သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, June 27, 2013

PostHeaderIcon ညီညွတ်မှ တိုးတက်မယ်


ညီညွတ်မှ တိုးတက်မယ်
+++++++++++++++

ဘုရားရှင်က တိုင်းပြည် တိုးတက်ဖို့အတွက် အသင်းအဖွဲ့တွေ တိုးတက်ဖို့အတွက်
ဟောကြားခဲ့တဲ့ တရားတော်တွေကို မှီငြမ်းပြုပြီးတော့ မဃဒေ၀လင်္ကာမှာ ဆရာတော်ကြီးက
 “မင်းနှင့်ပြည်သူ၊ ရှင်လူဒကာ၊ 
ပွင့်လင်းသာလျှက်၊
 မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ 
တိုးတက်ကြီးပွား၊ 
ချမ်းသာများလိမ့်”တဲ့
 နိုင်ငံတစ်နိုင်ငံမှာဆိုရင် အုပ်ချုပ်တဲ့ ရှင်ဘုရင် အစိုးရပုဂ္ဂိုလ်တွေနဲ့ ပြည်သူဆိုတဲ့ အုပ်ချုပ်ခံ
လူတန်းစား အဲဒီနှစ်ဦး မေတ္တာမပျက်မှ ကြီးပွားတိုးတက်တယ်တဲ့။ ဘာသာရေးမှာလည်း
ရှင်လူဒကာ ပွင့်လင်းသာလျှက်”တဲ့ ကျောင်းထိုင်ဆရာတော်တွေ၊ လူဒကာ ဒကာမတွေဟာ
“မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့်”လို့
မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ ဆုံးမထားတယ်။

ဒီလင်္ကာအဆုံးအမအတိုင်းပဲ ဒကာဒကာမနဲ့ သီတင်းသုံးမယ့်ဘုန်းကြီးများ မေတ္တာမပျက်ပဲနဲ့
သာသနာပြုသွားကြဖို့ အရေးကြီးတယ်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ကမ္ဘာအရပ်ရပ်
နေရာအရပ်ရပ်မှာ နေကြတာရှိတယ်။ များသောအားဖြင့် မြန်မာတွေက မတည့်တာ
များတယ်။ အဲဒါအတော်စိတ်ပျက်စရာကောင်းတယ်။ တစ်နိုင်ငံမှာ တစ်ယောက်တည်း
ရှိရင်တော့ တည့်မှာပေါ့။ နှစ်ယောက်လောက်ရှိရင် မတည့်တော့ဘူး။ နောင်ဆိုရင်
တစ်ယောက်တည်းကိုပဲ ကိုယ့်အရိပ်နဲ့ ကိုယ် ရန်ဖြစ်ကြမလားမသိဘူး။ မြန်မာတွေမှာ 
အဲဒီအကျင့် လေးတွေရှိနေတယ်။ အဲဒါကိုဖျောက်ဖို့လိုတယ်။

ဘယ်နိုင်ငံရောက်ရောက် ဘာသာရေးအသင်းအဖွဲ့လေးတွေ တစ်ဦးနဲ့တစ်ဦး သဘောထား
မတိုက်ဆိုင်တာလေးတွေကို အကြောင်းပြုပြီးတော့ မညီမညွတ်ဖြစ်နေတာကများတယ်။ ပြီး
တော့ ဘုန်းကြီးတွေရော ဒကာဒကာမတွေရောကို မဃဒေ၀ဆရာတော်ကြီးက ဆက်ပြီး
ဆုံးမထားတယ်။
“သူ၏ဆရာ၊ ငါ့ဆရာဟု၊ 
တဏှာ ရောယှက်၊ မာနတက်၍၊
သူ့ဘက် ငါ့ဘက်၊ တီးလျှက် ဆော်ရိုက်၊
နွားကို တိုက်သို့၊ 
အမိုက်ပွဲခံ၊ ပါပကံဖြင့်၊
အုန်းညံ ၀ိုင်းညာ၊ ပြုကြရာဝယ်၊ 
ဆရာကြွက်ဖျင်း၊ပညာကင်းသို့၊ 
အတင်းစောင်၍၊ နွားနှယ်ဝှေ့၏” တဲ့။
ဆရာတော်ကြီးက သာသနာမှာ ဒကာဒကာမနဲ့ ဘုန်းကြီးတွေ ဖြစ်တတ်တဲ့ဟာကို 
ရေးသားပြီးတော့ ဆုံးမသွားတာ။ သူ့ဆရာ ငါ့ဆရာဆိုပြီးတော့ ဒကာဒကာမတွေက
 မြှောက်ပေးတာနဲ့ ဘုန်းကြီးတွေ ရန်ဖြစ်ကြတာပေါ့။ အဓိက ဒါပါပဲ။ ဒီတော့ သံဃာတော်
အရှင်မြတ်များကလည်း ဒကာဒကာမတွေ မြှောက်ပေးတိုင်း ရန်မဖြစ်ဖို့ လိုတယ်။
 အေး ဒကာဒကာမတွေကလည်း သံဃာတော်တွေ ရန်ဖြစ်အောင် မမြှောက်ကြဖို့လိုတယ်။ ဒကာဒကာမတွေကလည်းမြှောက်ပေးပုံရပါတယ် အမေရိကန်မှာ ရောက်ခဲ့တဲ့နေရာ
အတော်များများမှာ ဒါလေးတွေတွေ့နေရတယ်။ အချင်းချင်း ညီညီညွတ်ညွတ်နေမှသာ
တိုးတက်တယ်။ မညီညွတ်ဘူးဆိုလို့ရှိရင် ဘယ်နည်းနဲ့မှ မတိုးတက်ဘူး။

မစိုးရိမ်တိုက်သစ်ကြီးများ၏  ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...