သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 30, 2013

PostHeaderIcon “ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”




(ရှေးခေတ် လူပျိုအပျို ချစ်ကြည်နူးကြပုံ)

“ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”
---------------------------------
ကျွန်တော့ဖခင်ကြီး ပြောသော ပုံပြင်များထဲက အကြောင်းတခုကို (သီတင်းကျွတ်ရက်တွင်
လာရောက်ကန်တော့ကြသော) တူမနှင့်မြေးများ(ယခုအခါ ကျွန်တော့သမီးနှင့် အရွယ်တူ
များ)ဖတ်ဖို့ ပြောလိုပါသည်။ဖခင်ကြီးက အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ
ရှောင်ရမယ့် အချက်က ကွာသုံးသွာ၊ ပါသုံးပါ၊ ချာသုံးချာပဲ။ ဒီသုံးပါးသုံးမျိုးကို ယောက်ျား
လေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိမိနှင့် လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးက
ရှောင်ပေတော့။အဲဒီ သုံးမျိုးသုံးပါး ပါနေတာကို သိပါလျက်နဲ့ အသိဉာဏ် နည်းပါးလို့ပဲဖြစ်
ဖြစ်၊ အသိဉာဏ်ရှိပင် ရှိငြားသော်လည်း မိမိရဲ့စိတ်အလိုလိုက်လို့ပဲ ဖြစ်ဖြစ်၊ မလွှဲမရှောင်
သာလို့ပဲဖြစ်ဖြစ်၊ တဇွတ်ထိုး လုပ်လိုတဲ့စိတ်ကြောင့်ပဲ ဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့
လက်တွဲလိုက်ပြီး ရင်တော့ ဘ၀မှာ အမှားနှင့် တသက်လုံး ရင်ဆိုင်ရလိမ့်မယ်၊ အိမ်ထောင်
သည်ဘ၀ရောက်ပြီးမှ အမှားကို ပြင်ပါရစေလို့ဆိုရင် နောက်ကျသွားပြီ။ အိမ်ထောင်သည်
ဘ၀ဟာ တခါရေးပြီးတိုင်း တခါဖျက်ပြီး အသစ်ပြန်ပြင်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်
ဘူးဆိုတာ သတိချပ်သင့်တယ်။

“ ကွာသုံးသွာ-ဆိုတာ ”
၁။ တိုင်းပြည်နှင့် လူမျိုး ကွာလျှင်
၂။ အယူဘာသာ ကွာလျှင်
၃။ စိတ်ဓာတ်ချင်း ကွာလျှင်-တို့ပဲ ဖြစ်တယ်။

အပေါ်၁-နှင့်-၂ က တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာခြားပဲ ဖြစ်တယ်။ တခြား

တိုင်းတပါးသား၊ မိမိတိုင်းရင်းသား မဟုတ်တဲ့ လူမျိုးခြားနှင့် မိမိနှင့် ဘာသာ ကိုးကွယ်ရာ
မတူတဲ့ ဘာသာခြားကို ယူမိရင်တော့ မိမိဟာ ကိုယ့်တိုင်းပြည်ကို စွန့်ရလိမ့်မယ်။ ကိုယ့်
လူမျိုးရဲ့ ဓလေ့ဘာသာ ယဉ်ကျေးမှုကို စွန့်ရလိမ့်မယ်။ အဆုံးစွန်ကတော့ နိဗ္ဗာန် အဆုံးရှိ
သည့် ဗုဒ္ဓဘာသာမှ အခြားတပါးသော ဘာသာတခုခုကို ကူးပြောင်းရလိမ့်မယ်။
(မိမိက မပြောင်းရစေဦး မိမိက မွေးတဲ့ သားသမီးက စပြီး အစဉ်တစိုက် ဘာသာခြား
ပြောင်းသွားရလျှင်) မိမိအဖို့ တဘ၀လုံးသာမက တသံသရာလုံး ရှုံးတာပါပဲ။ ဒါကြောင့်
ဘာအကြောင်းပြချက်နှင့်မျှ တိုင်းပြည်နှင့်လူမျိုးကွာလျှင် ဘာသာကွာလျှင် လက်ထပ်ဖို့
ဘ၀အဖော်အဖြစ် လက်တွဲဖို့ မစဉ်းစားပါနဲ့။ လူမျိုးတူဘာသာတူပင် ဖြစ်စေဦးတော့ စိတ်
ဓာတ်ချင်း ကွာလျှင်လည်း တမိုးအောက်မှာ နှစ်ယောက်အတူနေဖို့ မစဉ်းစားပါနဲ့။

တယောက်က ရုပ်ရှင်ဂီတ စတဲ့ အပျော်အပါး ကြိုက်တယ်၊ တယောက်က ၀ါသနာမပါဘူး
ဆိုလျှင် အကြိုက်မညီတာကြောင့် သမီးရည်းစားဘ၀မှာ ဟန်ဆောင်အလိုလိုက်ပေးနေပေမဲ့
အိမ်ထောင်သည် ဖြစ်လာပြီဆိုလျှင် အပြစ်မြင်လာမှာ သေချာတယ်။ အလားတူပဲ အခြားကိစ္စ
များစွာမှာ အကြိုက်မတူ စရိုက်မတူတာတွေရှိလျှင် စောစောကတည်းက စဉ်းစားသင့်ပါ
တယ်။

အရက်ကြိုက်တဲ့ ယောက်ျားကလေး တယောက်ဟာ ရည်းစားသည်ရှေ့မှာ မသောက်ပေမဲ့
ကွယ်ရာမှာ သောက်မှာပါပဲ၊ ငါ့ကို ချစ်လို့ အရက်တောင် မသောက်တော့ဘူးလို့ ထင်ရင်
မှားပါလိမ့်မယ်။ငါပြောတာ နားထောင်တယ်၊ ငါနှင့် ရပြီးရင် ပြင်ပြီး ယူမယ်ဆိုပြီး ကိုယ့်ကိုယ်
ကို ဖန်တီးပေးနိုင်တဲ့၊ အနိုင်ရနေတဲ့သူအဖြစ် ထင်မိရင်တော့ အိမ်ထောင်မကျမီသာ ဟန်
ဆောင်ထားတဲ့ မင်းသားခေါင်းအဖြစ် တွေ့ရတော့မှာမို့ မိမိကိုယ်မိမိ အထင်ကြီးပြီး စိတ်ဓာတ်

ချင်း စရိုက်ချင်း မတူတဲ့သူနဲ့ လက်တွဲဖို့ လုံးဝ မစဉ်းစားတာအကောင်းဆုံးပါပဲ။



“ ပါသုံးပါ-ဆိုတာ”
၁။ အနာရောဂါ ပါလာလျှင်
၂။ အကြွေး ပါလာလျှင်
၃။ အပိုစားမည့် (လူပိုတွေ) ပါလာလျှင်-တို့ပဲ ဖြစ်တယ်။

အနာရောဂါ ပါလာလျှင်ဆိုတာ ရှင်းပါတယ်။ နှလုံးရောဂါအစရှိတဲ့ ရောဂါသည်တွေကို သနား

ပြီး လက်ထပ်တာမျိုး၊ ယခုခေတ်တွင် AIDS ကဲ့သို့ ရောဂါမျိုးနှင့် အခြားရောဂါကြီးမျိုး ရှိနေ
သူတို့ကို ဇွတ်မှိတ် လက်ထပ်တာမျိုးပါ။ ခေတ္တခဏ နာဖျားမကျန်း မဟုတ်သော နာတာရှည်
ရောဂါမျိုး ရှိသူတို့ အကျုံးဝင်ပါတယ်။
အကြွေးပါလာလျှင်ဆိုတာ လက်မထပ်မီကတည်းက အကြွေးတင်နေလျှင် ဒီအိမ်ထောင်
ဟာ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။ အကြွေးသဘာဝ ရိုးရိုး ဆပ်ရသော အကြွေးနှင့်
အတိုးပါ ဆပ်ရသော အကြွေးရှိတာမို့ အတိုးတက်အကြွေးမျိုးဆိုလျှင် အိမ်ထောင်သည်
ဘ၀မှာ ပြေဖို့ ကြေဖို့ ခက်ပါပြီ။ ဤနေရာတွင် အကြွေးနှင့်ဝယ်ယူ ၀တ်ဆင်တတ်တဲ့ အမျိုး
သမီးတို့၏ စရိုက်ဟာ အိမ်ထောင်သည်တို့အတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်ပါတယ်။
ဒီလို မိန်းကလေးမျိုးကို ရှောင်သင့်ပါတယ်။
အပိုစားမည့် (လူပို)ပါလာလျှင် အထူး သတိပြုသင့်ပါတယ်။ လူပိုပါလို့ ကျွေးမွေးနိုင်သည်
ဖြစ်စေဦး၊ စကားပိုလာသည့်အတွက် ရှင်းရတဲ့ပြဿနာက အဆိုးဆုံးပါပဲ။ လင်မယားနှစ်
ယောက်ကိစ္စမှာ အတူလာနေမည့် ညီ-ညီမ၊ အမေအဖေက အစ အားလုံးဟာ စားသောက်
ရုံသက်သက်နဲ့ ပြီးမသွားပဲ စကားပိုတွေကြောင့် လင်မယားကြား စိတ်ဝမ်းကွဲပြီးချစ်ခင်မှုကို
ပျက်ပြားစေပါတယ်။
အိမ်ထောင်ပြုပြီးလျှင် အကောင်းဆုံးက နှစ်ယောက်တည်းနေဖို့ ဖြစ်နိုင်အောင် အားထုတ်ဖို့
ပါပဲ။ နှစ်ဖက်မိဘများရှိလို့ တဖက်ဖက်မှာ နေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်
စေမှာ သေချာပါတယ်။ ယောက်မ၊ ခယ်မ၊ ယောက္ခမ စတာတွေဟာ တယောက်ကို
တယောက် အကောင်းမြင်ခဲပါတယ်။ ဝေးဝေးက ပေးကမ်းနေပြီး အခါကြီး ရက်ကြီးနှင့်
တခါတရံသာ အတူနေသင့်တဲ့ ဥပဒေအရ (လူ့စည်းကမ်းအရ)တော်ရတဲ့ ဆွေမျိုး in-law
တွေပါ၊ ဒါကြောင့် အပိုလူ ပါလာလျှင် အစောကြီးကတည်းက နားလည်မှု ရယူပြီး မိမိဘဝ
မိမိနှစ်ယောက်တည်း ထူထောင်ဖို့ စဉ်းစားပြင်ဆင်သင့်ပါတယ်။

“ ချာသုံးချာ ” အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမယ့် (အထူးသဖြင့်

အိမ်ထောင်ကို ဦးဆောင်မှု ပေးရမယ့် အမျိုးသားများအတွက် အဓိကဖြစ်တဲ့) အချက်ချာ
သုံးချာဆိုတာ-
၁။ ပညာရေး ချာလျှင်
၂။ စီးပွားရေး ချာလျှင်
၃။ လူမှုရေး ချာလျှင်-တို့ပဲ ဖြစ်တယ်။

အချက် ၁-ပညာရေးက အဓိကပါပဲ၊ ၁-ချာလျှင် ၂-နှင့်-၃ က ကျိန်းသေ ချာမှာပါပဲ၊

(တခါတရံ လူမှုရေးတော်ပြီး ပညာနှင့် စီးပွားချာတာ ရှိတတ်ပေမဲ့ ခြွင်းချက်ပါပဲ)အဓိကမှာ
ပညာပါပဲ။ ပညာဆိုရာမှာ အတန်းပညာက လူတယောက်ရဲ့အသိဉာဏ်၊ အတွေးအခေါ်၊
ဆင်ခြင်တုံတရားနှင့် ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ်တယောက်
ဖြစ်ဖို့ လိုပါတယ်၊
ပညာကို အဆင့်ဆင့် မခွဲဘဲ သုံးနှုန်းတာမို့ သက်မွေးဝမ်းကျောင်းပညာ
(ဥပမာ စက်ပြင်၊ ယာဉ်စက်ပြင်၊ လျှပ်စစ်ပြင်၊ နာရီပြင်မှစသော သက်မွေးပညာ တမျိုးမျိုး
တတ်တာမျိုး၊ ရောင်းတတ် ၀ယ်တတ်တာမျိုးမှအစ) အကျုံးဝင်ပါတယ်။ အဓိကမှာ ပညာ
ဆုံးခန်းတိုင်သောသူဖြစ်ပြီး အသိဉာဏ် ဆင်ခြင်တုံ မြင့်မားတာမျိုးဖြစ်လျှင် အကောင်းဆုံး
ပါပဲ၊ ပညာ ပြည်ဝသောသူ များစွာဟာ စီးပွားရေးမှာချာတာ နည်းပါတယ်၊ မချမ်းသာပေမဲ့
မဆင်းရဲပါဘူး၊
(ဘွဲ့ရတာချင်း တူလျှင် သက်မွေးဝမ်းကျောင်း ပညာဘွဲ့ ဖြစ်တဲ့ စက်မှု၊ ဆရာဝန်၊
လေကြောင်း၊ ရေကြောင်းသိပ္ပံ၊သူနာပြု၊
စီးပွားရေး စတဲ့ ပညာတတ်များက အလုပ်ရတာ၊ ဘ၀ဖူလုံတာ၊ ၀င်ငွေကောင်းတာ
တွေ့ရမှာပါပဲ)။ပညာရေးနှင့် စီးပွားရေးဟာ ဆက်စပ်နေပါတယ်။ တခုမြင့်လာလျှင် ကျန်
တခုဟာ အချိုးတူ မြင့်လာပါတယ်။ တခု နိမ့်ကျနေလျှင် ကျန်တခု နိမ့်ကျဖို့ သေချာပါတယ်။
ပညာမတတ်ဘဲ ချမ်းသာနေတဲ့ လူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင် ရှိစေဦး
တော့ ပွဲလယ် မတင့်တယ်ပါဘူး။ ပညာနှင့် သက်မွေးဝမ်းကျောင်းမှု မပြုဘဲ ချမ်းသာလာတဲ့
သူ အများစုဟာ အနေအထိုင်၊ စရိုက်၊ ဟန်ပန်တွေမှာ ပညာတတ်သူကို မမီနိုင်ဘဲ ငွေပေါ
တာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။

ဤတွင် ကျွန်တော့်ဖခင်ကြီးပြောသော ကွာသုံးကွာ၊ ပါသုံးပါ၊ချာသုံးချာ-ကို ဖခင်ကြီးတို့
ခေတ်က အပြောအဆိုများကို ယနေ့ခေတ် လူငယ်များ နားလည်အောင် ပြောစကားဖြင့်
ပြင်ဆင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်တူမနှင့် မြေးမလေးများကို
အကြောင်းပြု၍ သက်တူရွယ်တူနှင့် ဘ၀တူများ ဆင်ခြင်နိုင်ကြရန် အကျိုးရှိသော စကား
ကို ပြောရပါသည်။ အပြစ်တင်ခြင်းသည် အကျိုးမရှိပါ၊ ထို့ကြောင့် အပြစ်တင်မည့်အစား
ချစ်ခင်စွာ ဆိုအပ်သော ဤအကြောင်းများကို ဆင်ခြင်၍ အကောင်းကို ရွေးချယ်နိုင်ပါစေ၊
အမှန်ကို တွေ့ပါစေဟု ဆုတောင်းပါသည်။
မောင်ကောင်းမြင့် (အပျိုစင် ၂၀၀၅-ခု ဖေဖော်ဝါရီလ) MBL စာကြည့်တိုက်ရှိ
စာအုပ်တွေထဲမှဖတ်မိသမျှ ကောင်းနိုးရာရာကို တင်ပြလိုက်ပါသည်။

မေတ္တာဖြင့် မော်လူး
By - မင်္ဂလာဗျူဟာ

( စာကို ယူစဉ် ကွန်မန့်များကို တွေ့ရလို့ ... ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ ဆိုသလို သတိထားနိုင်အောင် ရှေးလူကြီးများက ဆုံးမခဲ့ခြင်းဖြစ်သည်။ ဒီနေ့မှာ ဒါတွေက ခေတ်
နောက် ကျသွားပြီလို့ ပြောကြပေမဲ့... ပခုံးထိ တင်ထားမှ ခါးလောက်ရောက်နိုင်မယ်
ဆိုသလို စဉ်းစားနိုင်မှ စိတ်ချမ်းမြေ့တဲ့ ဘဝလေးတခုကို ပိုင်ဆိုင်နိုင်ကြမှာပါ။ ဒီနေ့ ကြားမြင်
နေကြရတဲ့ အဖြစ်ဆိုးတွေကနေ ကာမိရာ ကျမှာပါ။ ရှေးတုန်းက သုံးနှစ်သုံးမိုး စောင့်ဆိုင်း
ပြီးမှ ယူကြတယ်ဆိုတာလဲ ပုံပြင်မဟုတ်ပဲ တကယ်ရှိတာပါ။
ဒီအတိုင်း အပြည့်အဝ မဟုတ်တောင် တဝက်လောက် ပြည့်ဝနေရင် အထိုက်အလျောက်
တော့ စိတ်ချမ်းမြေ့နိုင်လိမ့်မယ်ထင်တယ်။ မလိုက်နာနိုင်ရင်အောင် တန်ဖိုးထား သတိ
ထားရမယ့် အချက်တွေပါပဲ။
ဘွဲ့ရပညာတတ်ဆိုတာလဲ မဟုတ် အသက် ၁၈.နှစ်အထိ တိုက်တာဆိုတာ မမြင်ဖူးခဲ့တဲ့
မိတ်ဆွေတယောက်ဟာ ယနေ့အချိန်မှာ ဂျပန်နိုင်ငံက ကားမှန် ပစ္စည်းတွေကို ကိုယ်
စားလှယ်အဖြစ်နဲ့ တင်သွင်းရောင်းချနေပြီး လူမှုပေါင်းသင်း ဆက်ဆံရေးနဲ့ ဘာသာ
တရား ကိုင်းရှိုင်းမှုများကလဲ သာမန်ထက် သာလွန်နေကာ သားနဲ့သမီးကိုပါ ဆရာဝန်နဲ့ အင်ဂျင်နီယာဖြစ်အောင် ပညာပေးနိုင်တဲ့ ချမ်းသာတဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ လူတဦး
အဖြစ်၊ အေးချမ်းတဲ့ မိသားစု တခုအဖြစ် ဖန်တီးရပ်တည်နေနိုင်တာကိုလဲ တာမွေထဲ
မှာ လက်ရှိ မြင်တွေ့နေရပါတယ်။
ဘာပဲဖြစ်ဖြစ်လေ...
ရလာတဲ့ ဘဝကို တန်ဖိုးထားမယ် ဘဝကို အေးချမ်းစွာနဲ့ ရေရှည်တည်တံ့အောင်
တည်ဆောက်ချင်တယ်ဆိုရင်တော့ အနည်းနဲ့အများ သတိထား ရွေးချယ်သင့်တာ အမှန်ပါပဲ။
''တိုးတိုး")

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...