သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 25, 2013

PostHeaderIcon ပရန္နဝါ


အသုံးပြုပုံ-
အရွက်

၁။ ပရန္န၀ါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ 

လူကို နုပျို အားတိုးစေနိုင်၏ ။
 

၂။ အရွက်ကို ငါးကြင်းသားနှင့် ချက်စားပါက ကိုယ်တခြမ်း သေရောဂါ ပျောက်၏ ။
 

၃။ မီးဖွား ပြီးစ အမျိုးသမီးများ နို့မထွက်လျှင် ပရန္န၀ါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့်
 နို့လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက်နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်းစေ၏။
 
၎။ ပရန္န၀ါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ 
အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ 
လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။
 

၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်းခြင်းများ အတွက် အရွက်ကို ထုထောင်း၍ ကြပ်စည်းပေးရ၏ ။
 

အမြစ်
၁။ အမြစ်မှုန့်ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုးခြင်းနှင့်  ကြက်ညှာ ချောင်းဆိုးခြင်း

များ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာရောဂါ ပျောက်၏ ။
 

အပင်
၁။ ပရန္န၀ါကို ကြိတ်မှန်ရွက် နှင့် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။
 

၂။ ဒန့်ကျွဲ စေ့နှင့် ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။
 

၃။ တောင်သာ ဆရာမ မုန်း၏ ဆေးညွှန်းအရ ` ပရန္န၀ါ ပါးပါး လွှာ၊ သကာ ပျားရည်နှင့် စပ် ၊ 
ဒန့်သလွန် ပွင့် အုန်းဆံရင့် ချင့်၍ လျော်အောင် စပ်၊ မင်းတုန်းမင်းခေါင် သူသုံး ဆောင်၊ 
ဘုန်းရောင်နေ သို့တက် ၊ ဒန္တာသံ မှိုနှက် ၊ အသံ ကရ၀ိတ်ငှက် ၊ ကေသာ ပိတုန်းရောင် နက်´ 
ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...