သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, June 24, 2013

PostHeaderIcon Memory card များနှင့် ပတ်သက်၍



Memory card များနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
ပုံစံအမျိုးအစား
ကင်မရာတွေမှာ ပုံမှန်အားဖြင့် memory card အမျိုးအစား တမျိုးတည်းကိုသာ အသုံး
ပြုနိုင်ပါတယ်။
MicroSD card တွေကိုတော့ အရွယ်အစား သေးငယ်တဲ့ပုံစံအဖြစ် ပြုလုပ်ထားပါတယ်။ သာ
မန် compact ကင်မရာတွေဖြစ်တဲ့ entry-level dSLR နဲ့ ILC (interchangeable lens 
camera)တွေမှာတော့ သာမန် Secure Digital (SD) card တွေကို အသုံးပြုကြပါတယ်။
အလယ်အလတ်တန်းစား dSLR တွေမှာတော့ Compact-Flash (CF) card တွေကို အသုံး
ပြုကြပြီး ပရော်ဖက်ရှင်နယ် ကင်မရာ အမျိုးအစားတွေမှာတော့ ဓာတ်ပုံများကို card နှစ်မျိုး
မှာ သိမ်းဆည်းထားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

SD card အမြန်နှုန်း
Memory card တွေရဲ့ အမြန်နှုန်းနဲ့ အမျိုးအစားတို့ကို တွက်ချက်ခြင်းဖြင့် card

တွေအနေနဲ့ အချက်အလက်တွေကို ဘယ်လောက် read/write လုပ်နိုင်တယ်ဆိုတာကို
သိနိုင်ပါတယ်။ Read/write အမြန်နှုန်း အလွန်နှေးကွေးတဲ့ card တွေဟာ ပုံမှန်အားဖြင့်
Class 2 က စတင်ပြီး အမြန်ဆုံးအမျိုးအစားတွေကတော့ Class 10 က စတင်ပါတယ်။
စာဖတ်သူ အနေနဲ့ စံသတ်မှတ်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုအရွယ်အစားကို ရိုက်ကူးလိုပါက
Class 2 uae Class 6 အထိရှိတဲ့ card တွေကိုအသုံးပြုရုံနဲ့ လုံလောက်ပါတယ်။ အကယ်၍
high resolution RAW ဓာတ်ပုံများနဲ့ full-HD ဗီဒီယိုများကို ရိုက်ကူးလိုရင်တော့ Class 6 
ကနေ Class 10 အထိရှိတဲ့ card တွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ လျင်မြန်စွာ 
အသုံးပြုနိုင်တဲ့ card တွေက ဈေးပိုကြီးပါတယ်။

CF card အမြန်နှုန်း
အလယ်အလတ်တန်းစားကနေ စွမ်းဆောင်ရည်မြင့် dSLR ကင်မရာတွေနဲ့ ILC တွေမှာ လျင်

မြန်တဲ့ image processor တွေပါဝင်တာကြောင့် မြန်နှုန်းမြင့် card တွေ (25MB/s ကနေ
322MB/s အထိ)လိုအပ်ပါတယ်။ ဒီ card တွေကို အသုံးပြု ခြင်းကြောင့် ဗီဒီယိုရိုက်ကူးချိန်
တိုးမြှင့်ခြင်း၊ shot-to-shot အချိန်ကို လျှော့ချခြင်း၊ burst mode နဲ့ high continuous
shooting စတဲ့ shooting performance တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ကွဲပြားခြားနားတဲ့ card အမျိုးအစားများ
Secure Digital (SD) card များ
SD card များဟာ compact ကင်မရာတိုင်းနီးပါးမှာ စံအဖြစ် အသုံးပြုတဲ့ memory
အမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် အချို့ dSLR တွေမှာလည်း အဆင့်မြင့် application
တွေကို backup လုပ်ဖို့အတွက် secondary card အနေနဲ့ အသုံးပြုကြပါတယ်။ ဒီ card
အမျိုးအစားကို အဆင့်မြှင့်ထားတဲ့ အမျိုးအစားများကတော့ သိုလှောင်မှုပမာဏ မြင့်မားတဲ့
SDHC (High Capacity) နဲ့ SDXC (Extended Capacity)တို့ဖြစ်ပါတယ်။ ယင်းတို့ကို အ
ဆင့်မြင့် dSLR များနဲ့ compact များမှာ အသုံးပြုပါတယ်။ အဆိုပါ card တွေကို ကွဲပြားခြား
နားတဲ့ အမြန်နှုန်းအမျိုးအစား (Class 2 မှ Class 10 အထိ) ရရှိနိုင်ပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ -Compact ကင်မရာများ၊ dSLR များနဲ့ ILC များ၊ Micro

SD card များ။

MicroSD card များ
ကင်မရာထုတ်လုပ်သူတွေဟာ ၎င်းတို့ထုတ်လုပ်တဲ့ အလွန်ပါးလွှာတဲ့ ကင်မရာများမှာ အသုံး

ပြုဖို့အတွက် အရွယ်အစား အသေးငယ်ဆုံး အမျိုးအစားဖြစ်တဲ့ MicroSD card ကို ရွေးချယ်
အသုံးပြုကြပါတယ်။ အချို့MicroSD card တွေမှာ SD card တစ်ခုအသွင် ပြောင်းလဲ အသုံး
ပြုနိုင်ဖို့အတွက် external adapter ပါဝင်ပါတယ်။ ဒီ card တွေမှာလည်း SD card တွေ လိုပဲ
အမြန်နှုန်းအမျိုးအစား အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ -အလွန်ပါးလွှာသည့် compact ကင်မရာများ၊ စမတ်ဖုန်း

များ Compact Flash (CF) card များ။

XQD card များ
XQD card တွေကတော့ Compact Flash Association က မကြာသေးမီက မိတ်

ဆက်ပေးထားတဲ့ card အမျိုးအစားသစ် တစ်ခုဖြစ်ပါတယ်။ လျင်မြန်တဲ့ အမြန်နှုန်းနဲ့
များပြားတဲ့ သိုလှောင်မှု ပမာဏတို့ကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် card
တစ်ခုအဖြစ် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အချက်အလက် ပြောင်းလဲမှုနှုန်း
125MB/s နဲ့ အထက် အသုံးပြုနိုင်တဲ့ XQD ကို လက်ရှိမှာ Nikon D4 လိုမျိုး ပရော်ဖက်
ရှင်နယ် dSLR တွေမှာ အသုံးပြုထားပါတယ်။ Nikon D4 ဟာ RAW format နဲ့ 100
frame အထိ တောက်လျှောက် ရိုက်ကူးနိုင်စေပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ - ပရော်ဖက်ရှင်နယ် dSLR များ။

Wi-Fi အသုံးပြုနိုင်တဲ့ card များ
Eye-Fi ရဲ့ Mobile X2 8GB SD card နဲ့ Toshiba ရဲ့ FlashAir Wireless LAN SD card

လိုမျိုး Wi-Fi အသုံးပြုနိုင်တဲ့ card တွေဟာ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို PC နဲ့ ကြိုးမဲ့စနစ်
သုံးနိုင်တဲ့ external device ထံ လွှဲပြောင်းပေးနိုင်စေပါတယ်။ Selective Share option
ကို အသုံးပြုတဲ့ အခါမှာ ရွေးချယ်ထားတဲ့ မီဒီယာဖိုင်တွေကို Flickr, Facebook နဲ့ Twitter
အပါအဝင် လူမှုရေးကွန်ရက် ၂၉ ခုထံ ကြိုးမဲ့ စနစ်နဲ့ချက်ချင်း upload ပြုလုပ်နိုင်စေ
ပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ - Compact ကင်မရာများ dSLR များနဲ့ ILC များ

အခြား card အမျိုးအစားများ
အချို့ကင်မရာတွေမှာတော့ Sony ရဲ့ Memory Stick/Memory Stick Pro Duo နဲ့ Olym

pus ရဲ့ xD-Picture Card တွေကို အသုံးပြုကြပါတယ်။ အဆိုပါ memory card တွေဟာ
SD နဲ့ CF cardများနဲ့ သိုလှောင်မှု ပမာဏခြင်း တူပေမယ့် ဈေးပိုကြီးသလို ထုတ်ကုန်အား
လုံးမှာလည်း အသုံးပြုနိုင်ခြင်း မရှိပါဘူး။

Memory card နဲ့ပတ်သက်တဲ့ အကြံပြုချက်များ

Backup လုပ်ခြင်း
ဓာတ်ပုံတွေကို hard disk, online cloud service နဲ့ အခြား external device

စတဲ့ နေရာတွေမှာ အမြဲ လိုလို သိုလှောင်သိမ်းဆည်းပါ။

Card ကို format လုပ်ခြင်း
အသုံးမပြုမီ card ကို ကင်မရာမှာ format လုပ်ပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ အချက်

အလက်များကို ဖျက်ပစ်ပြီး folder အသစ်များ ဖန်တီးပေးတဲ့အတွက် ဓာတ်ပုံရိုက်စဉ်
database error များ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်များကို recovery လုပ်ခြင်း
အရေးကြီးတဲ့ ဓာတ်ပုံများကို မတော်တဆ မှားယွင်းဖျက်မိခြင်းမျိုး ဖြစ်ပွားတဲ့အခါမှာ ဓာတ်

ပုံရိုက်ကူးခြင်းကို ရပ်တန့်ပြီး အထောက်အပံ့ပေးထားတဲ့ software နဲ့ ဓာတ်ပုံများကို
recovery လုပ်ပါ။

Card များ ပျက်စီးမှုမှ ကာကွယ်ခြင်း
အကယ်၍ စာဖတ်သူအနေနဲ့ Card တစ်ခုတည်းကိုသာ အသုံးပြုပါက သိုလှောင်ထားတဲ့

card ပျက်စီးမှုမှ ကာကွယ်နိုင်ရန်အတွက် plastic holder ကို အသုံးပြုသင့်ပါတယ်။
Card အများအပြားကို အသုံးပြုတဲ့သူ ဆိုရင်တော့ neoprene case လို့ခေါ်တဲ့ ရာဘာ
ဘူးကို အသုံးပြုပြီး အသုံးပြုတဲ့ card နဲ့ အသုံးမပြုတဲ့ card တွေကို ခွဲခြားထားနိုင်ပါတယ်။
Myanmar Online IT News

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...