန်လည်ဆရာတော်ဘုရားက ဘုရားဟော မဏိသူကရဇာတ်ကို ထပ်မံ၍
ကဗျာဖွဲ့ကာ ဆုံးမထားခဲ့သေးတယ်။
လရောင်ကို မြင်ကြည့်၍ ခွေးက ဘယ်လိုပင် ဟောင်နေသော်လည်း
လမင်းရဲ့ ထွန်းပနေတဲ့ အလင်းရောင်ဟာ မှေးမှိန်မသွားသလိုပဲ 
သူတပါးရဲ့အပြစ်ကို ရှာကြံပြီး အပြစ်ပြောတတ်သူ မှန်သမျှအတွက်
 အပြောခံရသူအနေနဲ့ သီးခံနေရင် ဘာမှ ဖြစ်မလာစေပဲ ပြောကြသူများ
သာ အကုသိုလ်အပြစ်များ တိုးပွားလာစေမှာ ဖြစ်ကြောင်းကို
 ဟောထားတဲ့ တရားပါ။ 
ဒါကြောင့် သူတပါးရဲ့အားနည်းချက်ကို အပြစ်ရှာပြီး ပြောနေမယ့်အစား
ကိုယ့်အပြစ်ကိုသာ ရှာကြံပြီး ပြုပြင် တတ်ဖို့သာ အရေးကြီးပါတယ်။ 
ဒါမှလဲ အမှန်တရားဆိုတာ မြင်လာမှာပါ။ ဒီလို  ကဲ့ရဲ့ရှုတ်ချတယ် အတင်း
အဖျင်း မကောင်းတာကိုပဲ ရွေးပြောတယ်ဆိုတာဟာလည်း များသော
အားဖြင့် ဣဿာမစ္ဆရိယဆိုတဲ့ မနာလို ဝန်တိုစိတ် များသူများကသာ
 ပြောတတ်ကြတာပါ။ ထိုသူများအတွက် ဆုံးမခဲ့တာပါပဲ။

ဘဝဟူသည် တနေရာတည်း ပတ်ဝန်းကျင်တခုတည်း၌ ကျင်လည်
ကျက်စားနေရုံဖြင့် တကယ့် ဘဝကို မသိမြင်နိုင်၊ ဝန်းကျင်အမျိုးမျိုးတွင်
ရုံးကန်လှုပ်ရှားနေကြရသော ဘဝအထွေထွေကို သိရမြင်ရမှသာ 
လူ့ဘဝ၏ မဆုံးနိုင်သော အရာများကို မှန်းသိမြင်လာပြီး ကိုယ်ချင်း
စာတတ်လာနိုင်မည်။ အရာရာကို နှိုင်းချိန်ထိုး၍ ကြည့်တတ်မြင်တတ်
သော အလေ့ကိုလည်း ရရှိလာနိုင်လာပေမည်။ ဘဝတွင် မိမိက 
တသမတ်တည်း နေချင်၍လည်း နေ၍မရချေ၊ လူက ဘဝကို 
မဖန်တီးနိုင်၊ ဘဝကသာ လူကို ဖန်တီးနေသည်။ 
လူ့ဘဝတွင် မထင်မှတ်သောအရာတို့သည် တထောင့်တနေရာတွင်
အမြဲရှိနေ တတ် ဖြစ်ပေါ်နေတတ်သည်…လို့ 
စာရေးဆရာ တဦးကဆိုခဲ့ဖူးလေသည်။
   
ကိုယ့်ရဲ့ဘဝမှာလည်း တခါတလေ ဘယ်လိုမှ ထင်မှတ်မထားတဲ့အရာ
တွေက ပေါ်လာတတ် စမြဲ ဖြစ်သည်မို့ ဒီနေ့ ကောင်းနေပေမယ့် နောက်နေ့
ဆိုးချင်ဆိုး သွားနိုင်တာမို့ ဘယ်သူ တဦး တယောက်ကိုမှ နှိမ်ချတဲ့အမြင်မျိုးနဲ့
မမြင်မိဖို့လိုပါတယ်။ လူသားတွေရဲ့ ဘဝတွေကို စာနာတတ်တဲ့ စိတ်ထားမျိုး
 မွေးမြူနိုင်ရင် သူတပါးကို အပြစ်ပြောချင်တဲ့ စိတ်ဓာတ်မျိုး မရှိနိုင်သလို 
ပတ်ဝန်းကျင်နဲ့လဲ အဆင်မပြေမှုဆိုတာ မရှိနိုင်တော့ပါဘူး။ 
ဒါဆိုရင် လူ့ဝန်းကျင်မှာလဲ ဝင်ဆန့် ဖို့ဆိုတာ မခဲယဉ်းတော့ပါဘူး။

ဘဝကို တော်လှန်မှုလုပ်ပြီး အောင်မြင်အောင် စွမ်းဆောင်တဲ့နေရာမှာ
 ရောက်လေရာအရပ်က ကြုံလာသမျှ ပတ်ဝန်းကျင်နဲ့ သင့်မြတ်မှုရှိအောင်
 နေထိုင်သွားနိုင်ဖို့က အင်မတန်မှ အရေးကြီး လှပါတယ်။ ပတ်ဝန်းကျင်နဲ့ 
မသင့်မြတ်တော့ဘူးဆိုရင် အဲဒီနေရာမှာ အောင်မြင်မှုရနိုင်ဖို့ဟာ အတော်
လေးခဲယဉ်းပါလိမ့်မယ်။ ဒီတော့ ဘဝတခုကို တော်လှန်ရေးလုပ်ပြီး
အောင်မြင်နိုင်တဲ့ အခြေနေတခုကို ရရှိနိုင်ဖို့အတွက် လိုက်နာရမယ့် 
ကျင့်သုံးရမယ့်နည်းလမ်းတွေကို လက်ကိုင်ထားပြီး သင်လိုချင်တဲ့ 
တည်ဆောက်ချင်တဲ့ ဘဝတခုကို ရရှိအောင် စွမ်းဆောင်နိုင်ပါစေလို့ 
ဆန္ဒတခု ပြုလိုက်ချင်တယ်လေ….။
                                  (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...