သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, July 4, 2013

PostHeaderIcon သရေခေတ္တရာနိုင်ငံတော်ကြီး



 သရေခေတ္တရာ နိုင်ငံတော်ကြီး

သရေခေတ္တရာဟူသည့်နာမည်မှာ ပါဠိဘာသာမှဆင်းသက်လာသည် မဟုတ်ဘဲ သက္ကတသံ

ဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ပြီး ကျက်သရေရှိသော လယ်ယာမြေဟုအဓိပ္ပါယ်ရပါသည်။ ဤ
နိုင်ငံတော်ကြီးကို ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း(ယခုပြည်မြို့အနီး)တွင် တည်ထောင်
ထားခဲ့ခြင်းဖြစ်ပါသည်။ တည်ထောင်သည့် ခုနှစ်မှာ- ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံပြီး အနှစ်
လေးဆယ်အကြာတွင် (တကောင်းပြည် နောက်ဆုံးမင်းဆက်၏ သားတော်) မဟာသမ္ဘဝ
မင်းသားက စတင် တည်ထောင်ခဲ့ပါသည်။ သို့သော် ယခု သရေခေတ္တရာ နန်းတော်နေ
ရာကို ပြောင်းရွှေ့ခဲ့သူ ဒွတ္တဘောင်မင်းကြီး (မဟာသမ္ဘဝ၏ တူတော်သူ) လက်ထက်သို့
ရောက်သောအခါ သရေခေတ္တရာနိုင်ငံတော်ကြီးမှာ တန်ခိုးအင်အား ကြီးမားစွာ
အောင်မြင်ခဲ့ပါသည်။

ဒွတ္တဘောင် မင်းကြီးဟူသော အမည်မှာ ရာဇဝင်လာ အမည်ဖြစ်ပြီး မူရင်းအမည်မှာ ဂြိဂုပ္တ
ဖြစ်ပါသည်။ (သမိုင်းလေ့လာသူများအနေဖြင့် ဤအချက်ကို အထူးသတိပြုသင့်ပါသည်။)
ကျောက် အရိုးအိုးများ၊ ကျောက်စာများတွင် ထွင်းထားခဲ့သည့် အမည်နာမများသည် မူရင်း အမည်များသာဖြစ်ပြီး ရာဇဝင်သမိုင်းများတွင် မှတ်မိလွယ်စေရန် သက်ဆိုင်ရာ ဘုန်းကံ
(သို့) ထူခြားချက်များကို သတ်မှတ်ခေါ်ခဲ့ကြပါသည်။ (ဥပမာ ကျန်စစ်မင်း၏ အမည်ရင်းမှာ
"သီရိဘဝနာဒိတျ ဓမ္မရာဇာ" ဖြစ်ပါသည်။)

သရေခေတ္တရာနန်းတော်ဟောင်းကြီးမှာ ရန်ကုန်မှ သွားလျှင် ပြည်မြို့အထွက် ပြည်-

ပေါက်ခေါင်း လမ်းမဘေးတွင် တည်ရှိပါသည်။ မြို့တော်ဟောင်း၏ မြို့ရိုးများကို ပြန်
လည်တူးဖော်ရာ မြို့တော်ကြီး၏ အကျယ်အဝန်းမှာ ၈ မိုင်ကျော်ရှိကာ မြို့ရိုးမှာ ကျုံး
သုံးထပ်ဖြင့် ကာရန်ထားပါသည်။ ထို့ကြောင့် သမိုင်းအထောက်အထားများအရ ထို
ခေတ်တွင် အရှေ့တောင်အာရှ၏ အကြီးမား အခမ်းနားဆုံး မြို့တော်ကြီးဖြစ်ခဲ့ကြောင်း
တွေ့ရှိရပါသည်။ (သမိုင်းသုသေသနဌာနမှ လက်ရှိတူးဖော်လျက်ရှိပါသည်။ သွားရောက်
လေ့လာနိုင်ပါသည်။) သရေခေတ္တရာနိုင်ငံကြီးမှာ သာသနာသက္ကရာဇ် ၄၀(ခရာဇ်နှစ်
BC 503 )မှ သာသနာသက္ကရာဇ် ၆၃၇ ခုနှစ်(ခရာဇ် AD 94) အထိ တည်ရှိခဲ့ပါသည်။

လူမျိုးများမှာ ပျူလူမျိုးများဖြစ်ပါသည်။ ယဉ်ကျေးမှုအရ ပုဂံထက် အဆင့်မြင့်သည်ဟု ယူ

ဆရမှာဖြစ်ပါသည်။ ငွေကြေးသုံးစွဲမှုတွင် ငွေဒင်္ဂါး၊ ရွှေဒင်္ဂါးတို့ကို အသုံးပြုခဲ့ကြပါသည်။
ကျောက်စာ မရေးထိုးကြပဲ ရွှေပေစာများ၊ ကျောက်အရိုးအိုးများတွင် ပျူ၊ ပါဠိဘာသာဖြင့်
ရေးသားမှုတို့ကို တွေ့ရှိရပါသည်။ မွန်ဘာသာနှင့် စာပေအသုံးပြုမှုကို သရေခေတ္တရာခေတ်
တွင် မတွေ့ရှိရပါ။ အဓိက ကိုးကွယ်မှုအဖြစ် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြကြောင်း အ
ထောက်အထားများ တွေ့ရသည့်အပြင်၊ မဟာယာနဗုဒ္ဓဘာသာ၊ ဗြာဟ္မဏ၊နတ်ကိုးကွယ်မှုကို လည်း တွေ့ရှိရပါသည်။ ပန်းတိမ်အတတ်နှင့် အနုစိတ်လက်ရာများတွင် ယနေ့ခေတ်ထက်ပင် အဆင့်မြင့်သည်ဟု ပြောရမှာဖြစ်ပါတယ်။
 
သရေခေတ္တရာနိုင်ငံတော်ကြီး ပျက်သောအခါ ထိုနိုင်ငံမှ ပျူလူမျိုးများနှင့် သမုဒရာဇ်
မင်းသားတို့သည် ဧရာဝတီမြစ်အတိုင်း ဆန်တက်ကာ ပုဂံအရပ်တွင် စတင် အခြေချ
ရာမှ ပုဂံနိုင်ငံတော်ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။  (ပိုင်စိုးဦး)

ပျူဟာ မြန်မာပါပဲ။ ပျူအက္ခရာနဲ့ မြန်မာအက္ခရာတို့ ကွာခြားချက်-
 ပျူအက္ခရာက ယိုးဒယား အက္ခရာနဲ့လဲ အတော်လေး တူတယ်။ အမျိုးတွေလား မသိ၊

မြို့တော်ဟောင်း မှတ်တမ်း ပုံများ
သရေခေတ္တရာ ယဉ်ကျေးမှုလက်ရာနဲ့ မြို့ဟောင်းနေရာများ




တိုးတိုး



0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...