သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 22, 2013

PostHeaderIcon မြန်မာနိုင်ငံ၏ သမ္မတများ


မြန်မာနိုင်ငံ၏ သမ္မတများ

၁။ စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများလေသည်။ သမ္မတ

တာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။ စ၀်ရွှေသိုက်ကို ၁၈၉၆. ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စဝ်ချုံ၊ အမိ
ဒေါ်စဝ် နန်းဆာတို့မှ ဖွားမြင်သည်။ ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်း
သားဖြစ်လေသည်။ ၁၉၃၇.ခု၊ ဇွန်လတွင် မြောက်ပိုင်း သိန္နီစော်ဘွား၏ နှမတော်
စဝ်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၁၁.ယောက် ထွန်းကားခဲ့သည်။ စဝ်ရွှေသိုက်
သည် (၂၁.၁၁.၁၉၆၂) အသက် ၆၆.နှစ်တွင်
ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၂။ ဒေါက်တာ ဘဦး (၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတတာဝန်ကို

(၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့လေသည်။ ဒေါက်တာဘဦးကို ၁၈၈၇.ခု
မေလ ၂၆.ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း။ ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊ အမိ ဒေါ်
ညွန့် တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ကိုးယောက်အနက် အကြီးဆုံး သားဖြစ်သည်။ ဘိုးဘေး
များမှာ မင်းမျိုးမင်းနွယ်ဖြစ်လေသည်။ ၁၉၁၃.ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့် လက်ထက်ပြီးသား
၂ယောက် ထွန်းကားခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့် ကွယ်လွန်ပြီး
နောက် ၁၉၂၃ တွင် ဒေါ်အေးနှင့် လက်ထက်ခဲ့ရာ သားသမီး ၅ ယောက်ထွန်းကားခဲ့သည်။
ဒေါက်တာ ဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆ နှစ်တွင် လူကြီးရောဂါဖြင့်
ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၃။ ဦးဝင်းမောင်(ခ)မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတတာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ ဦးဝင်းမောင်ကို ၁၉၁၆ခု၊ ဧပြီလ၊ ၁၇

ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ရွာတွင် အဖ ဦးရွှေရင်၊အမိ ဒေါ်
သာယာတို့မှ ဖွားမြင်ခဲ့သည်။ ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ ၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ သားသမီး ၆ ယောက် ထွန်း
ကားခဲ့သည်။ မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက်၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၎။ ဦးနေဝင်း (၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။သမ္မတတာဝန်ကို

(၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်
လေသည်။ ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖ ဦးဖိုးခ ၊အမိ ဒေါ်မိလေးတိုမှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ ပထမဆုံး ဒေါ်သန်းညွန့်နှင့် လက်ထက်ကာ သား
၁ ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့် လက်ထက်ကာ သား၂ ယောက်၊ တတိယ ဒေါ်ခင်မေ
သန်းနှင့် လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။ ၁၉၇၂ ခုတွင် ဒေါ်ခင်
မေသန်း ကွယ်လွန်ပြီး ၁၉၇၃ ခု တွင် ဒေါ်နီနီမြင့်နှင့် လက်ထက်ခဲ့သည်။ ထို့နောက်
၁၉၇၆ ခုတွင် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့် လက်ထက်ပြီး ငါးလ သာ ပေါင်းသင်းနေထိုင်ခဲ့သည်။
ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၅။ ဦးစန်းယု (၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို

(၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊ ၃ ရက်၊တနင်္ဂနွေနေ့၊ ပြည်ခရိုင်၊သဲကုန်းမြို့တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်
လေသည်။ ၁၉၄၇ ခုတွင် အင်းစိန် အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့် လက်ထက်ခဲ့
ပြီး သမီး ၄ ယောက် ထွန်းကားခဲ့သည်။ ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက် ၇၈
နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၆။ ဦးစိန်လွင် (၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို

(၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ဦးစိန်လွင်ကို ၁၉၂၄ ခု၊ ဇန်န၀ါရီလ၊
၂၇ရက်၊ တနင်္ဂနွေနေ့၊ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊အမိဒေါ်မမကြီးမှ ဖွားမြင်လေသည်။
ဒေါ်ရွှေတင်(ခ)ဒေါ် တင်တင်လှိုင်နှင့် လက်ထက်ခဲ့ပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့
သည်။ ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက် ၈၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၇။ ဒေါက်တာမောင်မောင် (၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတတာဝန်ကို

(၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ၁၉၂၅
ခု၊ဇန်န၀ါရီလ၊ ၃၁ ရက်၊ စနေနေ့၊ မန္တလေးမြို့တွင် အဖ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့မှ ဖွားမြင်လေသည်။ မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။ ၁၉၄၇ခုတွင် ဒေါ်
ခင်မြင့်နှင့် လက်ထက်ခဲ့ရာမှ သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။ ဒေါက်တာမောင်
မောင်သည် (၂.၇. ၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
 

၈။ ဦးသိန်းစိန် (၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။၂၀၀၈ခု၊ဖွဲ့စည်းပုံ

အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။
(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို ထမ်းဆောင်ရသည်။ ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ
ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့် လက်ထက်ပြီး သား
သမီး ၃ ယောက် ထွန်းကားလေသည်။ ယခုအခါ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ
အိမ်တော်တွင် နေထိုင်လျက်ရှိသည်။

( ဦးစောမောင် ၁၉၈၈၊ ၁၉၉၂၊ ဦးသန်းရွှေ ၁၉၉၂၊ ၂၀၀၇.အုပ်ချုပ်မှု အရ။ )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...