သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 22, 2013

PostHeaderIcon နှလုံး တိုက်ခိုက်ခံရခြင်း

နှလုံး တိုက်ခိုက် ခံရခြင်း


နှလုံးတိုက်ခိုက်ခံရခြင်း ဆိုသည်မှာ နှလုံးကြွက်သား အစိတ်အပိုင်း အချို့ သေဆုံး သွား
ခြင်းဖြစ်သည်။ သွေးထောက်ပံ့မှု ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်။ နှလုံးတိုက်ခိုက်ခံရ
ခြင်း(Heart Attack)ဟု ခေါ်လေ့ရှိကြပြီး တနည်းအားဖြင့် နှလုံးကြွက်သားများ ပုပ်သွားခြင်း
(Myocardial Infarction) ဟုလည်း ခေါ်ကြသည်။ နှလုံးတိုက်ခိုက်ခံရခြင်းသည် နှလုံးသွေး
လွှတ်ကြော များအတွင်း သွေးကြော မာခဲကျဉ်းမြောင်းခြင်း၏ နောက်ဆုံးရလဒ် ဖြစ်သည်။ ရင်ဘတ်အောင့်ဝေဒနာ (Angina) ခံစားရခြင်း ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သေဆုံး
ရခြင်း အကြောင်းရင်းများထဲ၌ အဓိက အကြောင်းရင်းတခုမှာနှလုံးတိုက် ခိုက်ခံရခြင်း
ဖြစ်သည်။

ဖြစ်ပွားရခြင်း အကြောင်းရင်းများ
များသောအားဖြင့် နှလုံးသွေး လွှတ်ကြောရောဂါ ဖြစ်ရသည့် အခြေခံ အကြောင်းရင်းမှာ
နှလုံးသွေးကြော မာခဲကျဉ်းမြောင်းခြင်းဖြစ်သည်။
ခံစားရသည့် လက္ခဏာများ
နှလုံးတိုက်ခိုက်ခံရခြင်းသည် ရုတ်တရက် ဖြစ်ပေါ်လာတတ်ပြီး အောက်ပါ ဝေဒနာများ
ကြုံတွေ့လာရနိုင်သည်။
(၁) ပြင်းထန်ဆိုးဝါးသော၊ လေးလံသော၊ဆုတ်ညှစ်ထားသလို နာကျင်မှုမျိုး ကြုံတွေ့ရသည်။
ရင်ဘတ် အလယ်ခေါင်တွင် ပို၍ဆိုးပြီး လည်ပင်းနှင့် သွားများမှ တဆင့် လက်မောင်းများ ဆီသို့ ရွေ့လျားသွားသည်။ အထူးသဖြင့် ဘယ်ဘက်လက်မောင်း
ဖြစ်သည်။ တခါတရံတွင် တံတောင်ဆစ်တွင် နာကျင်တတ်သည်၊
(၂) အရေပြား ဖြူဖျော့ အေးစက် သွားခြင်း၊
(၃) အသက်ရှူ မြန်လာခြင်း၊
(၄) ပျို့ခြင်းနှင့် တခါတရံ အန်ခြင်း၊
(၅) စိုးရိမ်သောကဖြစ်ခြင်းနှင့် သေရမည်ကို ကြောက်ရွံ့ခြင်း ခံစားမှုပါ တခါတရံတွဲ၍
      ဖြစ်ပေါ်လာတတ်သည်၊
(၆) ဂနာမငြိမ် အနားမရခြင်း၊ တို့ဖြစ်သည်။

နောက်ဆက်တွဲရှုပ်ထွေးမှုများ ဖြစ်ပေါ် လာနိုင်သလား
(၁) ပထမ မိနစ်အနည်းငယ်အတွင်း စိုးရိမ်ရသည့် အဓိကအန္တရာယ်မှာ ရုတ်တရက် နှလုံး
စွမ်းဆောင်ရည် ကျဆင်းခြင်း (Acute Heart Failure) နှင့် နှလုံးခုန်ရပ်သွားခြင်း
(Cardiac Arrest) တို့ ဖြစ်သည်။
(၂) ပထမ နာရီအနည်းငယ်အတွင်း နှင့် ရက်အနည်းငယ်အတွင်း ကြုံတွေ့ရနိုင်သည့်
အဓိက အန္တရာယ်များမှာ နှလုံးခုန် မမှန်ခြင်း (Irregular Heart Beat သို့မဟုတ်
Arrhythmia) ဖြစ်သည်။
(၃) နှလုံးတိုက်ခိုက်ခံရပြီး ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ် ကြာသောအခါ နှလုံး ညှစ်အား လျော့နည်းလာပြီး နာတာရှည် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (Chronic
Heart Failure) ဖြစ်လာနိုင်သည်။ ထိုအချိန်တွင် ခံစားရမည့် လက္ခဏာများမှာ အသက်ရှူ မဝခြင်း၊ ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း စသည်တို့ဖြစ်သည်။ နှလုံးအဆို့ရှင် တခုခု
ပျက်စီးသွားပါက သို့မဟုတ် ဖုံးအုပ်ထားသော အမြှေးပါး ရောင်ရမ်း လာပါ က နှလုံး
အမြှေးပါး ရောင်ရမ်းခြင်း Pericarditis ဖြစ်ပြီး အထက်ပါ နှစ်ခုစလုံးဖြစ်ပါက နှလုံးစွမ်း
ဆောင်ရည် ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။
ရောဂါအမည် ဘယ်လိုရှာဖွေမလဲ
ECG (Echocardiogram) ရိုက်ကြည့်ပါက နှလုံးတိုက်ခိုက်ခံရခြင်း ဟုတ်၊ မဟုတ် သိနိုင်သည်။
ရောဂါ အတည်ပြုရန်အတွက် သွေးနမူနာ ယူပြီး စမ်းသပ်စစ်ဆေးနိုင်သည်။ နှလုံးကြွက်သား
များ ထိခိုက်သည့်အခါ အချို့သော အင်ဇိုင်းများ ထွက်လာ ပြီး သွေးထဲရောက်လာခြင်း
ကြောင့်ဖြစ်သည်။
( ရိုးရာလေးမှ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...