သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, June 16, 2013

PostHeaderIcon မိတ်ကောင်း ဆွေကောင်း




မိတ်ကောင်း ဆွေကောင်း

“လောကမှာ မိတ်ကောင်းဆွေကောင်းရှိဖို့လိုတယ်” လို့ လူတွေကပြောလေ့ရှိကြတယ်။

သို့သော် မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးသာ မိတ်ကောင်းဆွေကောင်းလဲဆိုတာ သိဖို့ အရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းရဲ့အ ဓိပ္ပာယ်ကို ဖော်ထုတ်တဲ့အခါမှာ လွဲချော်မှုတွေ ရှိကောင်းရှိနိုင်တယ်။ သို့မဟုတ် မိတ်
ကောင်းဆွေကောင်းကို သရုပ်ဖော်တဲ့အခါမှာ မပြည့်စုံတာတွေရှိနိုင်တယ်ပေါ့။ 
မိတ်ကောင်းဆွေကောင်း လိုအပ်တယ်ဆိုတာကိုတော့ လူတိုင်းလက်ခံတယ်။ ဘယ်လို
ပုဂ္ဂိုလ်မျိုးဟာ မိတ်ကောင်းဆွေကောင်းလဲဆိုတာကျတော့ လူတိုင်းမသိနိုင် ဘူးပေါ့။

        မိတ်ကောင်းဆွေကောင်း လိုအပ်တယ်ဆိုတာ ဘယ်အတိုင်းအတာအထိ လိုအပ်သလဲ

ဆိုတာ သိရအောင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ ဒေသနာ
တော်တွေကို လေ့လာ ကြည့်ကြရမယ်။

       ဘ၀ကြီးပွားတိုးတက်ရေးအတွက် မိတ်ကောင်းဆွေကောင်းလိုအပ်တာပဲ။ ဘ၀သံသ

ရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မောက်ပြုဖို့အတွက်လည်း မိတ်ကောင်း
ဆွေကောင်း လိုအပ်တာပဲ။ လောကီရေးရာကိစ္စမှာဖြစ်ဖြစ်၊ လောကုတ္တရာရေး ကိစ္စမှာဖြစ်
ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာရှိတယ်။

ကြီးပွားတိုးတက်ဖို့ အင်္ဂါနှစ်ရပ် 

       မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့အတွက် အင်္ဂါနှစ်ချက် ဖော်ပြထားတာရှိတယ်။
 လောက သံသရာနှစ်ဖြာကြီးပွားရေးအတွက် -
(၁) မိတ်ကောင်းဆွေကောင်းရှိရမယ်။ ဒါက အပြင်ဘက် အကြောင်းတရား External 

Condition ပေါ့။
(၂) ယောနိသော မနသိကာရ- မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်း

ဘက် အကြောင်းတရား Internal Condition ပေါ့။ အပြင်အကြောင်းတွေက ဘယ်လောက်
ကောင်းကောင်း ယောနိသော မနသိကာရ ဆိုတဲ့ အတွင်းအကြောင်း Internal Condition 
မကောင်းဘူး ဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်းအပြင် ဘက်စုံကောင်းဖို့ လိုအပ် တယ်လို့ မြတ်စွာဘုရားက ဟောတယ်။
                                  အတွင်းနဲ့အပြင် အကြောင်းနှစ်ခု  

နေရာတိုင်းမှာ မြတ်စွာဘုရားဟာ အကြောင်းကို နှစ်ခုနှစ်ခု ဟောလေ့ရှိပါတယ်။ သေသေ
ချာချာ သတိထားကြည့်ရင် သိနိုင်တယ်။ External Condition, Internal Condition-
အပြင်ဘက်က အကြောင်းတရာ၊ အတွင်းဘက်က အကြောင်းတရား။ အတွင်းနဲ့အပြင် ဒီ
အကြောင်းနှစ်ခု ပေါင်းစပ်ပြီးမှ အကျိုးတရား ထုတ်လုပ်လို့ရတယ်။ ဒါသိပ်သဘာဝကျ
တယ်။

ဆိုပါစို့၊ ဘုန်းကြီးတို့တတွေ နေ့စဉ်စားနေတဲ့ အစာအာဟာရပဲကြည့်လေ။ ခန္ဓာကိုယ်က

ကျန်းမာမှုလို့ ကံကြောင့်ဖြစ်တဲ့ သြဇာလို့ခေါ်ရတဲ့ အတွင်းအာဟာရရုပ်က အခြေအနေ
ကောင်းဖို့လိုတယ်။ အပြင်ဘက်က စားလိုက်တဲ့ အစာထဲမှာပါလာတဲ့ ဗဟိဒ္ဓသြဇာ External
nutriment, အဲ့ဒီနှစ်ခု ပေါင်းသပ် လိုက်တဲ့အခါကျတော့မှ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်တယ်။

ဒါကြောင့်မို့ အပြင်အစားအစာလည်း လိုအပ်တယ်။ အတွင်းက ကျန်းမာရေးအခြေအနေ

ကောင်းဖို့ လည်း လိုအပ်တယ်။ ကျန်းမာရေးအခြေအနေ မကောင်းတဲ့ ပုဂ္ဂိုလ်ကို ဘယ်
လောက် အစာကျွေးနေနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးနော်။ အေး .. အဲ့ဒါ
ကြောင့်မို့ အတွင်းအပြင်နှစ်မျိုး နေရာတကာမှာ လိုအပ်တယ်ဆိုတာ အင်မတန်မှ လက်
တွေ့ကျတယ်။ ထို့အတူပဲ အပြင်ဘက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။ အတွင်းလူ ကိုယ်တိုင်မှန်ကန်တဲ့ နှလုံးသွင်းတရားရှိရမယ်။အဲဒီနှစ်ခုပေါင်းစပ်ပြီဆိုရင် ကောင်းကျိုး ချမ်း သာတွေရနိုင်တယ်။

အပြန်အားဖြင့် နားလည်ရမှာက အပြင်ဘက်က မိတ်ကောင်းဆွေကောင်းမရှိဘူး၊ ကိုယ်

ကိုယ်တိုင်ကလည်း ယောနိသော မနသိကာရ လို့ခေါ်တဲ့ မှန်ကန်စွာ တွေးတောဆင်ခြင်
တတ်မှု မရှိဘူးဆိုရင် အကျိုးဆုတ်ယုတ်လိမ့်မယ်ပေါ့။

မကောင်းကျိုးတွေဖြစ်ဖို့ အခြေခံအားဖြင့် ဒီအကြောင်းတရားတွေပဲ။ ကောင်းကျိုးတွေရဖို့

ဟာလည်း အခြေခံအားဖြင့် ဒီအကြောင်းနှစ်ခုပဲ။ အတွင်းနဲ့အပြင် အကြောင်းတရားနှစ်ရပ်
ပေါင်းစပ်ပြီးတဲ့အခါမှ အကျိုးတခုဖြစ်ပေါ်တာ“မိစ္ဆာဒိဋ္ဌိဖြစ်မှု၊သမ္မာဒိဋ္ဌိဖြစ်မှု”နဲ့ ပတ်သက်ပြီး
တော့လည်း မြတ်စွာဘုရားက ဒီလိုပဲ ဟောထားတာရှိတယ်။ 
                 
                                        မိစ္ဆာဒိဋ္ဌိဖြစ်မှုနဲ့ သမ္မာဒိဋ္ဌိဖြစ်မှု
   နမူနာယူပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့အတွက် ပြောကြရအောင်။ လူတယောက်
အတွေး အခေါ်တွေ မှားသွားအောင်၊ အယူအဆတွေ မှားသွားအောင်၊ မှားယွင်းတဲ့ အတွေး
အခေါ်တွေ ရသွားအောင် အကြောင်း ဘယ်နှစ်မျိုးရှိလဲဆိုရင် နှစ်မျိုးရှိတယ်တဲ့။

          ပရတောဃောသ =သူတပါးထံမှဟောပြောပို့ချတဲ့ အသံတွေ၊ ဒါအပြင်ဘက်က အ

ကြောင်းတရားပဲ။ အယောနိသော မနသိကာရ = ကိုယ်တိုင်က မှန်မှန်ကန်ကန် ဆင်ခြင်
နှလုံးသွင်းမှု မရှိဘူး၊ အတွင်းပိုင်း ဆိုင်ရာအကြောင်း၊ အပြင်ဘက်ကလည်း မမှန်ကန်တဲ့
ဟောပြောချက်တွေကို နားထောင်မယ်။ ကိုယ့်ရဲ့ နှလုံးသွင်းမှုကလည်း မှန်ကန်မှုမရှိဘူးဆို
ရင် ဒီပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲ။ ဒါ မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း အကြောင်းပဲ။

      သမ္မာဒိဋ္ဌိ-မှန်ကန်တန်အမြင်ရဖို့ဆိုတဲ့ နေရာမှာလည်း အတွင်းအကြောင်းနဲ့ အပြင် အ

ကြောင်းနှစ်ခု ပေါင်းစပ်ထားတာပဲ။ ပရတောဃောသ-မှန်မှန်ကန်ကန်ဟောပြောပို့ချတဲ့ တ
ရားဓမ္မအသံကို ကြားနာမှုက အပြင်အကြောင်း၊ယောနိသောမနသိကာရ-အသိဉာဏ်နဲ့ ဆင်
ခြင်စဉ်းစားနိုင်မှုက အတွင်းအကြောင်း။ အဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါ သမ္မာ
ဒိဋ္ဌိ လို့ခေါ်တဲ့ မှန်ကန်တဲ့ အမြင်တခု ရှိလာနိုင်တယ်။

  အရင်သာရိပုတ္တရာ မထေရ်မြတ် သောတာပန်ဖြစ်ပုံကြည့်ဦး။ သူ့ဘာသာဖြစ်သွားတာ မ ဟုတ်ဘူး။အရှင်သာရိပုတ္တရာအလောင်းဟာ ပင်ကိုယ်အနေအထားက အင်မတန် ဉာဏ်ထက်

တဲ့ ပုဂ္ဂိုလ်ပဲ။ ရဟန်း ဖြစ်လာမှ ဉာဏ်ထက်တာမဟုတ်ဘူး။ မွေးကတည်းက Intelligent
ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲ။သို့သော် အပြင်ဘက်က အကြောင်းတခု လိုနေသည့်အတွက်ကြောင့်
အမှန်တရားကို လိုက်ရှာတာ အတော်ကြာအောင် မတွေ့နိုင်ဘူး။

   ကြည့် -  ဘာကြောင့်လဲ၊ အတွင်းအကြောင်းရှိသော်လည်း အပြင်အကြောင်းတရားက အ

ထောက်အပံ့မပေးသေးဘူး။ အရှင်အဿဇိနဲ့တွေ့တဲ့အခါ ဗုဒ္ဓ၀ါဒကို အကျဉ်းချုပ်ပြီး ယခုလို ရှင်းပြလိုက်တယ်။
“ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော”
“သဘာဝတရားတွေဟာ အကြောင်းကို အခြေခံတာဖြစ်တယ်။ အဲဒီတရားတွေရဲ့အကြောင်း

ရင်း အစစ်မှန်ကို မြတ်စွာဘုရားကဟောတယ်” အဲဒီအကြောင်းတွေ ချုပ်ငြိမ်းသွားလို့ရှိရင်
အကျိုးတရားတွေ ချုပ်ငြိမ်းသွားတယ် ဆိုတာကိုလည်းပဲ မြတ်စွာဘုရားဟောတယ်။ ချုပ်
ငြိမ်းတဲ့ နည်းလမ်းတွေကိုလည်း ဟောတယ်လို့ သစ္စာလေးပါးကို အကျဉ်းချုပ်ပြောလိုက်တာ
ဒုက္ခနဲ့ သမုဒယ ဒီနှစ်ခု နာလိုက်တာနဲ့ အရှင်သာရိပုတ္တရာ အလောင်းဟာ သောတာပန်
ပုဂ္ဂိုလ်ဖြစ်သွားတယ်။

“ပရတောဃောသ” လို့ခေါ်တဲ့ မှန်ကန်တဲ့ တရားသံက ပြင်ပအကြောင်းတရား။မိမိကိုယ်၌က အသိဉာဏ်ရှိတယ်၊မှန်မှန်ကန်ကန် စဉ်းစားတတ်တယ်ဆိုတဲ့ ယောနိသောမနသိကာရက အ

တွင်း အကြောင်းတရား External Condition အချိုးညီညီ ပေါင်းစပ်လိုက်တဲ့
အခါ သောတာပန်အဆင့် ရောက်သွားတာ။ သံသယတွေ ကင်းသွားတယ်။ မှန်ကန်တဲ့အမြင် တခုရသွားတယ်။  ဒါဆိုရင် မိတ်ကောင်း ဆွေကောင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆို
တာ မထင်ရှားပေဘူးလား။

    သံသရာခရီးမှာ လျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မိတ်ကောင်းဆွေကောင်းဆို

တာ အင်မတန်မှ အရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းအရေးကြီးသလို မိမိကိုယ်တိုင်
ကလည်း ယောနိသော မနသိကာရ = (Wise attention) မှန်မှန်ကန်ကန်စဉ်းစားတတ်မှု ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ကလည်း လိုအပ်သေးတယ်။ အဲဒီအခြေအနေနှစ်ရပ် ဟန်ချက်ညီညီ
မိမိတို့သန္တာန်မှာ ရှိပြီဆိုရင် လောက ကြီးပွားရေးပဲလုပ်လုပ်၊နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့တရား
ဓမ္မပဲကျင့်ကျင့် ဒီပုဂ္ဂိုလ်ဟာ အောင်မြင်မှာ သေချာတယ်။
    အဲဒီတော့ ဘုန်းကြီးတို့တတွေ အကျိုးကို လိုချင်လို့ရှိရင် အကြောင်းကို ဆည်းပူးရတယ်။

အကျိုးကို မှန်းမျှော်ပြီး အကြောင်းတရားကို နားမလည်ဘူးဆိုရင် ရပါမလား၊မရဘူး။ အ
လင်းရောင် လိုချင်လို့ရှိရင် လျှပ်စစ်မီးဖြစ်စေ၊ ဖယောင်းတိုင်မီးဖြစ်စေ တခုခုထွန်းရမယ်မ
ဟုတ်လား။ အလင်းရောင် တိုက်ရိုက်ယူလို့ ရတာမဟုတ်ဘူး။ အလင်းရခြင်းရဲ့အကြောင်း
တခုကို ရှာဖွေရတာပဲ။ ထို့အတူပဲ ကောင်းကျိုးချမ်းသာကို ရချင်ပြီဆိုလို့ရှိရင် ကောင်းကျိုး
ချမ်းသာ ရနိုင်တဲ့အကြောင်း တရားတွေ လုပ်ဖို့လိုတယ်။ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာဘူး။

  လောကလူတွေကြည့်လေ.. မျက်စိက ကောင်းတာ၊လှတာလေး၊ နှစ်သက်စရာလေး မြင်

လိုက်လို့ရှိရင် ဟယ်-မင်္ဂလာရှိလိုက်တာ ပြောကြတယ်မဟုတ်လား။ နားက သာယာတဲ့အသံ
လေး ကြားလိုက်ရင်လည်း ဟယ်-မင်္ဂလာရှိလိုက်တာ။ဒါ ဒီကနေ့ လောကလူတွေ ပြောနေကြ
တဲ့ မင်္ဂလာနော်။ မြတ်စွာဘုရားက အဲဒီလိုမဟုတ်ဘူး။ ကောင်းတာလေးမြင်တာနဲ့ မင်္ဂလာ ရှိ တယ်လို့မဟောပါဘူး။
ကောင်းတဲ့အသံလေးကြားရရုံနဲ့ မင်္ဂလာရှိတယ်လို့ မဟောဘူး။မင်္ဂလာရှိတယ်ဆိုတာ လူမိုက်

ကို မပေါင်းတာ မင်္ဂလာရှိတယ်။ ပညာရှိ လူသူတော်ကောင်းကို ပေါင်းသင်းဆက်ဆံတာ မင်္ဂ
လာရှိတယ်လို့ (၃၈)ဖြာ မင်္ဂလာတရားကို ဟောသွားတာ။ မင်္ဂလာမှန်သမျှ အကြောင်းတရား
တွေချည်းပဲ။ ဒါတွေလုပ်လို့ ပြောတာနော်။ လုပ်ရမှာနဲ့ မလုပ်ရမှာ ဒီနှစ်ခုပဲ ပြောသွားတာ။

“အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော” 
မလုပ်ရမည့်ဟာတွေကို ပြောထားတာနော်။ အာရတီ ၀ိရတီ ပါပါ- မကောင်းတာတွေရှောင်

တဲ့ မဇ္ဇါနာ စ သံယမော- အရက်သေစာ,ဘီယာ ဒါတွေမသောက်နဲ့တဲ့။

ဟော… ကိုယ်က ဒါတွေ မရှောင်ဘူး၊ မင်္ဂလာရှိပါမလား၊ မရှိနိုင်ဘူး။ မင်္ဂလာဆိုတာ ဘာလဲဆို

ရင် ဘ၀မှာ အောင်မြင်ကြီးပွားမှုနဲ့ ချမ်းသာသုခ ရရှိမှုဟာ မင်္ဂလာပဲ။ အဲဒီ မင်္ဂလာတွေကို ရ
ချင်ရင် မင်္ဂလာရကြောင်းတရားတွေကို ဆည်းပူး အားထုတ်ရမှာဖြစ်ပါတယ်။ ယခုဒီမှာလည်း
ပဲ မိတ်ကောင်းဆွေကောင်းဆိုတာ အကြောင်းတခုပဲ။ မိတ်ကောင်းဆွေကောင်းနဲ့ ပတ်သက်
ပြီး သံယုတ္တနိကာယ်သုတ္တန် တခုမှာ အရှင်အာနန္ဒာ စဉ်းစားကြည့်ပုံ ပြပထားတယ်။ အရှင်
အာနန္ဒာ စဉ်းစားပုံက လောကလူတွေ စဉ်းစားပုံနဲ့ တူတယ်။

လောကလူတွေစဉ်းစားတာ ဘယ်လိုစဉ်းစားလဲဆိုရင် အေး..ဆရာသမားကလည်းသင်တာပဲ။

ဒါပေမဲ့ ငါကိုယ်တိုင်လည်း ကြိုးစားတယ်။ အဲဒီတော့ ဆရာသမားရဲ့ အထောက်အပံ့က (၅၀)
ရာခိုင်နှုန်း။ ငါ့ရဲ့ အောင်မြင်မှုကြီးပွားမှုမှာ ဆရာနဲ့ငါဟာ (၅၀+၅၀)ပဲလို့ ဒီလိုပြောကြတယ်။

တခါတုန်းက အရှင်အာနန္ဒာ တွေးပုံဟာ လောကလူသားတွေတွေးပုံနဲ့ သွားတူတယ်။ သူက ဘယ်လိုမြတ်စွာဘုရားကို လျှောက်လဲဆိုတော့ “အရှင်ဘုရားတဲ့၊ ဟောဒီ ဗြာဟ္မစရိယ-မြတ်

သောအကျင့် ကျင့်နိုင်ဖို့၊ နိဗ္ဗာန်ချမ်းသာကို မျက်မောက်ပြုဖို့ဆိုတဲ့ကိစ္စမှာ ‘ကလျာဏမိတ္တ’
ဆိုတဲ့ မိတ်ကောင်းဆွေကောင်းဟာ တ၀က်လောက် အကျိုးပြုနိုင်ပါတယ်” ဘရားကို ဒီလို
လျှောက်တယ်။ (၅၀) ပဲ၊ ရာနှုန်းအပြည့် မဟုတ်ဘူး။ ရာနှုန်း(၅၀) ။

အရှင်အာနန္ဒာက အဲဒီလိုလျှောက်တော့မြတ်စွာဘုရားက မိန့်တယ်။“အာနန္ဒာ၊ အဲဒီလိုမပြော

နဲ့”တဲ့။ “မင်းပြောတာ မမှန်ဘူး၊ မဟုတ်ဘူး” တဲ့။ “မြတ်သောအကျင့်ကို ကျင့်ပြီး ထူးခြားတဲ့ 
တရားဓမ္မကို ရတယ် ဆိုတဲ့ဟာ ရာနှုန်း (၁၀၀) အပြည့်၊ မိတ်ကောင်းဆွေကောင်းတွေရဲ့ အ
ကျိုးပြုမှုပဲ” တဲ့။ မိတ်ကောင်းဆွေကောင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာပါ တယ်။ မြတ်စွာဘုရားက ဘာ အထောက်အထားပြတုန်း ဆိုလို့ရှိရင် “ကဲ၊ မင်းစဉ်းစားကြည့်
အာနန္ဒာ၊ ငါဘုရား မပွင့်ဘူး ဆိုလို့ရှိရင် အခုလို တရားတွေ သိခွင့်ရပါ့မလား၊ မရဘူး” ဘုရား
ပွင့်လို့ တရားဟောလို့ ဒါတွေကို သိရတာဆိုတော့ ဒီ သိရတဲ့အသိဟာ အကုန်လုံး ဘုရားရှင်
ပေါ်မှာ ရာနှုန်းအပြည့် တည်နေတာပဲ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကိုကြည့်လေ။ မိတ်
ကောင်း ဆွေကောင်းကို ရှာမတွေ့နိုင်သည့်အတွက်ကြောင့် အမတ ဆိုတဲ့တရားကို ရှာတာ
ရှာလို့မတွေ့ဘူး။ အရှင်အဿဇိနဲ့ တွေ့တဲ့အခါကျမှ အမတတရားတွေကို တွေ့တယ်။ ဒါဟာ
ရာနှုန်းပြည့် အဿဇိမပါဘူး ဆိုလို့ရှိရင် လုံးဝ မသိနိုင်ဘူးပေါ့။ အဲဒီတော့ မြတ်စွာဘုရားက မိတ်ဆွေကောင်းဟာ ရာနှုန်းပြည့် အကျိုးပြုတယ်လို့ ဟောတော်မှုတယ်။

ဘုရားမပွင့်ဘူး ဆိုလို့ရှိရင်၊ ဘုရားရဲ့တရားမနာရလို့ရှိရင် သံသရာဝဋ်ဆင်းရဲထဲမှာ ဒုက္ခ

ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဇရာတရားကလည်း မလွတ်နိုင်ဘူး။ မရဏတရားကလည်း
မလွတ်နိုင်ဘူး။ဘုရားဟောကြားတဲ့ တရားကို နာရတဲ့အတွက်ကြောင့် ဇရာမရဏမှ လွတ်
ကြရတယ်။ ဒါ့ကြောင့် ရာနှုန်းပြည့် အကျိုးပြုတယ်။
သုတ္တန်တခုမှာ အရှင်သာရိပုတ္တရာက ဒီစကားမျိုးကို မြတ်စွာဘုရားအား လျှောက်ဖူးတယ်။ အရှင်သာရိပုတ္တရာဆိုတာကတော့ မြတ်စွာဘုရားပြီးရင် ဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်။သူ

မြင်တာက မြတ်စွာဘုရား မြင်သလိုပဲမြင်တယ်။ လောကလူသားတွေလို မမြင်ဘူး။ မြတ်
သောအကျင့်ကို ကျင့်ဖို့၊တရားထူး တရားမြတ်ရဖို့ဆိုတဲ့နေရာမှာ ကလျာဏမိတ္တဟာ လုံးဝ
ရာနှုန်းပြည့် အကျိုးပြုပါတယ်ဘုရားလို့ မြတ်စွာဘုရားကိုလျှောက်တော့ မြတ်စွာဘုရားက
မှန်တယ်တဲ့။

အဲဒါကို ကြည့်မယ်ဆိုရင် နိဗ္ဗာန်ကို မျက်မှောက်ပြုမယ့်အရေးမှာ ကလျာဏမိတ္တ ဆိုတဲ့ မိတ်ကောင်း ဆွေကောင်းရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထင်ရှားတယ်။ အင်မ

တန်မှ အရေးကြီးတယ်လို့ ပြောရမှာပဲနော်။ အဲဒီလို နိဗ္ဗာန်ချမ်းသာလို့ သံသရာဝဋ်က လွတ်
မြောက်တဲ့ ချမ်းသာသုခမျိုးရဖို့ ကလျာဏမိတ္တဟာ အရေးကြီးသေးတယ်။

ဒီလောက်အရေးပါတဲ့ ကိစ္စတောင် ကလျာဏမိတ္တ ပါရသေးတယ်။ သာမန်လောကီရေး

ကိစ္စတွေမှာလည်း ကလျာဏမိတ္တက အကျိုးပြုမယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။
ဒါကြောင့်မို့ မိတ်ကောင်း ဆွေကောင်းရှိဖို့ လိုတယ်ဆိုတာ အားလုံးလက်ခံတယ်။မိတ်
ကောင်းဆွေကောင်း ပေါင်းသင်းရမယ်လို့ အသိဉာဏ်ရှိတဲ့လူတိုင်းက လက်ခံတယ်။

သို့သော် ကိုယ်ပေါင်းနေတဲ့ မိတ်ဆွေဟာ တကယ် မိတ်ကောင်းလား ဆွေကောင်းလား ဆို

တာ လူတိုင်းမသိနိုင်ဘူး။ မိတ်ကောင်းထင်ပြိး ပေါင်းသင်းဆက်ဆံနေကြတာတွေ အများ
ကြီးရှိတယ်နော်။မိတ်ကောင်းဆွေကောင်း မဟုတ်ဘူး၊သို့သော် ကိုယ်က မိတ်ကောင်းဆွေ
ကောင်း ထင်နေတယ်။မိတ်ဆွေဆိုတာ အားကြီးတဲ့ မှီရာ အကြောင်းတခုပဲ။“ ဥပနိဿယ
ပစ္စယော” လို့ မြတ်စွာဘုရားက ဟောထားတာရှိတယ်။

အေး..မိတ်ကောင်း ဆွေကောင်းနဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်မှာ ဟော

ထားတာ။ အဲဒီ ထိုထို သုတ္တန်တွေမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် မိမိတို့အနေနဲ့ မိတ်
ကောင်း ဆွေကောင်းကို ရွေးတတ်လာပါလိမ့်မယ်။ အဲဒီသုတ္တန်တွေကို ဖတ်ရှုလေ့လာခြင်း၊
နာယူ မှတ်သားခြင်းဖြင့်“တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တို့အတွက် မိတ်
ကောင်းဆွေကောင်းလား”

ကိုယ်က မိတ်ကောင်းဆွေကောင်း ရှာတယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကကော တဖက်သားရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်အောင် မလုပ်သင့်ဘူးလား။ လုပ်သင့်တယ်နော်။ အေး..အဲဒီ

အပိုင်းကို မမေ့ကြနဲ့။ ကိုယ်ကတော့ မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းသင်းချင်တယ်။ 
ကိုယ်ပေါင်းတဲ့ ပုဂ္ဂိုလ်ရဲ့ မိမိကိုယ်တိုင် မိတ်ကောင်းဆွေကောင်းဖြစ်ရမယ်၊ ဟုတ်ရဲ့လား။ 
Association - ပေါင်းသင်း ဆက်ဆံရေးဆိုတာ တဖက်သတ် ကြည့်လို့မရဘူး။ နှစ်ဖက်စလုံး
ကြည့်ရမယ်။ နှစ်ဖက်စလုံး ကြည့်လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်ကလည်း မိတ်ကောင်း
ဆွေကောင်းဖြစ်ရမယ်။
                                                   မိတ်ကောင်းဆွေကောင်း အကဲခတ်နည်း 

မိတ်ကောင်းဆွေကောင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အင်္ဂုတ္တနိကာယ်မှာ

မိတ္တသုတ် ဆိုပြီး ဟောထားတာရှိတယ်။ အဲ့ဒီထဲမှာ ပေါင်းထိုက်တဲ့ မိတ်ဆွေကောင်းရဲ့သွင်
ပြင် လက္ခဏာ ဟောပြထားတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုး လူကောင်းလိုပဲ၊
ရုပ်ပုံကြည့်ရုံနဲ့ သိပါမလား၊ မသိဘူး၊ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး။ ဒါကြောင့် ငယ်ငယ် တုန်းက ပြောကြတယ်။ လူဆိုးဆိုတာ ချိုနဲ့မှ မဟုတ်တာ ဘယ်သိမလဲ၊ ချိုပေါက်နေရင်တော့
သိချင်သိမယ်။
(ဒေါက်တာနန္ဒမာလာဘိဝံသ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...