သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 8, 2013

PostHeaderIcon နယုန်လဘွဲ့



ရိုက်ချိုန်းရယ်တဲ့ စည်ပုစွန်၊
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဠာ ယှဉ်ကာပြည့်တယ်
ထွန်းသည့် ရောင်ဝှန်။

နွေနယုန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန် တက်ပါလို့
လေဟုန်စက် ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့် သွန်ပါလို့  စွေကာသဲ။

ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်လို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးကြလိမ့်
(ကွယ်) မွှေးတဲ့ လပဲ။


နယုန်လသည် မိုးကျသောလဖြစ်သည်။ ထိုလတွင် လယ်သမားတို့သည် ပျိုးကြဲကြသော
ကြောင့် စိန္တကျော်သူ ဦးသြက "နယုန်ဝါလ ကြဲကြ ပျိုးထောင်" ဟု စပ်ဆိုခဲ့သည်။ ဤသို့ ပျိုးထောင်ပျိုးကြဲအလုပ်ကို တောင်သူလယ်သမားတို့ လုပ်ကြသောအခါ စိုက်ပျိုးရေး၌
အောင်မြင်စေကြောင်း ရည်စူး၍ ပုန်းမကြည်ပွဲကို ကျင်းပကြသည်။ ပုန်းမကြည်ဟူသော
ဝေါဟာရမှာ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု ခေါ်သည် ဟု ဆိုသည်။
ကောက်ညှင်းပေါင်းကို ဘဲဥပြုတ်နှင့် တကွ ပန်းကန်ထဲထည့်၍ သတ်မှတ်ထားသော
လယ်မြေတဝိုက်၌ ပသပြီးလျှင် မြေပြင်ကို ရေသွန်းလောင်းရသည်။

ထိုလတွင် အရေးကြီးဆုံးပွဲတော်မှာ ပထမပြန်စာမေးပွဲများ ကျင်းပခြင်းဖြစ်သည်။ ရှေး
ခေတ် အလိုကို ပြောရသော် နယုန်လသည် စာဆိုတော်လဟူ၍ပင် မှတ်ယူသင့်သည်။ အဘယ့်ကြောင့်ဆိုသော် စာဆိုခြင်း၊စာပြန်ခြင်းတို့ကို ဤလ၌ ကျင်းပခြင်းသောကြောင့်
ဖြစ်သည်။ သို့ရာတွင် လောကီနှင့်လောကုတ္တရာကိစ္စတို့ကို ခွဲခြားလိုက်သောအခါ ယခု
ခေတ်ကာလတွင် နတ်တော်လကို စာဆိုတော်လ သတ်မှန်ခဲ့ကြလေပြီ။

ပထမပြန်စာမေးပွဲကို အင်းဝပြည့်ရှင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်
နှစ်တွင် စတင်ကျင်းပသည်ဟု မြန်မာ ရာဇ၀င်တို့တွင်ဆိုသည်။ ပထမပြန်စာမေးပွဲကျင်းပ
ရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိသာသနာ ထွန်းကားရေးဖြစ်သည်။ ပထမပြန်စာမေးပွဲ
အတွက် ရှင်လောင်း ပဉ္ဖင်းလောင်းတို့ ဖြေဆိုရန် သဒ္ဒါ၊သဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊အဘိဓာန်၊ သဒ္ဒတ္တဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ဝါစ္စဝါစက၊ ဝိဘတျတ္ထ၊ ဒွေမာတိကာ၊ မာတိကာဓာတု
ကထာ၊ ယမိုက်၊ပဋ္ဌာန်းကျမ်းတို့ကို ပထမငယ်၊ ပထမလတ်၊ပထမကြီး၊ပထမကျော်အဆင့် တို့အတွက် ပြဋ္ဌာန်းသည်။

သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန် စာမေးပွဲဆိုင်ရာ စည်း
ကမ်းဥပဒေများကို ထုတ်ပြန်၍ စနစ်တကျ ကျင်းပသည်။ စာမေးပွဲဝင်သူတို့သည်၊ ပါဠိကို
နှုတ်တက် အာဂုံပြန်ဆိုရသည်။ အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့် ဖြေဆိုရသည်။
အနက်အဓိပ္ပါယ်ကို ပုစ္ဆာထုတ်၍လည်း စာရွက်ဖြင့်မေး၊ စာရွက်ဖြင့် ဖြေရသည်။ ပထမကြီး
အောင်သူတို့တွင် အမှတ်အများဆုံးရသူကို ပထမကျော်ဘွဲ့ဖြင့် ချီးမြှင့်ပူဇော်သည်။

သီပေါမင်း ပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲများသည် ကိုးနှစ်ခန့် အဆက်ပြတ်ခဲ့လေ
သည်။ သက္ကရာဇ် ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၄) တွင် ပထမပြန်စာမေးပွဲများ ပြန်လည်ကျင်း
ပရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ်ပြီးလျှင် ၁၂၅၇ ခုနှစ် (ခရစ်နှစ်၁၈၉၆) နယုန်လက စ၍ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပသည်။သက္ကရာဇ် ၁၂၆၅ ခုနှစ်မှစ၍ အစိုးရ ပထမပြန်
စာမေးပွဲများကို အစဉ်ကို လိုက်၍ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာအသင်းများက ပရိယတ္တိ
စာမေးပွဲများကို ကျင်းပလာကြရာ ယနေ့ထိ နှစ်စဉ်ကျင်းပခဲ့ပါသည်။

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊
အဘိဓမ္မာစာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်
မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို
ဆောင်ရွက်လျှက်ရှိသည်။
ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြဝဠာ တိုက်တသောင်းမှ
နတ်ဗြဟ္မာ အပေါင်းတို့အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍
"မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်။

မောင်ထင် (မြန်မာ့ ဆယ့်နှစ်လအကြောင်း)


* ရာသီမေထုံ ၊ လနယုန် ၊ သင်းထုံ မြတ်လေး ၊ စပယ်မွေး *

ပန်းစံယ်၊
နန်းလယ်မှာ မပေါ် ခိုက်ဟာမို့
အလိုက် တော်တန်သင့်႟ရုံ ပ
ခံပွင့်ကို ကုံး။
နန်းရဝေ၊
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့ တယ်
တော့လေ့ ရွာသုံး။
(NweHninMoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...