သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, June 13, 2013

PostHeaderIcon "ဂေါဝိန် သို့"



အို...မမေ့သော ဂေါဝိန်...

ဂေါဝိန် ဆိပ်ကမ်း
ငိုသံ လွှမ်း၍
မှတ်တမ်း တင်ခဲ့ပါလေပြီ..။

အ ချုပ်အခြာ ၊ အာ ဏာ လုယက်
ကျွန်သက် မွေးဖွား ၊ သင် တကားဟု
ဆိုများ ဆိုလိုက်ချင်ပါ၏..။

ကျရာ တာဝန် ၊ မကျေပွန်၍
သူ့ကျွန် သူ့နွား ၊ သင် တကားဟု
ဆိုများ ဆိုလိုက်ချင်ပါ၏..။

သူခိုး လက်ခံ
နိုင်ငံ ရောင်းစား ၊ သင် တကားဟု
ဆိုများ ဆိုလိုက်ချင်ပါ၏..။

ရင်ဘတ် စည်တီး
သောကကြီးကို
ထပြီး ကြည့်စမ်း အို ဂေါဝိန်..။

ဝက်ဝက် ကွဲမျှ
အသည်း တုန်အက်
ပူလောင် ချက်ကို
ကြည့်ရက်လေခြင်း အို ဂေါဝိန်..။

သင့် သမိုင်းကား
မိုက်ရိုင်းလေစွ
လုံးဝ မကောင်း
ဇာတ် အဟောင်းမှ
ထောင်းကနဲ ထ
ကြွ ကနဲ ခုန်
မာန်ဟုန် သွင်းချိန်
စိတ်ဓာတ် စိန်ဖြင့်
ဂေါဝိန် တာဝန်ကျေတော့လေ..။
(မန္တလေးသို့)

ကိုလေး (အင်းဝ ဂုဏ်ရည်)

ယနေ့ခေတ်လည်း၊ မျိုးချစ်တွေက
တန်ခိုး ဖြစ်ဖို့၊ အဖိုးအဖြစ်နဲ့
အမျိုးပစ်ခါ၊ အမြစ်ပါ လှန်ချ
မျိုးတုန်းကြမယ့်၊ ကမ္ဘာ့လူဆိုး

 သူခိုး ဓားပြကို၊ ရိုး,အ,အမျိုးထဲ
ဆွဲသွင်းဟန်ပြင်၊ ရောင်းစားချင်ပြီ
နောင်တွင် မည်သို့ ဖြစ်မည်နည်း။
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...