သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 4, 2013

PostHeaderIcon ဘဝ

(၁) ဘဝဆိုတာ သင်္ချိုင်းဘက် မောင်းနှင်သွားတဲ့ ရထားတွဲ တစ်တွဲပါတဲ့။ မောင်းနှင်ရာ 
လမ်းတစ်လျှောက်မှာ ဘူတာရုံတွေ အများကြီးရှိတယ်။ ခရီးစကနေ ခရီးဆုံးအထိ 
ဘယ်သူကမှ သင်နဲ့အတူ အဖော်မပြုနိုင်ပါဘူး။ တွဲပေါ်တက်သူတက်၊ တွဲအောက်ဆင်း
သူ ဆင်းကြတာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ ကံကောင်းရင် သင့်ကို ခရီးတစ်
ထောက် အဖော်ပြုသူရှိပါလိမ့်မယ်။ ရထားတွဲကနေ သူဆင်းသွားတဲ့အခါ မခွဲရက်လည်း
ကျေးဇူးတရားကို ရင်မှာထားပြီး လက်ပြနှုတ်ဆက်လိုက်ပါ။ နောက်တစ်ဘူတာမှာ ပိုဝေး
တဲ့ခရီးအတွက် သင့်ကို အဖော်ပြုနိုင်သူနဲ့ သင် ဆုံကောင်းဆုံနိုင်လို့ပါပဲ။

(၂) လိုချင်ပြင်းပြတဲ့ စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်ပိုင်ဆိုင်လိမ့်မှာမဟုတ်ဘူး။
သိနားလည်ဖို့ ကြိုးစားချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်သိလိမ့်မှာမဟုတ်ဘူး။
အောင်နိုင်ဖို့ အားထုတ်ချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်အောင်နိုင်လိမ့်မှာ
မဟုတ်ဘူး။

(၃) ကမ္ဘာကြီး ၁၈ဝဒီဂရီလှည့်တဲ့အခါ နေ့က ညဖြစ်သွားတယ်။ ကမ္ဘာကြီးနောက်ထပ် ၁၈ဝ ဒီဂရီထပ်လှည့်တဲ့အခါ ညက နေ့ဖြစ်သွားတယ်။

လူတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့ ၁၈ဝဒီဂရီ လှည့်တဲ့အခါ ဝမ်းနည်းကြေကွဲခြင်းက ကျွန်တော်တို့နောက်နား ရောက်သွားတယ်။ နောက်ထပ် ၁၈ဝဒီဂရီ ကျွန်တော်တို့လှည့်လိုက်
တဲ့အခါ အရာရာကို အသစ်က ပြန်စနိုင်တဲ့ စမှတ်ဆီရောက်သွားတော့တယ်။

(၄) ပွင့်လန်းတဲ့ ပန်းတွေက ပျားပိတုန်းတွေကို ဆွဲဆောင်နိုင်တယ်။
ပုပ်သိုးတဲ့ အသီးအရွက်တွေက ခြင်ယင်တွေကိုပဲ ဆွဲခေါ်နိုင်တယ်။
ဆိုရိုးစကားတစ်ခုမှာ အတင်းအဖျင်းပြောသူရဲ့လျှာက လူသုံးယောက်ကို သတ်နိုင်သတဲ့။ (၁) ပြောသူကိုယ်တိုင်ကို သတ်တယ်။ (၂) နားထောင်သူကို သတ်တယ်။ (၃) အပြောခံရ
     သူကို သတ်တယ်။

(၅) လူ့ဘဝက လုံးဝ မျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ဆက်စပ်တဲ့ မျှတမှုတော့ရှိတယ်။ 
ချိန်ခွင်တစ်ခုပေါ်မှာ သင့်ဖက်က ရတာတွေ ပိုများလေ တခြားလူထက် သင်ခံနိုင်ရည် ပိုရှိ
ရလေဖြစ်တယ်။

(၆) အခက်အခဲ၊ ပြဿနာတွေဆိုတာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ အရာတွေပါ။ အဲဒီအခက် အခဲ၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းမျိုးစုံရှိပါတယ်။ အသိဉာဏ်ကို တိုးမြှင့်ဖို့ 
ဘယ်တော့မှ မမေ့ပါနဲ့။ စိတ်သဘောထားကြီးမြတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ လူ့ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေက နည်းများမဆို လူသွားရာနောက် အမြဲလိုက်နေမှာပါပဲ။ အသိ
ဉာဏ်ရှိတဲ့လူကမှ အဲဒီအခက်အခဲ၊ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ ခေါင်း
အေးအေး ထား ဖြေရှင်းနိုင်မှာဖြစ်တယ်။

(၇) ဘာဆင်ခြေနဲ့မှ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားရဲ့ရှေ့မှာ ဘယ်သူကမှ 
အဲဒီဆင်ခြေကို နားထောင်ချင်လိမ့်မှာမဟုတ်ဘူး။

(၈) နာကျင်ကြေကွဲတာကို တွေ့ကြုံခံစားရမှ အရာတချို့ကို သင်သိနားလည်နိုင်တယ်။ စိတ်
ထိခိုက်ခံရမှ ကြံ့ကြံ့ခံဖို့နဲ့ နှုတ်ဆိတ်ဖို့ကို သင် သင်ယူနိုင်တယ်။ နာကျင်ကြေကွဲတာနဲ့ ထိခိုက်
တာကို ကော်ဖီမှုန့်လို့ ဆိုပါစို့။ တွေးတောခြင်းကို ဆူဗွက်တဲ့ရေလို့ ပမာပြုပြီး ခါးသက်
မွှေးကြိုင်တဲ့ ကော်ဖီ တစ်ခွက်ကို ဖျော်ပြီး သောက်ချလိုက်ပါ။ သင်ကြည်လင် နိုးထဖို့ ကော်ဖီ
က ကူညီ ပါလိမ့်မယ်။

(၉) လောကမှာ ဘယ်စာအုပ်၊ ဘယ်ဖွင့်ဆိုချက်ကမှ သင့်အတွက် ကံကောင်းခြင်းတွေပေးနိုင်
မှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်ကိုယ်သင် သိစေတဲ့၊ သင့်ကိုယ်သင် အသိအမှတ်ပြုစေတဲ့ ဗဟု
သုတ၊ အသိအမြင်ကို ပေးနိုင်ပါလိမ့်မယ်။

(၁ဝ) တစ်လောကလုံးက သင့်ကို စွန့်လွှတ်သွားပြီ၊ ကျောခိုင်းသွားပြီလို့ သင်ခံစားရတဲ့အခါ.
သူ(လောကကြီး)ဟာ သင့်ကို ပွေ့ဖက်ဖို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်နေတယ်ဆိုတာကို 
ယုံကြည်လိုက်ပါ။
နိုင်းနိုင်းစနေ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...