သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, April 24, 2013

PostHeaderIcon ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ…

အခန်း (၁)

ဇာတိ...
မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခုရေနံ
ချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်းတစ်ဝက်ခန့်တွင် အပူ
ပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၄င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတစ်မြို့ရှိလေသည်။

မီးရထားဘူတာ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများ
နှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာပတ်လည်တို့တွင်
မြေပဲနှမ်းခင်းတို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင်
ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း
ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေး
ရာခန့်ပေါ်၌ “ခပေါင်းကုန်း” (သို့မဟုတ်) န-ကျားကူးခေါ်သော အိမ်ခြေတရာခန့်ရှိ ရွာ
ကလေးရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တဖက်ကမ်း (အနောက်
ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင်များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှ
လွန်လျှင် တောင်ကုန်း ကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ
(၂၀၀)ခန့်ရှိ ရွာတရွာ ရှိလေသည်။

ရွာ၏ မြောက်ဘက်တွင်ကပ်လျက်(ရှေးလူကြီးများပြောသလို) လောကဓာတ် မြန်မာအ
ထက်တန်းသင် ဘုန်းကြီးကျောင်း တကျောင်း ရှိလေသည်။ ထိုမှ ယာတခင်းအလွန်တွင် (၅)ရက်တဈေးဖွင့်ရာ ဈေးပိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများ ရှိ
လေသည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်နှင့် အနောက်မြောက်စောင်း
စောင်း မလှမ်းမကမ်းတွင် အိမ်ခြေ(၁၅၀)ခန့် ရွာတစ်ရွာ ရှိပြန်လေသည်။
စာတိုက်နှင့် ရှေ့တည့်တည့် ပေတရာနှင့် မြေတလင်း ပြောင်ပြောင်ကို ကျော်လွန်၍
ကိုက်(၁၀၀)ခန့် အကွာတွင် ဘုန်းကြီးကျောင်း တကျောင်းနှင့် ကပ်၍ မြို့အုပ်ရှိ၏။ ထို
ဘုန်းကြီးကျောင်းနှင့် ဆက်၍ ထောင့်မှန်(Right Angle)ကျကာ (၁၅)ပေခန့်မြင့်သော
အုတ်တံတိုင်းကြီး လေးဘက် လေးတန်ခြံရံလျက် စေတီငယ်များအလယ်တွင် ရွှေရောင်
တပြောင်ပြောင် တောက်နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ(၁၀၀)ကျော်  ရွာတရွာရှိပြန်လေသည်။ထိုရွာများအနက် ရွာကြီးသဖွယ် အိမ်ပေါင်း
အများဆုံးနှင့် ဆိုင်ကန္နား အတော်အတန်ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ကုန်သည်များ
နေကြသော ရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင်
တည်လျက်ရှိသော ရွာပင်ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍လည်းကောင်း၊ တောင်
ရွာဟူ၍လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကား “ပီဠိယက္ခမင်း” တည်
ထောင်သွားသည်ဟု ဆိုလေသည်။

သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ
လောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားဖူးသည်။ ထိုရွာ၏ မြောက်
ဘက်စွန်း၌ တရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီး
ရှိလေသည်။ မူလက ဆင်တရပ်ခန့် ၀င်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်
လည်း ထိုအခါက အတောင်(၈)တောင်ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလည်း (၃)ပေ
ခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်းလက်ထက်က နတ်မောက်မြို့၊ မြို့
သူကြီး အိမ်ပင်ဖြစ်လေသည်။

ယခုကား အိမ်မရှိတော့ပြီ။ထိုအိမ် နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့
လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း
မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီး ဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်း
ငယ်မျှ မြို့မဆန် ဘဲ တောရွာစုကြီးတရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင်
ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ်နေ့ခင်းများတွင် ရက်ကန်းသံ တချွင်ချွင်နှင့် ကြားရ
တုန်းပင် ရှိလေသည်။

အချိန်ကား (၁၉၁၅)ခု၊ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲတွင် ဖြစ်
ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်
တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့်  အချိန်အခါ ဖြစ်လေသည်။ အနောက်စစ်မျက်
နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့ စစ်ခင်းရာမျက်နှာ၌ကား ပထမအကြိမ် တိုက်
ပွဲကြီးများမှာ မပြီးမဆုံးနိုင်သော သောင်မတင် ရေမကျ ရှေ့မတိုး နောက်မဆုတ် အခြေ အနေပင်ရှိလေသည်။ အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား
မဆူးရိရာနှင့် ၀ါဇနစ်ဇူစစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ
 (၁၃)ရက်၊ (၁၂၇၆) ခု၊ တပေါင်းလဆန်း (၁)ရက်၊ စနေနေ့ နံနက်လင်းအားကြီး အချိန်တွင်
ကျွန်တော်သည် လူ့ပြည်သို့ ပထမဦးဆုံး ရောက်ရှိလာခဲ့ရပေသည်။

ဖေဖော်ဝါရီ(၁၃)ရက်ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီးကီရို၏ ပြောကြားချက်
အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရ ထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေး
ဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ
သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်းစဉ်း
စားခြင်း မပြုခဲ့ကြချေ။

ကျွန်တော် မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာအမည်မှာ (ထိန်လင်း)ဖြစ်
လေသည်။ သို့သော်ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင်
အောင်ဆန်းဟု ခေါ်တွင်ခဲ့လေသည်။

မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍
ကျွန်တော်သည် ထူးခြားခဲ့သည်။ ခွကျခဲ့သူဖြစ်ခဲ့သည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်
တော်နှင့် စကားမပြောတတ်ရကား … လူကြီးမိဘများမှာ ဆွံ့အ၍ပင် နေသလားဟု စိုးရိမ်
ကြောင့်ကြခဲ့လေသည်ဟု သိရလေသည်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲ
သား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏မိခင် ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို
ချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်
တော့် မိခင်က ပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘ၀က ကျွန်တော်လာသလား
မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်
ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်
ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏။
ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။
ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက်ဆိုသည်ကို ကျွန်တော် ကြိုက်၏။ ကျွန်တော့်၏
စိတ်တွင် အင်မတန်စိုပြေ လတ်ဆတ်သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိ လူသည် လူ ရိုင်းမျိုးဘ၀ ရောက်ချင်ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင်နေနိုင်ပြီဆို
လျှင် မလွတ်လပ်သော လူ့ယဉ်ကျေး ဘ၀ထက် ကျွန်တော်အဆတရာ ကြိုက်သည်။ နှစ်
သက်သည်။ စိမ်းလန်းစိုပြေ ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်း ပေါက်ခတ်၍
လွတ်လွတ် လပ်လပ် မြူးတူး အော်ဟစ်နေလိုသည်။

ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့်
ဆိုင်းတီး အတော် ၀ါသနာပါသည်။ စားပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရေကွာကျခဲ့လေသည်။ သို့သော် ကျွန်
 တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီး အမှုတ်
ဝါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍လားမသိ။ ယခု ဤစိတ်မျိုးပျောက်ပြယ်သလောက်
ရှိခဲ့ပြီ။
ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော၊ စိတ်ရော ပျော့ပျောင်းသည်ဆိုသည့်
အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော်
ကား စကားအပြောအဆို မဖွယ်ရာ မယဉ်ကျေး။ အသက်(၈)နှစ်ထဲ ရောက်၍ ကျောင်းစနေ
သည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်း ကြမ်း
သည်။ အလိုက်လည်းမသိ။ ညစ်လည်းညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တခုမှမရှိ။ အသက်လေးငါးခြောက်နှစ် တိုင်အောင် အိပ်ရာတွင် သေးပါ၏။ မီးဖိုကို ညည ရှစ်ခိုး၍  “အရှင်
စဖိုည၊ ကျွန်တော်မနေ့” ဆိုခဲ့ ရသည်ကို အမှတ်ရသေးသည်။ အသက်(၁၅)နှစ်ထဲ ရောက်
သည့်အခါ၌ပင် အခြားအရပ် အိမ်တအိမ် တည သေးပါဖူးသည်။
 
ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းမှ ခြောက်
တန်းအောင်၍ ခုနှစ်တန်းအ၀င် ကျောင်း အပြန်ဖြစ်သည်။ ကျွန်တော်၏ အစ်ကို အကြီးဆုံး
မှာလည်း ၄င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာ ဂုဏ်ထူးတန်းကို အောင်ခဲ့၍ ရေနံချောင်း ကျွန်
တော်တို့ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ရောက်
လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမြို့သို့
နတ်မောက်မှ သွားသည့်နည်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊တောင်တွင်းကြီးမှ မိကျောင်း
ရဲသို့ ကားစီး၊ မိကျောင်းရဲမှ ရေနံချောင်းသို့ သင်္ဘောစီး၊ သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်
ကားစီး၊မကွေးမှသင်္ဘောစီးရလေသည်။ နှစ်ရက်ကြာလေသည်။
 နောက်၌ကား ကျောက်ပန်းတောင်းမှ တဆင့် မီးရထားတတန်၊ မော်တော်ကား တတန်သွား ၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တဆင့် သွား
ကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင်
တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတရံဆံ အိမ်တွင် မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင်ရှက်တတ်သည်။ ထို့ကြောင့် ထိုည
အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါလေသည်။
ကျွန်တော်လည်း ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော် မသိမ်မွေ့။

ညီအစ်ကို  မောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့်ကြည့်လျှင် ကျွန်တော် အလိုလိုက် ခံရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနား
ချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြုခံရ၏။

ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်(၃)နှစ်ခွဲ၊ (၄)နှစ်မျှ
ကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်
က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်ခဲ့၏။ သူက နု၏။ မင်းသားကျချင်၏။ ကျွန်
တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆို
လည်း အစားတိုင်း မစား။ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူ
သည် မစားတော့။ ကျွန်တော်က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏။ သူက အ၀တ်များကို
သပ်သပ်ရပ်ရပ် ၀တ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံး
လုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာ လှဲဖူး၏။ သူက ပါး၏။ လျင်၏။ ကျွန်တော်က ထူ၏။
အေး၏။

ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ပင်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်
ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖားခေါ် ဆံပင်ညှပ်ကုလား တယောက် တလေသာရှိ၏။ သို့ဖြစ်ရာ ၄င်းကလီဖားမှာ လက်မလည်။ ကျွန်တော်တို့အား ကတုံးရိတ်ရန်၊
တခါတခါ ရိတ်တတ်သည့် အိမ်နီးချင်းတို့ကို ခိုင်းရလေသည်။ တခါတခါ ကျွန်တော်တို့ ဖခင်
ကိုယ်တိုင် ရိတ်ပေးလေသည်။

ကျွန်တော်၏ဖခင် ယခုကွယ်လွန်သည်မှာ (၁၅)နှစ်ကျော်လေပြီ။ ကျွန်တော်၏ ဖခင်သည်
ကျွန်တော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တနေ့နေ၍ စကားတခွန်းမပြော။ မျက်နှာ
ထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ။ ဟန်မရှိ။ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။  ငြင်းမိ
လျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးက အထူးဖြောင့်စင်း၏။ စကားတည်၏။ အပို
မပြော။ ထို့ကြောင့်ရှေ့နေ စာမေးပွဲဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်
တော်မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွား ဖြစ်သည်။  စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့မိခင်၏ ဒိုးတူပေါင်းဖက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။

ကျွန်တော်တို့အား အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။
ကျွန်တော်တို့ ဖေဖေက ဓား မထက်တထက်ကို ကောင်းကောင်းမသွေးပဲ အတင်းတွန်းချ
၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၄င်းခေါင်းရိတ်မည့်အခါကို ရွံ့၏။
တွန့်၏။ သို့သော်ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အစ်ကိုက အမြဲငို၏။ ငိုတိုင်း ခေါင်း
ပုတ်ခံရ၏။ ကျွန်တော်က မငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။ ကျွန်တော်၏
အစ်ကိုကား စိတ်မြန်၏။

ကျွန်တော်တို့ ညီအစ်ကို လေးယောက်ရှိသည့်အနက် ဒုတိယအစ်ကိုကြီးသာလျှင် စိတ်ရှည်
၍ သိမ်မွေ့၏။ တသက်လုံး မည်သူနှင့်မျှ ရန်မဖြစ်ဖူး။ ကျွန်တော်ကား စိတ်ရွတ်၏။ကျွန်တော့်
အစ်ကိုကားသူများ အပြောမခံ၊ သူကသာ ဦးအောင် ပြောခဲ့၏။ ကျွန်တော်ကားသူများ အပြော
သာခံရ၏။ မြှောက်လို့ မြှောက်မှန်း မသိ။ ခြောက်လို့ ခြောက်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။
တခါသော် (၁၀)မိုင်ခန့် အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏ မိဘများနှင့် လိုက်သွား၍ သူကြီး
အိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက်ကလေး တယောက် က ကျွန်တော့်အား
မြှောက်၍“ဗိုလ်ကြီး”“ဗိုလ်ကြီး”ဟုခေါ်ရာ ကျွန်တော့်မှာ များစွာသဘောကျကာ ထန်းလျက်ဖြူ ဆုပ်တွေ ခေါ်တိုင်း ပေးခဲ့သည်။
 
ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။ ခဏချက်ချင်းပင်
ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့ နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်း ပိတ်၏။ သို့သော် ယောက်က်ျားလေးများမှာ ဥပုသ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့ သွားရ၍
 ရေခပ်၊ မြက်နှုတ် လုပ်ရသည်။ အလုပ်မရှိလျှင်လည်း ကျောင်းမှာပင်နေရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ “အလုပ်မရှိလျှင် အိပ်နေကြ၊
မကစားကြနဲ့” ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံး ကျောင်းသားများအား “မအိပ်ချင်ဘူးလား” မေးသည့်အခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီး အလိုကျ လျှောက်ကြ၏။ ကျွန်တော့်အား  ဘုန်းကြီးက “အောင်ဆန်းရော မအိပ်ချင်ဘူး
လား” ဟု အထူးတလည်မေးရာ ကျွန်တော်က “မအိပ်ချင်ပါဘုရား” ဟု ပြန်လျှောက်ရာ
ဘုန်းကြီးမှာ ပြုံး၍ နေလေတော့သည်။

ကျွန်တော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း
နေတတ်သည်။ ကလေးနှင့်မလိုက်။ အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စား များစွာ
မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းမျိုးကို မှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်။ ခြင်းလုံး
ခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသောအလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင်
ကျွန်တော်၏ ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင်ချောက်
စောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည်။ စိမ်းလန်းစိုပြေ ညီညာသော မြက်ခင်း
သဖွယ် ရှုချင်စဖွယ် မဟုတ်ပေ။ အသက်(၁၀)နှစ်ခန့် အထိ အနာရောဂါနှင့် ကင်းသည်ဟူ၍ မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ၀ဲနာ အကြီးအကျယ် သုံးလကျော်စွဲ၏။ ထိုအခါ
ကျွန်တော်သည် ဘယ်တော့များမှ ငါကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတမိ၏။

ကျွန်တော်သည် ထိုကလေးဘ၀ကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ (မြန်မာပြည်ကို အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို  စဉ်းစား စိတ်ကူးခဲ့လေ
သည်။ တခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တခါတရံလည်း ပြဒါးရှင်လုံး စသည်တို့
ကို ရှာဖွေလိုသော စိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော အစွမ်းများဖြင့် မြန်မာပြည်ကို ကယ်တင်လို၏။) ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူဟု
မဆိုနိုင်။ ငယ်ငယ်က သရဲသစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အစ်ကို
ကား ရန်ခဏခဏဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။

သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤကဲ့သို့ မဖြစ်ဖူး။
ရန်တခါသာ အကြီးအကျယ်ဖြစ်ဖူး၏။ ထိုအခါ လူချင်းထိုးသတ် ပုတ်ခတ်စဉ်၌ကား ကျွန်တော်
က နိုင်၏။ လူချင်း ဖျန်ဖြေသည့်အခါ  မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံ
ရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဖက်ကို လိုက်လေရာ ခေါင်းမူး၍ မမီ။ ထို လိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်း ကြည့်၍ သွေးတွေမြင်သ
ဖြင့် ခေါင်းပေါက်မှန်းသိသောအခါ ကျွန်တော်ငိုလေတော့သည်။ သတ္တိခေသွားလေတော့
သည်။  ရွယ်တူကလေးချင်းများပေါ်တွင် တခါတလေ အနိုင်ကျင့်ချင်သည့်စိတ်ကားရှိသည်။

တခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် ကြက်တောင်ရိုက် ကစားခြင်းမှ ကျောင်းသားနှစ်
ယောက် ရန်ဖြစ်ရာ ကျောင်းသားတယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော
 ကျောင်းသားမိဘများက ဘုန်းကြီးအားလျှောက်ရာ ဘုန်းကြီးက ဤကစားနည်းမျိုးကို အား လုံးကျောင်းသားများ ကျောင်းဝင်းအတွင်းမှာသော်လည်းကောင်း၊ အပြင်မှာသော် လည်း
ကောင်း မကစားရဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကို ၀မ်းကွဲ
များက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားလေတော့သည်။ ကျွန်တော်
တို့ ကစားနေသည်ကို အခြားကျောင်းသားတဦး နှစ်ဦးက မြင်၍ ဘုန်းကြီးထံ သွားရောက် တိုင် တန်းသောအခါ  ဘုန်းကြီးက ကျွန်တော့်မိခင်နှင့် ဦးလေးများကိုပါ ခေါ်၍ ၄င်းတို့ရှေ့တွင် ကျွန်
တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ကျွန်တော်မှာ ပထမ ကြိတ်ခံသော်လည်း
 နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ဘဲ ငိုလေတော့သည်။

ကျွန်တော်သည် ထိုသို့သွားရောက်တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။
ဤကဲ့သို့ အလုပ်ပို မေတ္တာကို မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူး စက်ဆုပ်လှသည်။ ယခုခေတ်သစ်ကျောင်း
များတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်စေသင့်လေသည်။ ဤ အကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။

ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာ အတော်အသင့်ရှိ၍ ကြွေးရှင်မြီရှင်ဖြစ်ရာ ဆင်းရဲသား
အများအပြားနှင့် ဆက်ဆံရပေသည်။ ကျွန်တော်တို့၏ မိခင်မှာ  ဓနရှင်ကလေး အတန်းအစား
ထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။

သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်း
သောအခါ  ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးချေး
စနစ်၏ ဆိုးရွားပုံကို မျက်ဝါးထင်ထင် တွေ့ခဲရပေသည်။ များသော ဆင်းရဲသားတို့မှာ ကြွေး
တခါယူမိလျှင် ကျေနိုင်စရာမရှိပေ။

ဤစနစ်ကို ယခုခေတ်သစ်တွင် အလျင်အမြန် ပြင်ဆင်သင့်သည်။ ၄င်းအပြင် ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန်သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏
အညွန့် အကြွေးများသာရှိတော့မည်မှာ ကျွန်တော်ယုံမှား သံသယမရှိပေ။

ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော် ၏ ရှေးအဆက်အနွယ်တို့မှာ  ပုဂံပြည် တရုတ်ပြေးမင်းလက်ထက် ဂျင်ဂျစ်ခန်းအမှူးရှိသော
တရုတ်တို့ ၀င်ရောက်နှောက်ယှက်သောအခါ နိုင်ငံခြားသားတို့၏ အောက် မနေလို၍
လွတ်ရာကျွတ်ရာ ယခုကျွန်တော်မွေးဖွားရာဒေသသို့  စုန်ခဲ့လေသည်ဟု ဦးလေး တယောက်
က ပြောပြဖူးလေသည်။ အလောင်းဘုရား တတိယနိုင်ငံ ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်၍နေရာ ရွှေဘိုမှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်း
မင်းကြီးဦးမြ (နာမည်ကောင်းကောင်း မမှတ်မိ) ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်း
ဆောင်၍ ဗမာ့ထီးနန်း ထူထောင်ရန် ကြံလေသည်။

နောက်မှ အလောင်းဘုရား အကြောင်းကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်း
ဘုရား၏ ဘုန်းလက်ရုံး အကြောင်းကြားသိရသည့်အခါ အလောင်းဘုရားထံ ၀င်ရောက်၍
သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည်ဟုလည်း မှတ်သားရဖူးသည်။ မင်းတုန်းဘုရင်လက်
ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပေါက်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုး
အနွယ်ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တဦး (လူအမည်မှာ ဦး
 ကျော်ဇံ ဖြစ်လေသည်။ ဘွဲ့ကိုကား မသိ) မှာလည်း ကျွန်တော်တို့ အမျိုးအနွယ်ဝင်ဖြစ်လေ
သည်။ စုံနံ့သာမြိုင်ရေးသော ဆရာကြော့မှာ ဦးအောင်ဇံ၏ မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိ
မှာလည်း ကျွန်တော်တို့ အမျိုးဟုပင်သိရသည်။ ကျွန်တော်တို့ ဘေးမှာ နတ်မောက်မြို့သူကြီး
ဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည်ဟူ၍ ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့်မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သ
ဖြင့် မန္တလေးရွှေမြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စ ရောက်လေသည်ဟု တခါက ပုရ ပိုက်မှတ်တမ်းတွင်  ဖတ်ရဖူးသည်။

(စကားအလျဉ်းသင့်၍ ရေးရဦးမည်။ ရှေးကလည်း Diary  ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိ
လေသည်။ ဘယ်သွားသည် စသည်ကို မှတ်ထားချက်များ တွေ့ရလေသည်။) ကျွန်တော်တို့
ဘေးတွင် အစ်ကိုကြီးတယောက်နှင့် ညီနှစ်ယောက် ရှိသည်ဟုသိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ်ဖြစ်သည်ဟု သိရသည်။ ညီအငယ်တယောက်မှာ တရုတ်မြို့ဝန် ဦးဘွား ဟူ၏။ မြင်ကွန်းမြင်းခုံတိုင်တို့ ငယ်ဆရာဖြစ်သည်။ ၄င်းမင်းသားများအထတွင် မြင်ကွန်းမင်း
သားတို့အတွက် ဓားပြတိုက် ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ
၍ ဦးဘွား ရာထူးကျလေသည်။ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှုမထင်ရှား၍လည်းကောင်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက် ဖြစ်၍ လည်းကောင်း အသက်ချမ်းသာရာ
ရလေသည်။

နာမည်ကျော် ဦးမင်းရောင်(ဗိုလ်လရောင်)မှာ ကျွန်တော်တို့ ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၄င်း၏တပည့်တယောက်(နာမည်ကား မမှတ်မိ)သည် ဇာတ်ပွဲများတွင် လူပြက်ပြက်သည့်အခါ အများရယ်တုန်း မရယ်။ အများရယ်ပြီးမှ တယောက်တည်း ကျယ်လောင်စွာ အကြာကြီး ရယ် တတ်သည်ဟုသိရသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်တွေ့၍ အားရကာ
ဆုချလေတော့သည်။ တခါလည်း ၄င်း၏တပည့်နှင့် ၄င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏
တပည့်တို့သည် ၄င်းတို့၏ ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းရောင်၏
တပည့်ရှုံးသည်။ ညီဖြစ်သူဦးမင်းမောင်က မိမိ၏တပည့်နိုင်သဖြင့် ပ၀ါတစ်ပိုင်း ဆုချလေ
သည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည်
ဆုချလေသည်။ တခါလည်း ကြက်သားစားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်း
လေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ။ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီချင်းဆိုတော်သည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော်တဦးဟု
သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအား မကျွေး။ ပစ်သောဟူ၏။ ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။

အခန်း(၂)
ကျောင်းသားဘ၀…
ကျွန်တော်၏ မိခင်၊ ဖခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသောအမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲတွင် မြန်မာတပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီ
အစ်ကို အားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးက စာသင်အထူး
ပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်
၏အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်းဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာ
ကို အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို (၅)နှစ်သားအရွယ်မှစ၍ ကျောင်းထား
ခဲ့လေသည်။

ကျွန်တော်တယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက်(၈)နှစ်
ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်းကား အသက်(၁၁)နှစ်ခန့်တွင် ရှင်ပြုလေ
သည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ(၆)တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အသက်(၈)
နှစ်ထဲရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်
သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား
ပူဆာသေးသည်။

ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှဖြစ်မည်ဟု ပြောပြသဖြင့် ကျောင်းနေ
ပါတော့မည်ဟု ကတိပေးကာ  ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။  တန်းကျော်တက်ခဲ့ရပြန် သဖြင့် လေးနှစ်နှင့် ဆယ်တန်း အောင်မြင်သည်။ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲတွင်
 မြန်မာတပြည်လုံးတွင် န၀မစွဲခဲ့၍ အထက်တန်း စကောလားရှစ်ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်း
နှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဆုကိုရရှိခဲ့ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ်တွင် (၆)နှစ်ခွဲမျှ နေခဲ့သည်။

နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျင့်သဖြင် (ဘီ-အေ)အတန်းအထိ
 အောင်ရုံသာအောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက်
 ခေါင်းဆောင်တဦးလည်းဖြစ်၍ အလုပ်ရှုပ်သဖြင့်(ဘီ-အေ) စာမေးပွဲကို တနှစ်မဖြေဘဲနေခဲ့
ရသည်။ နောက် (ဘီ-အယ်လ်)အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်။ စာ
အုပ်လည်းမရှိ၊ မှတ်စုလည်း မထား၊ စာလည်းမကြည့်။ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ
လိုက်စားသဖြင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျဆုံးလေသည်။ ဤကား ကျွန်တော့်
တသက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမနှစ်မေးခွန်းတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ(ဘီ-အယ် လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော်မနေရတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ်
မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် မြန်မာပြည်တွင် အဓိကရုဏ်းအခြေအနေများကို
 ထောက်ဆ၍  တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်
တွင်ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။

မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တ
ချက်ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူး
အလုပ်မျိုးကို ပိတ်ပင်ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောက်ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုတွေကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကို မြင်ရလျှင် အဆိုအမည်ခံရသည်။ ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။

ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်
ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်း
နေပေသည်။ ရေနံချောင်း အမျိုးသားကျောင်းနေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသား
ကျောင်းဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာ
ပလာများ မထားနိုင်၍ပင်ဖြစ်သည်။

မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျော်
အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည်မဟုတ်ချေ။
 
ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ပညာသည် “အတိုင်း
အဆ”မထင်။ အလွန် ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းထဲ မှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။

ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ်အားဖြင့် သူ၏တသက်ပန်တွင် ကုန်ဆုံး
သည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်း အလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်ပညာကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေ စိတ်ထားစိတ်ဓာတ်တို့ကိုလည်းကောင်း၊ (Emotion Of The Education) ပြုပြင် ပြုစုစီမံထားခဲ့
သူသာလျှင်ဖြစ်သည်။ ဘီ-အေပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊ ပထမ
ကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ် အရာ မ
ရောက်၊အသုံးမ၀င်နိုင်ပေ။ပညာသည်စာအုပ်ထဲ၌သာရှိသည်မဟုတ်။ စာအုပ်များထက်
 ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူ
အဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။
ရာဇ၀င် သိရုံသာမဟုတ်။ ရာဇ၀င်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာ မဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမ ပညာကို သိရုံသာမဟုတ်။
မြေသစ်၊ ရေသစ် တောတောင်တို့ကို  ရှာဖွေစုံစမ်းနိုင်စွမ်းစေရမည်။ လောကအကြောင်း
ကို နားလည်စေရုံသာမဟုတ်။ သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။
ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးလည်းကျ
ရမည့်ပညာတွင် သညာလည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုး
တက်၍ “သညာ”မရှိပါမူလည်း  ဤမျှပိုမိုဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်
အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဥာဏ်ကိုသာရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့်မသုံးနိုင်ပေ။ တိုင်းပြည်အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊
 ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ
မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် ဘ၀ ပထမ
က သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲ
ရမည်သာတည်း။

ယနေ့အယူအဆနှင့် မနက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး
၏ တဘ၀တွင် အကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ် မှားလေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ် ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပင်တည်း။ ၀ါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏
ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်းမဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း။

အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိလူအပေါင်း
တို့အား သမာဓိလက်ကိုင်ကြသူ ရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်း
အဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ်စုံတို့ကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်း
မနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့ မှု၊ ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလေ
သည်။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။သို့ဖြစ်ရာ သာ
မန် ကိုယ်ကျင့်အမူအရာ အပြောအဆို ဗန်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမှတ်ပြုကြလေသည်။

အမှန်စင်စစ်ကား ထိုဗန်းပြတည်ငြိမ်မှုတွင် မည်မျှ အတွင်းဖောက်လွဲဖောက်ပြန်မှုများ တိုးပွားများပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး
၍ မျက်နှာထား အလွန်တည်သူတယောက်ဟု အသိအမှတ်ပြုခဲ့ရလေသည်။ ကျွန်တော်
၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန်သဘောကို မပြပေ။
သို့သော် တကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေ
သနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း
 တွေ့မြင်ရလိမ့်မည်။

အသိဆုံးဖြစ်ပေသည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝမပိုင်
ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော်သမာဓိတရားကို ပိုင်ပြီ
လား။ လုံးဝမပိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို
စကားလုပ်၍ မဆိုကြပါနှင့်ဦး။လူတယောက်၏ ဥာဏ်အမြင် လှုပ်ရှား ပြောင်းလဲမှု၊၀ါဒပြောင်း
လဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်
များက အရှင်အာဒိစ္စဝံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခုနီမများ ရှိသင့်
သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလား
ဖြင့် အမှားမရှိသူ မရှိ၊ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခု လုပ်မိလျှင် အမှားနှစ်ခါ
လုပ်မိသောအခါ မှန်လာပေလိမ့်မည်။

သို့သော်လည်း မှားပင်မှားစေကာမူ မိမိဥာဏ်အမြင်အလျောက် ပြောင်းလဲမှုများ ရှိအပ်သည် သာတည်း။ လှေနံဓားထစ် ဆိုသောအလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပာယ် ဆန့် ကျင်ဘက်ပေတည်း။

ဗုဒ္ဓဂေါတမသည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို
ကျော်ကာ ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုဥာဏ်တော်ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌
သိဒ္ဓတ္ထမင်းသားသည် မိမိဥာဏ်အမြင်အရ အနုမာနမျက်ရမ်းဆ၍ ပြောင်းလဲမှုရှိလာ
လေသည်။

အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး၊ မောင်းမမိဿံ ခြွေရံပရိသတ်
တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင်၊ ကမ်းမမြင် ရသေ့ရဟန်းအသွင် လျော်တေသင်္ကန်းကို ၀တ်ဆင်၍ “ဘိက္ခနသီလော ယာစနသီ
လောတိဘိက္ခု” ဟူသည်နှင့်အညီ သူတောင်းစားဘ၀မျိုးသို့ ပြောင်းလဲမှုသည် သာမန်
ပကတိမျက်စိအားဖြင့် ကြည့်လျှင် ရူးသည်၊ မိုက်သည်ဟု ဆိုရပေမည်။

မိမိ၏ မင်းစိတ်၊ မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ်၊ လောက၀ါဒအား
ဤသို့ပြောင်းလွဲခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း

...(ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်မှ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...