သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 29, 2013

PostHeaderIcon ပထမ မစိုးရိမ်ဆရာတော်ကြီး သြဝါဒ



အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့နှင်းသဘင်၌ မြွက်ကြားသော

ကျေးဇူးတော်ရှင် ပထမ မစိုးရိမ်ဆရာတော်ကြီး
ပထမ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသူရိယာဘိဝံသ ၏ သြဝါဒကထာ
(သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။)
သာသနာတော်မြတ်နှင့်တကွ သတ္တလောက တခုလုံး အခါခပ်သိမ်း 
အေးငြိမ်း တိုးတက် ကြီးပွားပါစေသတည်း
********************************
 ယခုဘွဲ့နှင်းသဘင်၌ စည်းဝေးနေကြသော နိုင်ငံတော်သမ္မတကြီး အမှူးပြုသည့်
စတုပစ္စယသာသနဒါယကာ မြန်မာနိုင်ငံပြည်ထောင်စုအစိုးရမင်းတို့အား သြဝါဒစကား
ဆရာတော် မိန့်ကြားလိုသည်မှာ -
မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော အပရိဟာနိယ ကြီးပွားကြောင်းတရား
ခုနစ်ပါးတို့ကို ကိုယ်စီကိုယ်ငှ လက်ရှိထား၍ ပွားများကျင့်သုံးရန်ပင် ဖြစ်ပေသည်။

ထိုအပရိဟာနိယ ကြီးပွားကြောင်းတရားတို့မှာ

(၁) မကြာခဏ စည်းဝေးတိုင်ပင်ကြခြင်း၊

(၂) ပြုဖွယ်ကိစ္စတို့ကို တညီတညွတ် ဆောင်ရွက်ပြုလုပ်ခြင်း။

(၃) ရှေးမင်းကောင်း မင်းမြတ်တို့ ကျင့်သုံးရိုး ဓမ္မလမ်းစဉ်ကို မလွန်မယုတ်စေခြင်း၊

(၄) အရွယ် ပညာ ဤနှစ်ဖြာ ကြီးရင့်သော ရှေ့သွားခေါင်းဆောင်ကြီးများကို လေးစား
      ဂရုပြုမူခြင်း။

(၅) အလိုဆန္ဒ တဏှာလောဘ၏ အလိုသို့ မလိုက်ခြင်း၊

(၆) မြို့တွင်း မြို့ပြင် ပူဇော်သင့်သော စေတီ နတ်ကွန်းတို့အား ပူဇော်ပသ ဝတ်ကို
     မချွတ်မယွင်းစေခြင်း။

(၇) ရဟန်းသံဃာများအား တရားသော အစောင့်အရှောက်ကို ပေးခြင်း။

ဤတရားခုနစ်ပါး လက်ကိုင်ရှိထားပါက တိုက်ကားပြည်ရွာ သာယာဝပြော ကြီးပွားစည်ပင်
ခြင်းအကျိုး မချွတ်ဖြစ်မည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

တိုက်ကားပြည်ရွာ သာယာဝပြောမှ မိမိတို့ ရည်မှန်းသော နတ်ရွာလမ်းကြောင်း နိဗ္ဗာန်လမ်းကြောင်းကို ကောင်းစွာ သုတ်သင် အဆင့်ဆင့် ထွင်နိုင်ကြပေမည်။

ဤအရာ၌ ကူဋဒန္တသုတ်တော်လာ မဟာဝိဇိတမင်း၏ ကျင့်ထုံးအစဉ်ကို သတိပြုရန်
လိုအပ်ပေသည်။
မဟာဝိဇိတမင်းသည် ကြီးစွာသော အလှူဒါနပြုလုပ်ကာ နတ်ရွာနိဗ္ဗာန်လမ်းကြောင်း
ထွင်လိုရကား ဘုရားအလောင်း ပုရောဟိတ်ပုဏ္ဏားတော်ကို မည်သို့လိုက်နာပြုကျင့်ရန်
သင့်သနည်း ဟု မေးမြန်းရာ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားတော်က ရှေးဦးစွာ
တိုင်းပြည် အေးချမ်း သာယာအောင် ပြုလုပ်သင့်ကြောင်း ဖြေကြား တင်ပြတော်မူသည်။

ထိုတိုင်းပြည် အေးချမ်း သာယာကြောင်း တရားများမှာ -

(၁) တိုင်းပြည်အတွင်း လယ်သမား၊ နွားမွေးမြူသူတို့အား မျိုးစေ့ရိက္ခာ အရင်းအနှီးထုတ်ပေး
     ချေးငှားခြင်း၊
(၂) ကုန်သည်တို့အား အရင်းအနှီးဥစ္စာ ထုတ်ပေးချေးငှားခြင်း၊

(၃) မင်းမှုထမ်း (ဝန်ထမ်း)တို့အား ပြည့်စုံလုံလောက်အောင် လခရိက္ခာပေးကမ်းခြင်း- ဤတရားသုံးပါတို့ပင် ဖြစ်သည်။

ဤတရားသုံးပါးကို အလောင်းတော်ပုရောဟိတ်ပုဏ္ဏား ညွှန်ကြားသည့်အတိုင်း မဟာ
ဝိဇိတမင်းက လိုက်နာကျင့်ကြံသဖြင့် တိုင်းကားပြည်ရွာ သာယာဝပြောရှိကြောင်းနှင့်
ယင်းသို့ တိုင်းပြည်သာယာ ၀ပြောသောအခါမှ ၁၆-ပါးသော အခြံအရံ အင်္ဂါ၊ ၃-ပါးသော
စိတ်ထား၊ ၁၀-ပါးသော အခြင်းအရာရှိသော မဟာဒါနကို ပြု၍ နတ်ပြည်၊ နိဗ္ဗာန်လမ်း
ကြောင်း ထွင်တော်မူကြောင်းကို မြတ်စွာဘုရား (ဒီဃနိကာယ သီလက္ခန္ဓ၀ဂ္ဂပါဠိတော် ကူဋဒန္တသုတ်၌) ဟောကြားတော်မူခဲ့သည်။

သို့ဖြစ်ရကား.........
ရှေးဦးစွာ ဖော်ပြပါ အပရိဟာနိယ ကြီးပွားကြောင်းတရား ခုနစ်ပါးတို့နှင့်လည်းကောင်း၊ မဟာဝိဇိတမင်းတရား လိုက်နာကျင့်သုံးအပ်သော တိုင်းကားပြည်ရွာ အေးချမ်း သာယာ
ကြောင်းတရားသုံးပါးတို့နှင့်လည်းကောင်း၊ ကိုယ်စီကိုယ်င ပြည့်ကုန်ငအောင် လိုက်နာ
ကျင့်ကြံနိုင်ကြစေရန်အလိုငှာ``သဂ္ဂဿ မဂ္ဂံ အာစိက္ခန္တိ´´နတ်ရွာ နိဗ္ဗာန်လမ်းကြောင်း
ညွှန်ကြားခြင်း ဟူသော ဆရာတော်များ စောင့်ရှောက်ရမည့် ခြောက်ခုမြောက် ကျင့်ဝတ်
တရားအရ ပစ္စုပ္ပန်၊ တမလွန်ကြီးပွားကြောင်း လမ်းဟောင်းညွှန်ပြ၍ သြ၀ါဒစကား
မိန့်ကြားအပ်ပါသည်။
၁၃၁၈-ခုနှစ်၊ ကဆုန်လဆန်း ၁၀-ရက်နေ့

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...