သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 28, 2013

PostHeaderIcon မိုးကုတ်ဆရာတော်ကြီး သြဝါဒများ

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏
ခန္ဓာဥာဏ်ရောက်
တရားဟောစဉ်များမှ ဓမ္မသံဝေဂ သြ၀ါဒကထာများနှင့် တရားအရသာများ


၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင် ၊
ခင်မင် သမုဒယမှတ်၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်၊
ချုပ်ဆုံးမှုတွင်၊ ဥာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်။

၂။ ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို၊
 ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။

၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျှော့၊ အားအင်ပျော့ခါ၊ လွန်စွာ ယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။

၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။


၅။ ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။


=============================

၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။

၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။

၃။ နားက တရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။

၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။

၅။ နားကြီးကြီးနဲ့ တရားနာပါ။

၆။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်က မဦးဘဲနဲ့
အသေက ဦးသွားရင် ကိုယ့်အတွက် နာမယ်။

၇။ ၀ိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့။

၈။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့ တရား။

၉။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။

၁၀။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။

၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။

၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက
       နောက်ထား။

၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။

၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။

၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။

၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ
        အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ် အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့
       သေဘို့ တရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏ ၀တ္တရားက အသေ ရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေက ဦး၍ ဥာဏ်က နောက်ကျသွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားလျှင်   ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ
      လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ယခု သားနှင့် သမီးနှင့် ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေ
   သလောက် သေခါနီး အိပ်ရာညောင်စောင်းထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင်
       သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊
       ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဥာဏ်၏ အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု  ပျက်မှုပဲ ရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ  လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။

        (မိုးကုတ်ဆရာတော်ဘုရားကြီး )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...