သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 28, 2013

PostHeaderIcon ညီညွတ်မှ တိုးတက်မယ်

အောင်ဆန်းစုကြည်အပါအ၀င် မင်းတို့ ပရိသတ်အားလုံးနားထောင်၊


လူဆိုတာ စည်းကမ်းရှိရပါတယ်၊ စည်းကမ်းရှိမှသာ တိုင်းပြည်တပြည် တိုးတက်
တယ်၊ ဒီအခမ်းအနားမှာ ငြိမ်ငြိမ်နေသင့်တဲ့ အခမ်းအနားဆိုရင် ငြိမ်ငြိမ်ကိုနေရပါ
တယ်။ အပ်ကျသံ ကြားလောက်အောင် ငြိမ်ရပါတယ်၊ အဲဒါမှ စည်းကမ်းရှိတယ်လို့
ခေါ်တယ်၊ စည်းကမ်းရှိတဲ့ လူမျိုးမှ တိုးတက်တယ်။
ကဲ ရှင်အောင်ဆန်းစုကြည် ညည်းလဲ တော်တော်ပင်ပန်းလာပြီ၊ ငါ တိုတိုလေးပြောမယ်၊
ဒို့ဘုရားရှင်က
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါန သာသနီ။ 
ဘုရားရှင်တိုင်း ဆုံးမထားတဲ့ အဆုံးအမရှိတယ်၊
ဝိဝါဒံ= အချင်းချင်းငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း အထင်အမြင်လွဲခြင်း သဘောထားကွဲလွဲခြင်း
ကို၊ ဘယတော- ကြောက်ဖွယ်မအေး ဧရာမဘေးကြီးလို့၊ ဒိသွာ မြင်ကြစမ်းပါ။
အ၀ိဝါဒံ= အချင်းချင်း မငြင်းမခုံ ခိုက်ရန်မဖြစ် သဘောထားတူညီခြင်းကို၊
ခေမတော- ငြိမ်းချမ်းရေးလမ်းစဉ်ကြီးလို့ မြင်ကြစမ်းပါ။
အဲဒီလိုမြင်ပြီး ဘာလုပ်ရမှာလဲ၊ 
သမဂ္ဂါ-ညီညီညွတ်ညွတ် နေကြပါ။ သခိလာ၊ ပြေပြေပြစ်ပြစ် ဆက်ဆံကြပါ။
ဧသာဗုဒ္ဓါနသာသနီ- အဲဒါဟာ ဘုရားရှင်တိုင်းရဲ့အဆုံးအမပဲ။

ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ပါတယ်။

သံဃာတော်အရှင်မြတ်များကို တပည့်တော် အထူးလျှောက်ထားပါရစေ။
တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူးဘုရားတဲ့၊
အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရားတဲ့။
ဒါက နံပါတ်(၁)။

နံပါတ်(၂)က တပည့်တော်တို့ ဗမာနိုင်ငံ လူမျိုးတွေဟာ လူအ လူနတွေပါဘုရား၊ အဲဒီ
လူအ လူနတွေကို လူအ လူနဘ၀က လွတ်မြောက်ရေးရသွားအောင် အရှင်မြတ်တို့က
ကူညီပြီး တရားဟောပေးပါဘုရားလို့ ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ
ညည်းအဖေ ဗိုလ်ချုပ်ဆောင်ဆန်းက လျှောက်ထားသွားတဲ့ စကားတရပ်ရှိတယ်၊
အဲဒီ သူလျှောက်ထားသွားတဲ့ အတိုင်းပဲ ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်။
 
(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...