သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 18, 2013

PostHeaderIcon ဘုံဘဝမှာ ကြုံရတဲ့ အပိုင်းအစနဲ့ ပရဟိတ


မှန်ကန်တဲ့ ပရဟိတစိတ် မွေးနိုင်ရင် ကိုယ်ချင်းစာစိတ်ပါ ရှိလာမယ်။
လောကကြီးဟာ သတ္တဝါတို့ရဲ့ဆရာပဲလို့ ဗုဒ္ဓဘုရားက ဟောခဲ့တယ်။ ဒါဆို
ရင် လောကကြီးထဲကနေ သင်ယူစရာ၊ လေ့လာစရာတွေက အများကြီးပဲ
ပေါ့။ ဟုတ်တာပဲ။ အသက်သာ ကုန်ဆုံးသွားမယ်။ လေ့လာစရာ သင်ယူစရာ
တွေက ကုန်မှ မကုန်နိုင်ပဲကိုး။ အခြား သံဝေဂ ယူစရာတွေကလည်း တပုံတပင်
ကြီးလေ။ အချို့သူတွေများ ဒီဘဝကနေ မသေကြတော့ဘူးလို့များ ထင်နေကြ
လား မသိဘူး။ ဘဝအတွက် ဘာမှ ပြင်ဆင်ထားတာ မရှိကြသလို လမ်းတမျိုးထဲ
ကိုပဲ မရောက်မချင်း လျှောက်မယ်ဆိုပြီး လမ်းက မှားနေလည်း ဇွတ်တိုးပြီး ဆက်လျှောက်နေကြတာကို တွေ့နေရတယ်။
တချို့ဆိုရင် ကိုယ်သွားနေတဲ့ လမ်းက မှန်သလား မှားသလားဆိုတာကို ခွဲ
ခြား သိနိုင်တဲ့ အသိဉာဏ်နဲ့ တတ်သိပညာက သေးနုံ့နေတော့ ပိုဆိုးသွားတာ
ပေါ့။ အဲဒီလို သနားစရာတွေကလည်း အများသားရယ်။ သူတို့က သူတို့ သိတာ
လုပ်တာမှန်သမျှ အကုန်လုံး အမှန်တွေချည်းပဲလို့ စိတ်ထဲမှာ စွဲနေကြတာကိုး။
အတ္တဒိဋ္ဌိ သက္ကာယဒဋ္ဌိများ တယ်လဲ ကြောက်စရာကောင်းတာပဲ။ ဘယ်လိုပဲ
သဘာဝကျကျ ရှင်းလင်း ပြောပြပေမယ့် လက်မခံနိုင်တဲ့ လူမျိုးတွေလေ။
ကိုယ်တွေး ထင်ထာားတာ၊ သိထား လုပ်ထားသမျှတွေဟာ အမှန်ချည်း မဖြစ်
နိုင်ဘူးဆိုတဲ့ သဘာဝနိယာမတရားကို မျက်ကွယ်ပြုထားကြတယ်လေ။ သူတို့
ထင်တွေးထားတာကို သူတို့ကိုယ်တိုင် လုပ်နေရုံဆိုရင် ပြဿနာမဟုတ်ပေမယ့်
အခြား သူများကိုပါ အတင်း လုပ်စေတာကြတော့ အဓမ္မဆန်သွားပြီလေ။ အခြား
သူက သူတို့ လုပ်သလို လိုက်မလုပ်ဘူးဆိုရင် အပြစ်ပြောတာ ကဲ့ရဲ့တာ ရှုတ်ချတာ
တွေ လုပ်ရော။ အဲဒီမှာပဲ သူတို့ဟာ ဒုစရိုက်စာရင်းထဲ ဝင်သွားတာကို သူတို့ မသိ
လိုက်ကြတော့ဘူး။ သူတို့မှာ ဒုစရိုက် သုစရိုက်ဆိုတာတွေကိုလဲ ခွဲခြား သိနိုင်တဲ့
အသိမှ မရှိကြပဲကိုး။

ပရာဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥစ္ဇျာနသညီနော…သူတပါးအပြစ်ကိုပဲ အမြဲလိုက်ရှာ
ပြီး ပြောတတ်တဲ့ အကုသိုလ်ဝင်နေသူဟာ အပြစ်တွေ စုထားသလို ဖြစ်နေပြီး
အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်နဲ့ ဝေးဝေးသွားတယ်လို့ ဗုဒ္ဓက မိန့်ခဲ့တယ်လေ။ 
ဟုတ်တာပေါ့။ သူတပါးရဲ့အပြစ်ကိုပဲ အမြဲရှာဖွေနေတတ် သူများရဲ့စိတ်ထဲမှာ
အကုသိုလ်တွေကလည်း အမြဲလောင်နေတာကိုး။ ဒါပေမယ့် အဲဒီလို လူတွေက
ဘာမှ မသိနားမလည်တဲ့ လူတွေ ရှေ့ကြရင် လူတတ်ကြီးတွေလုပ်၊ ဆရာကြီး
ပုံစံတွေ လုပ်တတ်ကြတာများတယ်။ မသိတဲ့ လူတွေကတော့ အဟုတ်ထင်
နေတတ်ကြတာပေါ့။

လောကကြီးကလည်း တခါတလေ လိမ်မှ အဟုတ်ထင်နေတတ်ကြတာကလား။
လိမ်မှ စားပေါက်ချောင်တယ်လို့ ယူဆထားသူများကလည်း အတည်ပေါက်နဲ့
ဆရာကြီးဂိုက်ဖမ်းပြီး လိမ်ရဲနေကြတာပဲ။ တခါတလေ အဲဒီလိုမျိုးတွေ မြင်ရတာ
များလာတော့ လုပ်ရကိုင်ရတာ စိတ်ကုန်လာမိတယ်။ မှန်ကန်သူတို့ရဲ့ လမ်း
ကြောင်းဟာလည်း တဖြေးဖြေး ကျဉ်းမြောင်း သွားပါလားလို့တောင် တွေးမိ
ပြန်တယ်။ မမှန်တာတွေက ရှေ့တန်းရောက်တာ များလာရင် အမှန်ဆိုတာ
တဖြေးဖြေး မှေးမှိန်သွားတတ်တဲ့ သဘောကလဲရှိနေတယ်လေ။ သူတို့က
သူတို့ သိတာနဲ့ လုပ်ထားတဲ့ အနည်းငယ်လေးလောက်ကို ရေးကြီး
ခွင့်ကျယ် အာပေါင်အာရင်း သန်သန်နဲ့ သူရဲကောင်းကြီးသဖွယ် လူတကာ
ရှေ့မှာ ပြောပြနေတာကို တွေ့မြင်နေရတယ်။

တခါတလေကြတော့လည်း ရယ်စရာ အတော်ကောင်းပါတယ်။ ဆရာတဆူ
ကတော့ မိန့်ဖူးတယ်။ လောကမှာ အလိမ်ခံချင်တဲ့ လူက များနေတယ်တဲ့။
လိမ်တဲ့ လူတောင် နည်းနေသေးတယ်လို့ ပြောဖူးတယ်။ 
ဟုတ်တာပဲ။ ကိုယ်ပိုင်တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်တတ်မှုက အတော်
လေး ပါးရှားလာတာကိုး။ လိမ်ချင်သူတွေရဲ့အကွက်ပဲပေါ့။ ဒီတော့ လူတိုင်း
လိုလို အမှားအမှန်နဲ့ သဘာဝ အာဂမယုတ္တိ ရှိမရှိ ဆိုတာကို ခွဲခြားသိနိုင်
အောင် လေ့လာထားဖို့တော့ လိုအပ်နေကြပါပြီ။ အလိမ်မခံရဖို့နဲ့ လမ်းမှားကို
ရှောင်တိမ်းနိုင်ရေး အတွက်ပါ။

ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို မအ,အောင်(အလိမ်မခံရအောင်)
သမိုင်းသင် ဆိုတာမျိုးလေ။ ကိုယ့်ဘက်က အနည်းနဲ့အများ အစစပြည့်ဝနေမှ
မအ,မှာ။ အလိမ်မခံရမှာဖြစ်တယ်။
အဲဒီလို လိမ်စားနေသူများဟာ အများအားဖြင့် သူတပါးရဲ့အပြစ်ကိုပဲ ရှာဖွေကြည့်
တတ်ကြတာ များပါတယ်။ သူတပါးကို အပြစ်ပြောတာ ဝေဘန်တာက မခဲယဉ်းပါ
ဘူး။ ကိုယ့်ကိုယ်ကိုဝေဘန်တတ်ဖို့ အပြစ်ရှာတတ်ဖို့နဲ့ အပြစ်ကင်းအောင် နေ
တတ်ဖို့ကသာ ခဲယဉ်းတာပါ။ သူတပါးကို ဝေဘန်တတ်ကြသူများဟာ ငါကရော
အခြေခံကျတဲ့ လူသားအကျိုး၊ အများကောင်းကျိုးတွေကို ဘယ်လောက်
များ လုပ်ဆောင်ပေးသွားပြီလဲ။ လုပ်ပေးနေသလဲ ဆိုတာကို ပြန်လည်ဝေဘန်
ဆန်းစစ်သင့်ကြတယ်။ ပြီးမှသာ သူတပါးကို ဝေဘန်ဖို့ စဉ်းစားသင့်တယ်။

ဒါမှသာ ကိုယ်ချင်းစာနာစိတ်ဆိုတာ ဖြစ်ပေါ်လာနိုင်လိမ့်မယ်။ အပြောဆိုတာ
ကတော့ အင်မတန် လွယ်ကူလှပါတယ်။ လက်တွေ့လုပ်ဖို့သာ ခဲယဉ်းတာပါ။
အထူးသဖြင့် ကိုယ်ကျိုးမဖက်တဲ့ စေတနာမှန်မှန်နဲ့ လုပ်ရတဲ့ အများအကျိုးကို
လုပ်ဖို့က ပိုပြီး ခဲယဉ်းတာပါ။ စေတနာမှန်ဖို့ လိုသလို စိတ်သန့်စင်ဖို့ကလည်း
အင်မတန် လိုအပ်တဲ့ အလုပ်ပါ။ ဒါမှသာ လုပ်သလောက် အကျိုးကျေးဇူး
ကို နှစ်ဖက်လုံးက ခံစားရမှာလေ။

လူသားတိုင်း စဉ်းစားသင့်တာက လူသားကောင်းကျိုး အများကောင်းကျိုး မိ
သားစုအကျိုး၊ နောက်ဆုံး မိမိရဲ့ ဒီဘဝနောင်ဘဝ အကျိုးကို ဘယ်လောက်
လုပ်ခဲ့ပြီးပြီလဲ? ဘယ်လောက် တာဝန်ကျေပြီလဲ? ဘယ်လောက် ပြင်ဆင်ပြီး
ပြီလဲ? ဆိုတာတွေကို အမြဲစဉ်းစား သုံးသပ်နေသင့်တယ်။ ဘဝဆိုတာ ဒီ
အတိုင်း တသမတ်ထည်း သွားနေမှာ မဟုတ်ပေ။ 
သားကျွေးမှု၊ မယားကျွေးမှု၊ လူမှုရေး သာရေးနာရေး ရပ်ရေးရွာရေး အခွန်
အထုတ် ဆိုတာတွေကလည်း လူ့သဘာဝအရ လုပ်ရဦးမယ်။ ရောဂါမျိုးစုံ
နှိပ်စက်ခံရနိုင်သေးတယ်။ ရန်သူမျိုး ငါးပါး ဘေးတွေ ကြုံနိုင်သေးတယ်။
နောက်ဆုံး သေကြရဦးမယ်။ ဒါတွေအတွက် ကြိုတင် ပြင်ဆင်ထားသင့်
တာပေါ့။
မသိတုန်းက၊ ချိန်းဖြုန်းရက်ကြာ၊ သိလျှင်ပယ်မှု၊ ဘယ်သူ့တွက်သာ၊ ကိုယ့်
အရေးမို့၊ ကိုယ်တွေးခါခါ၊ လူဖြစ်ရ၊ ဘဝ တန်ဖိုးရှာ ဆိုတဲ့ ဆုံးမစာအတိုင်း
သူသူ ကိုယ်ကိုယ်ပဲလေ လူ့ဘဝမှာ အားလုံး ကြိုတင် ပြင်ဆင်ထားနိုင်ရင်
တန်ဖိုးရှိတဲ့လူများ ဖြစ်လာစေမှာ မလွဲပါဘူး။ 
ဘာသာရေးလုပ်တာ ယဉ်ကျေးမှုသင်တန်းတွေနဲ့ ပေးဝေတာ သင်ပေးနေ
တာများဟာ လူမျိုးနဲ့ဘာသာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေ
ကြတာပဲဖြစ်တယ်လို့ မြင်ပါတယ်။ ဆရာတော်တပါးက မိန့်ဖူးတယ်။
ဘာသာရေး ခေါင်းဆောင်လုပ်နေပြီး အလှူခံစားရုံသက်သက်နဲ့ တာဝန်မဲ့နေ
ကြသူတွေ များနေတဲ့အတွက် ဘာသာတရားအသိက လူထုကြားထဲကို
အရောက်နည်းနေတယ်။ အဲဒါ အန္တရာယ်ပဲလို့ မိန့်ဖူးတယ်။ အဲဒီလို ဖြစ်နေ
တဲ့အတွက် လူအများစုက ဘာသာတရားအသိနဲ့ လိုက်နာကျင့်သုံးစရာများ
ကို မသိသူက ပိုများနေတယ်လို့ ထင်မိတယ်လေ။ ဒါကြောင့်လဲ ကိုယ်ကျိုး
မဖက်တဲ့ ပရဟိတ လုပ်ငန်းများများ လိုအပ်နေတာပဲဖြစ်တယ်။
ငယ်ငယ်က မိမိကိုယ်ကို မခိုင်းခဲ့ရင် ကြီးလာတဲ့အခါ သူများက မိမိကို ခိုင်း
စားသွားလိမ့်မယ်'' ဆိုသလို ယှဉ်ပြိုင်တယ်ဆိုတာ ဘယ်လိုမှ မမီနိုင်တဲ့
အဆင့်ဝေးကွာလွန်းသူကို မယှဉ်ပဲ မိမိနဲ့တန်းတူများကိုပဲ ယှဉ်ပြီး ကြိုးစား
တတ်ဖို့လိုတယ်။ အားကျပြီး ဖြစ်အောင် ကျိုးစားတာမျိုးတော့ လုပ်သင့် တယ်။ ဖြစ်ချင်တာ ဖြစ်ရမယ်ဆိုတဲ့ ကောင်းမွန်တဲ့ သတ္တိကို မွေးရမယ်ဆို
တာမျိုးတွေကို မျိုးဆက်သစ်များကိုလည်း ပြန်လည် မျှဝေသင့်ပါတယ်။
လူတိုင်းဟာ အမြင်ကျယ်ကျယ်နဲ့ မျက်စိနားတွေကို ဖွင့်ထားသင့်တယ်။အမြင်ကျဉ်း
ရင် တိုးတက်မှု နှောင့်နှေးမယ်။ တင်းကြပ်လွန်းရင်လည်း ရုံးထွက်တတ်တော့
ပြတ်သွားတတ်တယ်။ မလျော့မတင်း စောင်းကြိုးညှင်းပေါ့။ လူတိုင်းအတွက်
နေရာတိုင်းမှာ လိုအပ်နေတာက မကောင်းတဲ့ စိတ်ဓာတ်တွေ အကျင့်ဆိုးတွေကို 
အရင်ဆုံး ပြုပြင်ဖို့ဖျောက်ပစ်ဖို့ လိုအပ်နေတယ်။ လူသားအားလုံးကို ဘဝမှာ 
တန်ဖိုးရှိစေချင်တာ၊ အဓိပ္ပါယ်ရှိတဲ့ လူသားတွေ ဖြစ်စေချင်တာ။ ဘဝကို အဓိပ္ပါယ်
ရှိရှိ တန်ဖိုးရှိရှိ ကျော်ဖြတ် ကုန်ဆုံးစေချင်တာပါ။ အဲဒီဆန္ဒ တခုထဲ အတွက်ပါ။ 
တခုလိုချင်ရင် တခုပေးဆပ်ရတဲ့ လောကကြီးထဲမှာ များများ လိုချင်သူတွေအတွက်
တော့ များများ ပေးဆပ်ကြရမှာပဲ။ ဘာမှ မလိုချင်ရင်တော့ ဘာမှ မလုပ်ပဲနေပြီး
ပေးဆပ်စရာ မလိုတော့ဘူးပေါ့။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်တော့ဘူး။ 
အဲဒီအခါမှာတော့..
..   ( နွေနှင်းမိုး )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...