သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, June 10, 2013

PostHeaderIcon ပုထုဇ္ဇန် လေးမျိုး


'ပုထုဇဉ် လေးမျိုးဆိုသည်မှာ'
=========================
ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင် ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေး ဖော်ပြပေး
ပါမယ်။
(၁) အန္ဓဗာလ ပုထုဇဉ်၊
(၂) အန္ဓပုထုဇဉ်
(၃) ကလျာဏ ပုထုဇဉ်၊
(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ရှိပါတယ်။ အန္ဓဗာလ ပုထုဇဉ် ဆိုတာကတော့
အန္ဓဆိုတာ ကန်းတာ ဗာလဆိုတာ မိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော
မိုက်သော ပုထုဇဉ် ဆိုပြီးတော့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာ
ကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကို ဘာမှ မသိမြင်တတ်ပါဘူး။ ဝိပဿနာဆို
တာကို ကြားတောင် မကြားချင်တာပါ။ ဝိပဿနာနဲ့ လုံးဝ မထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ 
ကုသိုလ် အကုသိုလ်ဆိုတာလည်း အယုံကြည် မရှိတဲ့အတွက် ဘာတခုမှ ကောင်းတာမလုပ်ပဲ အကုသိုလ် ဖြစ်စရာတွေသာ ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူကတော့ မိုက်လည်း
မိုက်တယ် ကန်းလည်းကန်းတဲ့တွက် အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။

နောက်ပုထုဇဉ်တမျိုးကတော့ အန္ဓပုထုဇဉ်ပါ။ ဒီပုထုဇဉ်ကတော့ အများဆုံးဖြစ်နေတဲ့ အရေ

အတွက်ပါ။ သူကတော့ ပရမတ်တွေ၊ ဓါတ်တွေ၊ သစ္စာတွေ မသိလို့ အန္ဓတော့ အမည်ရပါတယ်။
ဒါပေမယ့် ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ် အကုသိုလ်လုပ်ရင် အကုသိုလ်ရတယ် ဆိုတာ
တော့ နားလည်ပါတယ်။ နားလည်တဲ့အတွက်လည်း တတ်စွမ်းသ၍ ကုသိုလ်လေးလုပ်လိုက် အကုသိုလ်လေးလည်း မတတ်သာရင် လုပ်မိလိုက်ပေါ့။ ဒါပေမယ့် တတ်နိုင်သ၍တော့ အ ကုသိုလ်ကို ရှောင်ပါတယ်။ စာလိုပြောရရင်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်မှန် အနည်း ငယ်ရှိတယ်လို့ ဆိုရမှာပေါ့။ မိုက်တော့ မိုက်တဲ့အထဲ မပါပဲနဲ့ လုံးဝ ကန်းတဲ့အထဲ ပါတဲ့အတွက်
လည်း သူ့ကို အကန်းပုထုဇဉ် (သို့) အန္ဓပုထုဇဉ်လို့ ခေါ်တာပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ၁၀၀မှာ
၉၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ပုထုဇဉ် နောက်တမျိုးကတော့ ကလျာနပုထုဇဉ်ပါ။ ကလျာဏပုထုဇဉ်မျိုးကိုတော့ လူယဉ်

ကျေးပုထုဇဉ်လို့ ခေါ်လို့ရသလို သူတော်ကောင်းစာရင်းဝင်လို့လည်း ပြောလို့ရပါတယ်။ ဗုဒ္ဓရဲ့
အဆုံးမတွေကို အနည်းနဲ့အများ လေ့လာပြီး အဆုံးမအတိုင်း လိုက်နာကျင့်သုံးတဲ့ သူမျိုးပါ။ တရားဓမ္မနဲ့ဆိုင်ရာကို မေးလိုက်ရင် ခန္ဓာကဘာ၊ အာယတနကဘာ၊ သစ္စာဆိုတာကဘာ ဆို
တာကို တန်းကနဲ ဖြေနိုင်တယ်၊ ပြောနိုင်ပါတယ်။ ဒါပေမယ့် မဂ်ဖိုလ်ရစေမယ့် ဝိပဿနာ ကျင့်
စဉ်ကျတော့ နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး။ အပြော အသိတွေနဲ့တင် လမ်းဆုံးပြီး မဂ် ဥာဏ်ဖိုလ်ဥာဏ်ရစေမည့် ဝိပဿနာ ကျင့်စဉ်မျိုးကျတော့ ဆက်လက် အားမထုတ်သေးတဲ့
သူမျိုးပါ။ စိတ်ကောင်းနှလုံးကောင်းရှိတယ်။ သီလတွေ လုံခြုံအောင် စောင့်ထိန်းတယ်။ တတ်
နိုင်သလောက် ကောင်းမှုကုသိုလ်တွေ လုပ်ဆောင်နေပေမယ့်။သံသရာကလွတ်မယ့် ဝိပဿနာ အကျင့်မျိုးကျတော့ ကျင့်ဖို့ အဆင့်မတက်ပဲ အဲဒီ့အဆင့်မှာတင် ရပ်တန့်နေတဲ့ သူမျိုးကိုတော့ ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။

နောက် ပုထုဇဉ်ထဲမှာ အမြင့်မြတ်ဆုံး ပုထုဇဉ်ကတော့ စူဠသောတာပန် ပုထုဇဉ်ဆိုတာပါ။

သူကတော့ ဝိပဿနာတရားကို စိတ်ဝင်စားပြီး တကယ်လည်း လုပ်ဆောင်ကျင့်ကြံပွားများတဲ့
ပုဂ္ဂိုလ်ပေါ့။ ပရမတ်တရား ဓါတ်တရားတွေ နာကြားအားထုတ်လိုက်တဲ့ အတွက်ကြောင့်လည်း
နမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သေချာသိသွားတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ ခန္ဓာ ငါးပါးဖြစ်ခြင်းရဲ့ အ
ကြောင်းကို သိမ်းဆည်းပြီးသိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ် နှစ်ပါးကို ရရှိသွားတဲ့ သူကိုတော့ စူဠ
သောတာပန်ပုထုဇဉ် လို့ခေါ်ပါတယ်။ စူဠသောတာပန် ပုထုဇဉ်အဆင့်ကို ရောက်သွားရင်
အပါယ်လေးဘုံကို လုံးဝ မကျတော့ပါဘူး။ ဒီဘဝမှာ တနေ့မဟုတ် တနေ့ သောတာပတ္တိမဂ်ကို
ဧကန်မုချ ရတော့မှာပါ။ မဂ်တားဖိုလ်တား အန္တရာယ်ငါးပါး တပါးပါးရှိနေလို့ ဒီဘဝ မဂ်ဖိုလ်
မရနိုင်ဘူး ဆိုရင်လည်း နောက်ဘဝမှာ ဧကန်မုချ မဂ်ဖိုလ်ကို ရတော့မှာပါ။ စူဠသောတာ
ပန် ပုထုဇဉ်ဘဝကို ရောက်မှလည်း ဉာဏ်အမြင်ကန်းတဲ့ ဘဝက လွတ်မြောက်ပါတယ်။ အားကျဖို့ ကောင်းပါဘိ။

ဘုရားရှင်ဟောပြဆုံးမတဲ့ ပုထုဇဉ်လေးမျိုးကို ဘာလို့ ချပြရသလဲဆိုတော့ လူအများစုဟာ အန္ဓပုထုဇဉ်(အကန်းပုထုဇဉ်)တွေ များလို့ပါ။ အကန်းပုထုဇဉ် ဖြစ်နေသ၍ အပါယ်လေးပါးက မလွတ်နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကောင်းတာတွေ

လုပ်နေနေ ဉာဏ်မျက်စိ ကန်းနေတဲ့အတွက် သေခါနီးအချိန်မှာ စိတ်မထားတတ်ရင် စွဲမိစွဲရာ စွဲပြီး ရောက်ချင်တဲ့နေရာ ရောက်သွားမှာမို့လို့ပါ။ ဒါ့ကြောင့်လည်း ကျေးဇူးရှင် မိုးကုတ်ဆရာ
တော်ဘုရားကြီးက အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ဆိုပြီးတော့ အမြဲမှားကြားသွားခဲ့တာ
ပေါ့။ ကျွန်တော်တို့တွေလည်း ဒါန၊ သီလ ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေမှာတင် ရပ်မနေပဲ
ရှေ့တိုးပြီး ဝိပဿနာ တရားကို နာကြားအားထုတ်သင့်ပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့
အလုပ်တွေကို အမြင့်ဆုံး ကုသိုလ် ဖြစ်တဲ့ ဝိပဿနာကုသိုလ်နဲ့ တွဲလုပ်နိုင်ရင်တော့ အကောင်း
ဆုံးပေါ့။ ဒါမှလည်း ဒါနကို သံသရာမလည်အောင် ပြုတတ်မယ်၊ သီလကို သံသရာမလည်
အောင် ဆောက်တည်တတ်မှာပါ။ ဒီလိုမှ မဟုတ်ရင် ဝိပဿနာဉာဏ်မပါတဲ့ ဒါန၊ သီလတွေ
ဟာ သံသရာမှာ အထပ်ထပ် လည်စေနိုင်တဲ့အတွက် သံသရာမှာ အထပ်ထပ် သေချင်တဲ့ ဆုတောင်းမျိုးတွေ တောင်းမိနေတော့မှာပါ။ ဒါ့ကြောင့်လည်း ဘုရားရှင်က ဝိပဿနာတရား
ကို နာကြားအားထုတ်ဖို့ အထူးမှာကြားခဲ့တာပါ။

ဘုရားစကားနားထောင်ပြီး ဝိပဿနာတရား နာကြားအားထုတ်ကာ စုဠသောတာပန် တည်

သွားတဲ့ မထက်ထက်အောင် အကြောင်းလေးလည်း အားကျဖွယ်ရာ ထည့်သွင်း ဖော်ပြပေး
လိုက်ပါတယ်။ အင်မတန် အားကျဖို့ ကောင်းပါတယ်။ လူ့ဘဝရဲ့ တန်ဖိုးကို အဓိပ္ပါယ်ရှိရှိ အ
သုံးချသွားတဲ့ လူတယောက်ပါပဲ။ ကျွန်တော်တို့တွေလည်း နိဗ္ဗာန်ရောက်ဖို့ဆိုတာကို ခဏ
လောက် ထားလိုက်ပါဦး။အရင်ဆုံး ဝိပဿနာတရား နာကြားအားထုတ်ပြီး အပါယ်တံခါးပိတ်
ဖို့ စူဠသောတာပန်ဖြစ်ဖို့ ကြိုစားဖို့လိုပါတယ်။ စူဠသောတာပန် ဖြစ်ပြီဆိုရင်ကို နိဗ္ဗာန်တံခါး အ
လိုလို ပွင့်သွားပါပြီ။ ဓမ္မမိတ်ဆွေအပေါင်း စူဠသောတာပန် မထက်ထက်အောင်ကို အားကျ
အတုယူကာ ဝိပဿနာတရား ကျင့်ကြံပွားများ နိုင်ကြပါစေ..။
မဂ်ဖိုလ် နှိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။


(348dhamma )ဆိုဒ်မှ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...