သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, June 5, 2013

PostHeaderIcon * အနှိုင်းမဲ့ မေတ္တာတော်နှင့် မေတ္တာကြွေး *


* အနှိုင်းမဲ့ မေတ္တာတော် *
          *********
ဖေဖေရဲ့ မေတ္တာ
စာနာ နွေးထွေး၊
မှန်ရာညွှန် "ရန်"ကာပေး၍
ရှာဖွေကျွေးမွေး။

မေမေရဲ့ မေတ္တာ
ကြင်နာ ပွေ့ထွေး၊
သွန်သင်ကာ စီမံကျွေး၍
လိုရာလည်းပေး။
××××××××××××××

* မေတ္တာကြွေး *
   -------------

ကျေးဇူးကြီးစွ ၊ မိနှင့်ဘကို
ဝမ်းဝအောင်ကျွေး ၊ ပြုစုပေး၍
နွေးထွေးကြင်နာ ၊ နှုတ်ချိုစွာဖြင့်
သစ္စာအားနှင့် တွေးမှတ်ကာ၊
မေတ္တာများဖြင့် ကြွေးဆပ်ပါ။

တရားသဘော ၊ ဘုရားဟောတွင်
အိုသောမိဘ ၊ ပြုစုကြသည့်
မိန်းမ , ယောက်ျား ၊ ထိုလူသားကို
နတ်များက ချစ် ၊ လူလည်း ချစ်၍
မေတ္တာတန်ခိုး ၊ လွှမ်းခြုံမိုးကာ
ကောင်းကျိုးသုခ ၊ လက်ငင်းရပြီး
ဘဝအစွန် ၊ တမလွန်၌
ဦးချွန် ပြသာဒ် ၊ ဘုံစဉ်ထပ်သည့်
နတ်မင်း၏အိမ် ၊ နတ်စည်းစိမ်ကို
ကြိမ်ဖန်များစွာ ၊ စံရပါမည်.....
လူဟာ အနေတတ်သောကြောင့်၊
သူဟာ အသေမြတ်သောကြောင့်။

သို့တည်းမဟုတ် ၊ ကြမ်းတမ်းယုတ်၍
နှုတ်က မချို ၊ အလို မဖြည့်
မတွေ့ , မပေး ၊ မကျွေး , မကြည့်
ရိုင်းသည့် မူထား ၊ သမီး , သားကို
နတ်များ မချစ် ၊ လူက ပစ်၏
မေတ္တာတန်ခိုး ၊ တန်ပြန် ထိုးလျက်
ဆိုးကျိုး ဒုက္ခ ၊ ယခုရပြီး
ဘဝအစွန် ၊ တမလွန်တွင်
လှံချွန်အုပ်မိုး ၊ ငရဲအိုး၌
ထိုးလိုက် မြှုပ်လိုက် ၊ မီးနှင့်မြှိုက်ဖြင့်
စိတ်ကြိုက် ကျီစား ၊ ငရဲသား၏
လက်ဖျားထက်တွင် ၊ သေပွဲဝင်ကာ
ပြန်ရှင် ပြန်သတ် ၊ ဝဲသို့ ပတ်ရင်း
ကပ် အသင်္ချေ ၊ ခံရလေမည်.....
အနေ မတတ် ခဲ့သောကြောင့်။ ။
အသေ မမြတ် ခဲ့သောကြောင့်။ ။

ကျော်မိုး ( စကားဝါမြေ )
၅၊၆၊၂၀၁၃(ဗုဒ္ဓဟူးနေ့)


{ လူမှန်လျှင် အနေတတ်ဖို့လို၏။ အသေမြတ်ဖို့လို၏။
အနေတတ်၊ အသေမြတ်ဖို့ရာ သီလရှိဖို့ လို၏။
မိဘ၏ မွေး,ကျွေးခဲ့သည့် မေတ္တာကြွေးကို ဆပ်ဖို့ လို၏။

အရပ်စကားဖြင့် နှုတ်ကြွား သီလထက်၊
ပရမတ်သွားအရ မိမိရဲ့ စိတ်မှာ လူ့သီလတရား (သု/ဒု ၁၀ ပါး)
သိဖို့၊ ကျင့်ဖို့၊ ရှိဖို့ လို၏။

သီလရှိမှ အနေတတ်သော လူကောင်း ဖြစ်နိုင်၏။
လူကောင်းဖြစ်မှ လူမြတ်ဘဝ ရနိုင်၏။
တဘဝစာ အနေတတ်သူ ဖြစ်သလို 
ထာဝရအတွက် ရှင်နေသူလည်းမည်၏။

သီလမရှိသူသည် တဘဝစာ နေရင်း ထာဝရအတွက် သေနေသူဖြစ်၏။

ရွှေမြန်မာ၌ "ကျားကျား မီးယပ်"လူနှင့် "ငါ့စကားသည် ငါ့တရား"လုပ်နေသူ များ၏။
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ရာတွင်လည်း လုပ်အားမပါပဲ
နှုတ်စကား၌သာ လမ်းဆုံးသူ များ၏။
သေမင်းက တံခါးလာခေါက်မှ တရားပေါက်သံမျိုးဖြင့်
မှားပါပြီ ၊ကြောက်ပါပြီဟု အော်မြည်သူ များ၏။
(ထိုအထဲတွင် ကျွန်ုပ်သည်ပင် အဖွဲ့ဝင်တယောက် ဖြစ်နိုင်၏။)
အလွယ်ယုံ၊အလွယ်ကြိုက်၊ အလွယ်လိုက်၊အလွယ်လုပ်သော
ကျုပ်တို့ ရွှေမြန်မာများ စိတ်တံခါးဖွင့်၍ 
မိမိကိုယ်ကို ယုံကြည်စိတ်ချ လုံခြုံမှုရအောင်
ပြုပြင်,လေ့ကျင့်,သင်ယူသည့် ဓလေ့ မွေးမြူကြဖို့ နှိုးဆော်ပါ၏။

လူသားအားလုံး အမှန်တရားကို သိ၍ သတိရှိသူများ ဖြစ်ကြပါစေ။
အနေတတ်သူ၊ အသေမြတ်သူများဖြစ်ကြပါစေဟု ဆန္ဒပြုလျက်။}

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...