သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, June 5, 2013

PostHeaderIcon အနန္တတန်ခိုးရှင် သို့ ...

 

အနန္တတန်ခိုးရှင် သို့ ...

***************

အစဉ်ထာဝရ  နွေးထွေးလှတဲ့
အေးမြကြည်လင်  အမေ့ရင်ခွင်မှာ
ပူပင်စရာတွေ  ပန်းလိုကြွေတုန်း
နင်းခြေရက်စက်  ဂုဏ်ဓနလက်ကို
ချိုးဖျက်တွန်းလှန်  မခုခံနိုင်လို့
ကြံရာမရ  အမေ့ကို ဦးချကာ
ထွက်ခဲ့ရပြီ  တိုင်းတပါးဆီ ...။

အမေနဲ့ ကျွန်တော့်ကြား  မိုင်တွေခြားလည်း
မြစ်များလိုပင်  အမြဲတသွင်သွင်နဲ့
ထာဝစဉ်စီးဆင်း  အမေ့ရင်တွင်းမှာ
ချစ်ခြင်းတွေဟာ  သုံးမကုန်တာမို့
ကန္တာခရီးကြမ်း  သားရဲ့လမ်းထဲ
ရေချမ်း ဘယ်အခါ ပြတ်မလည်းလေ ....။

ငယ်စဉ်တောင်ကျေး  ကလေးဘဝလေးမှာ
ဝမ်းရေးအတွက်  တိုက်ပွဲထွက်ရင်း
ချွေး မျက်ရည်စက်  နေ့စဉ်ထွက်လည်း
မပြောရက်ခဲ့ပါ  သားအလိမ္မာကို
အနာဂတ်ပန်း  ထာဝစဉ်လန်းအောင်
မပန်းမမော  ဘဝရဲ့တောမှာ
သောကဟူသမျှ  ခဝါချပြီး
ပြုစု ယုယခဲ့သူ အမေ ....။

မြို့ပြရဲ့ '' လ ''၊  မျက်နှာသာ မရသလို
နိမ့်ကျပညာ  ညှိုးငယ်စွာနဲ့
ဒဏ်ရာ ခရောင်းလမ်း  အမေဖြတ်သန်းလည်း
အနာဂတ်ပန်းခင်း  လောကအတွင်းမှာ
အနင်းခံဘဝ  သားတို့ မကျအောင်
ဆုံးမသွန်သင်  ပဲ့လည်းပြင်တဲ့
မိခင်မာတာ  ကျေးဇူးကမ္ဘာကို
ရင်မှာလွမ်းရင်း  အသက် အပ်နှင်းမည်
မယွင်းသော သစ္စာ သွေးတွေဖြင့်...။

နာကျင်ကိုက်ခဲ  လောကဓံထဲဝယ်
လဲချော် ပြိုကျ  ဒဏ်ရာရတိုင်း
တမ်းတမိတာ  အမေ့မေတ္တာမို့
အကြင်နာတွေက  လိုတိုင်းရသလို
လဲကျ ပြန်ထ  ဒီလူ့ဘဝမှာ
အနန္တတန်ခိုးရှင်  အို ...မိခင်သို့
ရင်ဝယ်ညွှတ်တွား  ဦးထိပ်ထားပြီး
ရေးသား ဂုဏ်ပြုလိုက်ပါ၏...။

ကိုဇော် (မလေးရှား)
11.5.2013 
( အမေများ အားလုံးကို ဂုဏ်ပြုလိုက်ပါ၏)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...