သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 22, 2013

PostHeaderIcon အမျိုးသား နှလုံး ကျန်းမာရေး

အမျိုးသားတွေအတွက် အရေးကြီးဆုံးကတော့ အောက်မှာဖော်ပြထားတဲ့ အာဟာရ
ဓာတ် သုံးမျိုးကို မျှတအောင် စားသောက်နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ
ဖြစ်ပါတယ် တဲ့....

 မဂ္ဂနီဆီယမ် 

မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်
ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေး
ရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ 
မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

 ဗီတာမင်စီ

ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ်
အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊
ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ်
(Zinc) အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းနဲ့ လိင်စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံလောက်
လောက် ရရှိမှုအပေါ်မူတည်ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိ
အောင် လွှမ်းမိုးမှုလည်းရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊မှို၊ နေကြာစေ့နဲ့  ပဲပိစပ်
တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။

 အမျှင် (Fibre) 

သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံလောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊
နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ
လျော့ကျနိုင်ပါတယ်။
အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ
မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ 
(မြဝတီ) 

သင်၏ အလေးချိန်၊ သွေးတွင်းရှိ အဆီများ၊ သွေးတွင်းရှိသကြားဓာတ်နှင့် သွေးဖိအားများ
သည် သင်၏ နှလုံးရောဂါဖြစ်နိုင်ချေများ လျှော့ချရတွင် ကူညီနိုင်ကြောင်းကို နှလုံး၊ အဆုတ်နှင့် သွေးဌာနမှ ဒေါက်တာ ပတ်ထရစ် နိကန်စ် (ျWHO)က ပြောသည်။
ကျန်းမာပျော်ရွှင်သော ဘဝသည်လည်း နှလုံးရောဂါကို ကာကွယ်နိုင်သည်ဟု သူမက
ပြောသည်။
“နှလုံးရောဂါမဖြစ်စေဖို့ လိုက်နာရမယ့်အချက်တွေက ဆေးလိပ်မသောက်ရ၊ ကျန်းမာစေမယ့် ခန္ဓာကိုယ်အလေးချိန်ရဖို့ လေ့ကျင့်ခန်းပြုလုပ်ပါ၊ သင့် သမားတော်နဲ့ ဆွေးနွေးတိုင်ပင်ပါ” ဟု
သူမက ဆက်လက်ပြောကြားသည်။
ဒေါက်တာမစ်ရှဲမာဂီ၏ ပြောကြားချက်အရ အာဖရိကန် အမေရိကန်လူမျိုးများတွင် နှလုံးရော ဂါနှင့် လေဖြတ်ရောဂါများ ပျမ်းမျှထက် ပိုမိုဖြစ်ပွားကြောင်း သိရသည်။ လူတို့သည် သွေးတိုး
ရောဂါကို ကာကွယ် မထိန်းချုပ်နိုင်မှုနှင့် စစ်ဆေးမှုတို့ နည်းပါးကြသည်။ တချို့မှာ
သွေးတိုးရောဂါ ရှိမှန်းတောင် မသိရှိကြပေ။ ထို့ကြောင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ
ဖြစ်ပွားမှု တိုးပွားလာကြောင်း သူမက ပြောသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...