သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 14, 2013

PostHeaderIcon ကေတီဗွီ


KTV
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက
ကလေးငယ် သုံးဆယ့် ငါးသန်းအတွက် ရှာကီရာဟာ
သူမရဲ့လုံးဝန်းတဲ့ တင်ပါး အိအိတွေကို
ဝှေ့ရမ်း လှုပ်ခါပစ်လိုက်တယ်...၊
အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့
ညဝတ်အင်္ကျီထဲက ပန်းနုရောင် ပေါင်တံတွေဟာ
အာဟာရ ချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ
တဖွဲဖွဲ ဝင်လာမယ့် ရံပုံငွေတွေပဲ
ကဲ . . . ဘာထူးလို့လဲ...
ကျွန်မမောင်လေး နောက်နှစ် ကျောင်းဆက်ထားနိုင်ဖို့
သိုးစော်နံနေတဲ့ အဲဒီ အဆီတထပ် အသားတထပ် ခန္ဓာကိုယ်ကြီးတွေကို
ကျွန်မ အခု နှိပ်ပေးနေရတယ်...
ကျွန်မအမေ မြန်မြန် နေပြန်ကောင်းလာအောင်လို့
ကျွန်မ စကပ်တွေ တဖြည်းဖြည်း တိုတို လာရတယ်...
တလတလ အလျင်မီအောင် အိမ်စရိတ် ထောက်ဖို့အရေး
ရှင့်ကို အကြင်နာတွေ ပေးပေးနေရတယ်...
ကောင်းရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . .
ကျွန်မတို့ အထည်တွေ မချုပ်ကြတော့ဘူး...
စက်ရုံတွေ ပိတ်သွားပြီ...၊
ကျွန်မတို့ ပန်းရံလည်း မလုပ်နိုင်ကြဘူးလေ...၊
ခွန်အားနဲ့ အတက်ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ
ဈေးကောင်းရတာပဲ ..
ကျွန်မတို့ ရောင်းစားလိုက်ကြတော့တယ်...။
ကျွန်မ နာမည်လား?
အမေပေးခဲ့တာတောင် မေ့တေ့တေ့ရယ်...
ကျွန်မနာမည် ကြယ်စင်... ကျွန်မနာမည် နံနက်ခင်း...
ကျွန်မနာမည် တာရာ ... ကျွန်မနာမည် အလင်္ကာ...
ဟုတ်တယ်လေ ...
ကျွန်မတို့ မတည်မြဲကြဘူး...။
ကျွန်မတို့ဟာ 
လျှပ်စီးကြောင်းနဲ့ ပတ်ကြား အက်နေတဲ့ မိုးတိမ်တွေပဲ...၊
ကွက်ကျားမိုးတွေ ဖွံ့ဖြိုး တိုးတက်လာချိန်မှာ
ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦး မှိုပွင့်တွေပဲ...၊
စီးဆင်းနေတဲ့ ငွေကြေး စာရင်ဇယားတွေ ဘေးမှာ
ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ...၊
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကို ကြည့်သလို
ရှင် ကျွန်မကို မကြည့်ပါနဲ့...၊
ရှင့်စကားနဲ့ ကျွန်မကို အဖျားခတ်လိုက်ပုံက
ကျွန်မတို့ကပဲ သူများအိမ်ထောင်ရေးတွေပေါ်
လမ်းကြိတ်စက် တက်မောင်းနေသလိုလို...
ကျွန်မတို့ကပဲ သူများ မိသားစုတွေကို...
ကူးတို့ဆိပ်မှာ မှို့အိတ် ဖွင့်နေသလိုလို...
ကျွန်မတို့ကပဲ
ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့ စာမျက်နှာတွေကို
ပလုပ်တုတ် ခေါက်နေသလိုလို...
အချစ်တဲ့ . . .
ရှင် လေချဉ် တက်လိုက်တာလား..?
ဘီယာစော် နံလိုက်တာ
ဟုတ်ပါတယ်...  ဟုတ်ပါတယ်
ကျွန်မတို့ အလုပ်က သဒ္ဒါစည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီပါဘူး...၊
ကျွန်မတို့ ဘဝတွေကလည်း ဝါကျတည်ဆောက်ပုံ မမှန်ကန်ပါဘူး...၊
ဒါပေမယ့် . . . ဒါဟာ 
အမှောင်နဲ့ ချိန်တွယ်ရတဲ့ ဝန်ဆောင်မှုပါရှင်...၊
"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး 
ကျွန်မတို့ အားလုံးဟာ
ရှင်တို့ ယောက်ျားတွေရဲ့ လျှို့ဝှက်တဲ့ စက်ရုံမှာ
အချိန်ပို ဆင်းရတဲ့ ခွေးသွားစိပ် တွေပါပဲ...။

တကယ်တော့ ကမ္ဘာကြီး ပူနွေးလာရတာလည်း 
ကျွန်မတို့နဲ့ မဆိုင်ပါဘူး။
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း 
ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင် 
ကျွန်မတို့ တခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ်...၊
ဘောစိနော် ဘော်ကယ်ကြေးလေး တပဲ ခြောက်ပြားနဲ့
ရှင် ကျွန်မကို ဒီအတိုင်း ပြစ်မထားခဲ့နဲ့ဦး...၊
အိုခေ . . . ဒီငယ်ကျွမ်းဆွေ တပုဒ် ဆိုပြီးသွားရင်
တဆက်ရှင်စာ  အချိန်စေ့ပြီ...
နောက်တခါလည်း ကျွန်မတို့ ဆီကို
ဒီလို ဆင်တွေ တအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ...၊
သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။

မောင်ရှင်စော
ရတီ 
from   Fb
(သဘောကျမိလို့ သိမ်းလိုက်ရပေမယ့်.. စိတ်မချမ်းသာမှုများစွာနဲ့ပါ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...