သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 21, 2013

PostHeaderIcon “အမေ့ရွာ”


အမေ့ရွာသည်
သာယာငြိမ့်ငြောင်း၊ ကျေးငှက်ပေါင်း၏
ချိုလောင်းသံသာ၊ တေးထံတျာနှင့်
သဘာဝဖွဲ့၊ ပီပြင်ခဲ့၏ ။

အမေ့ရွာ၏
မျက်နှာမူရာ၊ ရှေ့ဆီမှာလည်း
ရပ်ရွာအတွက်၊ ကျိုးပြုလျှက်သာ
တစ်ဖက်ဆည်ကန်၊ တည်ရှိပြန်၏ ။

အမေ့ရွာကို
ဝဲယာ ဝန်းကျင်၊ ထနောင်းပင်နှင့်
စိမ်းရွှင် ထန်းတော၊ ယာတစ်ကြောက
မနောခွေ့ဖွယ်၊ ဝန်းကာ ကွယ်၏ ။

အမေ့ရွာသို့
ဝင်ရာ အထူး၊ ရွာထိပ်ဦးဝယ်
ကြယ်နူးဖွယ်ကောင်း၊ ရွာဦးကျောင်းကို
နှစ်ထောင်းအားရ၊ တွေ့မြင်ရ၏ ။

အမေ့ရွာ၏
နေရာ ဗဟို၊ ကုန်းမိုမိုဝယ်
ကြည်ညို တည်ထား၊ မြတ်ဘုရားမှာ
ညွတ်တွားမဝ၊ သပ္ပါယ်လှ၏ ။

အမေ့ရွာဝယ်
ဘာသာကိုချစ်၊ မျိုးကျစ်လစ်လျှက်
သွေးစစ် နောင်ညီ၊ ဘာမထီသော
ဇာနည်သားပေါင်း၊ အင်အားကောင်း၏ ။

အမေ့ရွာ၌
ပျူငှါယဉ်ကျေး၊ စိတ်ထားဖွေး၍
အေးဆေးတည်ကြည်၊ မြန်မာပီသော
မဒီကညာ၊ များလှပါ၏ ။

မေ့ရွာခြေနေ၊ တည်တံ့စေဖို့
ရွာနေလူထု၊ ဉာဏ်တင်ရှုလော့
ဂရုမထား၊ မြင်ဝေဝါးလျှင်
နှစ်များမကြာ၊ ချိန်အခါ၌
သဘာဝပျောက်၊ သောက ရောက်လိမ့်
ဦးနှောက်ကိုသုံး၊ ပေါင်းစည်းလုံး၍
စုရုံးညီညာ၊ ၀ိုင်းဝန်းကာမှ
မေ့ရွာ အလှ၊ မပျောက်ရှမည်
အပ္ပမာဒ တရား ရှိစေသောဝ်
ရပ်ရွာအလှအား မချိစေသောဝ် ။ ။

ရတုသစ်
ပန်းချီ sawhlaing

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...