သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 21, 2013

PostHeaderIcon ဦးသန့်နဲ့ ဘာသာရေး



 ဦးသန့်နဲ့ ဘာသာရေး
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်
ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော
ရေး သားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင် သလဲလို့ မေးလာရင်တော့ ဦးသန့်ရဲ့ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြော ဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။

ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့“ငြိမ်းချမ်းရေးဗိသုကာဦးသန့်”ဆိုတဲ့ စာ

အုပ်မှာ အမှာစာရေးတော့ အောက်ပါအတိုင်းရေးထားတဲ့ စာတပိုဒ်ပါရှိပါတယ်။
“ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ပန်းတနော်ဇာတိဖြစ်သော ဦးသန့်

သည် ပြည်ပြည် တိုင်းကား၊ ကျော်ကြားသတင်း၊ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိ
များလျက်ရှိ နေပေသည်။
ဦးသန့်၏ ထင်ရှားကျော်စောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် ဦးသန့်၏ သူ
မတူအောင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်
သီလတို့၏ စွမ်းပကား တို့ကြောင့်ဟုလည်း ဆိုနိုင်ပါ၏။ တနည်းအားဖြင့် ဦးသန့်သည် ဣဿာမိစ္ဆရိယဟူသော စိတ်ယုတ်တို့ကို ပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ ဖြစ်
သော ဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာ
လက်ကိုင်ထားနိုင်သော ပါရမီအင်အား၊ ဘုန်းကံအင်အား ကြီးမားသော မင်း
ယောက်ျား ဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။”

ဦးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတဦးအဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။

ဦးသန့်အမြင်ဟာ တကယ့် ဗုဒ္ဓဘာသာဝင် စင်စစ်တဦးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။
ကုလသမဂ္ဂ အသိုင်းအ၀ိုင်းကလည်း ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ချီးမွမ်းကြ
ရာမှာ ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အချက်ကို မကြာခဏ ထည့်သွင်း
ပြောဆိုကြပါတယ်။

ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ်

(မဇ္ဈိမ ပဋိပဒါလမ်းစဉ်)လို ဖြစ်ပါတယ်။ ဦးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း ဗုဒ္ဓ၀ါဒီ
ဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဦးသန့်ဆောင်ရွက်ရတဲ့ အလုပ်တွေကလည်း ငြိမ်းချမ်း
ရေးအလုပ်ကို ဘက်မလိုက် ကြားနေရေး နေရာက သည်းခံစိတ်ရှည်စွာ လုပ်ရတဲ့ အလုပ်
တွေဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတဦး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်း

ကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သင်ရိုးစာအခြေခံတွေ မသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယ တက္က
သိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့
တင်းတိမ်နိုင်သူ မဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး အင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ အလေးပေးခဲ့ပါတယ်။

ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား

အဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ အခွင့်အရေးမျိုး မရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်း
ကို အထူးဝါသနာပါတဲ့အတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိ
ပါတယ်။
ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံ ရတယ်လို့

ဦးသန့်အပေါ်အကဲဖြတ်နိုင်တဲ့ အကြောင်းအချက်တခုကတော့ မန္တလေးတောင်မြို့မဟာ
ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြု အကျော်တဦးက ဦးသန့်လို လူဝတ်ကြောင်တဦးကို မိမိရဲ့ဘာသာရေးစာအုပ် (အနာဂတ်သာသနာ)မှာ အမှာစာ ရေး
ခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်ကြီးစရာဖြစ်ပေ
မယ့် ဦးသန့်ဟာ ဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနဲ့တော့ လုံးဝ
မတူပါဘူး။ ဦးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေးခြင်း စတဲ့ ကိစ္စတွေမှာ
အထူးအလေးအနက် ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှု အလွန်နည်းတဲ့ ငယ်ပေါင်း
ရောင်းရင်း ဦးနုနဲ့ ဦးသန့်တို့ဟာ နိုင်ငံတော်က ဘာသာရေးအတွက် ဆောင်ရွက်မှုမှာ
အကြီးအကျယ် သဘောကွဲလွဲခဲ့ဖူးပါတယ်။

ဦးနုဟာ ဆဋ္ဌမသင်္ဂါယနာတင် သာသနာ့ဒါယကာကြီးဘွဲ့ ခံလိုသူ ဖြစ်ပါတယ်။ ပဉ္စမ

သင်္ဂါယနာတင်ခဲ့တာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်
ဖို့ အလောတကြီး မလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာ
ပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်တက် အာဂုံသက်သက် မဟုတ်ပါ
ဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊
အင်္ဂလိပ်အ၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခဲ့ရတဲ့အပြင် ပြည်တွင်းစစ်မီးကလည်း တောက်
လောင် နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး အကြီး အကျယ် ငွေကုန်ကြေးကျ ခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦးသန့်က
အမုန်းခံပြီး ကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့
အာဏာလည်း ရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်
ကြီး ဦးထွန်းဖေက“ဘ၀ရှင်မင်းတရားကြီး”လို့ ခေါ်လောက်အောင် ဇွတ်တိုးလုပ်လေ့ရှိ
လာပါတယ်။ မိတ်ဆွေဦးသန့်ရဲ့ ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားက အစွဲဖြစ်ပေါ်ခဲ့

ပါတယ်။ မူလက လက်ဝဲ၀ါဒ ဖြန့်ချီခဲ့သူ သခင်နုက သာသနာ့ဒါယကာ ဖြစ်လာတဲ့အခါ
သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ ဖိနပ်စီး ပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာ
ဝင် ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာ လွယ်ပါတယ်။ သံဃာ
တော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုအခါ စောစောတုန်းက
လိုတော့ ကွန်မြူနစ်တွေကို ဓမ္မ န္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူ
တို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။

ဦးသန့်ကတော့ ဓမ္မာန္တရာယ်အဖြစ် စွဲချက်မတင်ပါဘူး။ ဦးနု တခါတလေ ပြောဖူးသလို“ကွန်

မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ”လို့ ပြောလိုပုံရပါတယ်။ ဗမာ
ကွန်မြူနစ်တွေကို ကွန်မြူနစ် အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။
သခင်သန်းထွန်းနဲ့ သခင်စိုးတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆိုပြီး သူတို့ စာစောင်တွေမှာ အပြန် အလှန်ရေးထားတာတွေကို စုပေါင်းတင်ပြပါတယ်။ အလံနီသခင်စိုးဟာ မူလက လူ(၃၀) လောက်ရှိရာက မြေရှင်
သူဌေးတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တဲ့အခါ လူဆိုးဓားပြတွေ ပါဝင်လာလို့ ချက်
ချင်း လူ(၃၀၀) လောက် ဖြစ်သွားခဲ့တယ်လို့ ရေးပါတယ်။ “ဓမ္မာန္တရာယ် မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့
စကားကို မသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲ လက်နက်အဖြစ် သုံးလေ့မရှိခဲ့ပါ။
ရှိတောင်မှ ဖဆလ ဆိုရှယ်အများစုလို အဓိက လက်နက်အဖြစ် မသုံးခဲ့ပါ။
 

ဦးသန့် တသက်တာမှာ မိခင်နဲ့ အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး
ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ
မကြားဖူးပါ။ အလှူအတန်း အကြီးဆုံး လုပ်ဖူးတာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ
ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေး ရန်ပုံငွေ အလှူအဖြစ် လှူခဲ့
တာပဲရှိပါတယ်။

ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင်

သာမန်ပြောရာ ကျပါမယ်။ ဦးသန့်ဟာ သူရဲ့ ရာထူးအရှိန်အ၀ါ အသုံးချပြီး အစိုးရ ၀န်ထမ်း
အနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းအနေနဲ့ ရော အခွင့်အရေး အလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုး
ရှာမှုမျိုး လုံးဝ မရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များတဲ့ လူမျိုးဟာ ဦးသန့်ကို
“ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ“ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး

ဗုဒ္ဓဘာသာကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်”လို့ အတိုချုပ်ပြောခဲ့ဖူးပါတယ်။
တကယ်တော့ ဦးသန့်ဟာ ဘယ်ဘာသာကို မဆို ရိုသေကိုင်းရှိုင်းတဲ့ လူယဉ်ကျေးဖြစ်ပါတယ်။ ဦးနုပြောတဲ့“ဦးသန့်ဟာ အလွန်ရိုးသား ဖြောင့်မတ်သူ”ဆိုတဲ့ စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့
ဂုဏ်ပုဒ်ပါပဲ။

ဦးအုန်းမြင့် (ဒို့ရှမ်းပြည်)ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့

“သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင်သော သွင်ပြင် အမူအရာရှိခြင်း”လို့ အချုပ်ပြောပါတယ်။အဲဒါကို“သာရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ"လို့ ပြောနိုင်ပါတယ်တဲ့။ သာရဏီယတရား ခြောက်ပါးဆိုတာက
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။ 

“ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ”လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။
“ဗုဒ္ဓဘာသာနှင့် ဦးသန့်”ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္က

သိုလ်စိန်တင် ပြုစုတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်”ဆိုတဲ့ စာအုပ်မှာ ဘာသာ
ပြန်ပြီး ဖော်ပြထားပါတယ်။

အဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် ဦးသန့်” (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလ

သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓ
ဘာသာသည်ပင် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်
နိုင်သော အထောက်အကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီး ပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓ
ဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး အမြတ်
ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။

ထိုသို့ ရည်ရွယ်ရင်းရှိကြသော လူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ

ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံ
သော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်
တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။ အထက်ပါစာဟာ ရိုက်တာသတင်းဌာနက ဂါဒီယန်သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအချက်တခုကို ဖောက်သယ်ချလိုက်
တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို

မိအေးနှစ်ခါနာဆိုသလို ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့်
စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်း
ခဲ့တာ စာအုပ်တွေနဲ့ အတူ သူ့အိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ
ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ
လည်း ရှိပါတယ်။ ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး မေတ္တာရှေ့ထား စဉ်းစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါတွေက ဦးသန့်ရဲ့ ပင်ကိုယ် အရည်အချင်းတွေပါ။ 

ဒီအရည်အချင်းတွေကို ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်
ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ဒီအရည်အချင်းတွေ ရှိနေတာလည်း မဟုတ်ပါ ဆိုတာကို
တော့ သတိပြုရပါလိမ့်မယ်။ ဦးသန့်က ဦးနုလို အယူသည်းမှုတွေ မပါရှိပါဘူး။ နတ်၊ ဗေဒင်၊
ပုတီးတွေ မပါပါဘူး။ ဦးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတကာထက် ပိုပါတယ်။ ဦးသန့်ကို ဗုဒ္ဓဘာသာဝင်တဦးလို့ ဆိုတာထက် “ဗုဒ္ဓဘာသာဝင်ကောင်းတဦး”လို့ “ကောင်း” ဆိုတဲ့
ဝိသေသတလုံး တိုးဖြည့်ပြောမှ တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့် ခုအခါ

မှာ မြန်မာနိုင်ငံရဲ့ဂုဏ်ရော ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ
အထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ ဦးသန့်ကို
မနာလို တိုရှည် ဖြစ်နေလို့လည်း မပြီးပါ။ ဦးသန့်ဂုဏ်တွေကို ဖျက်ပစ်လို့လည်း မရပါ။
မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါတယ်။

ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်

ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို
မေတ္တာရှေ့ထားပြီး တိုင်းပြည် ငြိမ်းချမ်းသာယာဝပြော စေချင်ပါတယ်ဆိုတဲ့ စေတနာထား
လိုက်ရင် အစစချောမောသွားပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူး

နိုင်ကြဘူးလို့ ထင်မနေပါလေနဲ့။  မကောင်းတာလုပ်ရင် လူတွေက ကိုယ့်ကို ရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် ဦးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတဦးကို“လူတော မတိုးစေနဲ့”ဆိုတဲ့ ရည်ရွယ်ချက်
နဲ့ အကျယ်ချုပ်၊ အကျဉ်းချုပ်ထားပေမယ့် လူတွေက တနေ့တခြား ပိုပြီးသာ ကြည်ညိုလာ
ပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများအကျယ်ချုပ် မထားရဘဲ ကိုယ့်ဘာသာ
အကျယ်ချုပ်ချကာ ခံနေရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးတွေအားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာအောင်

ဆောင်ရွက်နိုင်ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ အလေးပြုပါရစေ။

- မောင်စွမ်းရည်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...