သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, June 19, 2013

PostHeaderIcon "... တချိန်တုန်းက ..."


တချိန်တုန်းကပေါ့ ထုံးဖြူဖြူဖွေးနေတဲ့ စေတီကလေးတဆူရှိတယ် ။

ဘိုးဘွားတွေရဲ့ကြည်ညို ကိုးကွယ် ဦးခိုက်ခဲ့ရာ အင်မတန် သပ္ပါယ် လှတဲ့ စေတီဖွေး

ဖွေးလေးပေါ့။ တနေ့မှာ ညောင်စေ့လေး တစေ့ဟာ လေလွင့်ရာကနေ ခိုကိုးရာမဲ့နဲ့ ထုံး
ဖြူဖြူဖွေး စေတီလေးမှာ လာကပ်တယ်။ အားလုံးကလည်း အမှတ်တမဲ့နဲ့ပေါ့ ။ 
သတိ မထားမိဘူး။

တော်တော်ကြာလာတော့ အပင်ငယ်လေးဖြစ်လာတယ်။ ဒါလည်းပဲ အမှတ်တမဲ့ပဲ

နေတုန်းပါပဲ။ အပင်လေးက ငယ်သေးတာကိုး။ နောက်တော့ နည်းနည်းလေးကြီး
လာတယ်။
ဒီတော့ အတွေ့အကြုံ အမျှော်အမြင်ရှိတဲ့ သူတွေက ခုတ်ဖို့ အကြံပေးတယ်။ နုတ်ဖို့

အကြံပေးတယ်။
ဒါပေမယ့် ဒီအချိန်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းရှိသူတွေက ဒါဟာ ဘာမှမဟုတ်ပါဘူး။

ကိစ္စမရှိပါဘူး။ ဒီလိုပဲ ဖြစ်တတ်ပါတယ်ပေါ့။
စေတီနဲ့ ညောင်ပင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးပေါ့။ လူ့အခွင့်ရေးဆိုပြီး

ညောင်ပင်မှာလည်း " ညောင့် အခွင့်အရေး " ရှိတယ်ပေါ့။

အော်ကြ ဟစ်ကြ ငြင်းကြ ခုန်ကြနဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို မလုပ်နိုင်ခင်မှာပဲ

ညောင်ပင်ကို အခွင့်အရေး ပေးမိသလို ဖြစ်သွားခဲ့ရတော့တယ်။

ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ တချိန်တုန်းက အင်မတန် သပ္ပါယ်လှတဲ့ ထုံးဖြူဖြူ

ဖွေး စေတီလေးဟာ နှစ်အနည်းငယ်အတွင်း ညောင်ပင်ရဲ့ဝါးမျို သိမ်းပိုက်ခြင်းကို
ခံလိုက်ရပါပြီ။
မညီညွတ်ခြင်း ။ အမြော်အမြင်နည်းခြင်း ။ တန်ဘိုးကို နားမလည်ခြင်း။ ပေါ့ပေါ့ဆဆ

နေတတ်ခြင်းတို့ကြောင့် .......။

သတိ သံဝေဂ ယူနိုင်ကြပါစေ ။

from. Fb

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...