သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, July 5, 2013

PostHeaderIcon မင်းကျင့်တရား (၁ဝ)ပါး


မင်းကျင့်တရား (၁ဝ)ပါး
~~~~~~~~~~~~~~
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများသည် အောက်ဖော်ပြပါ မင်းကျင့်တရား(၁၀)ပါးနှင့်အညီ
စီမံအုပ်ချုပ် မင်းလုပ်ပါက ယင်းတိုင်းပြည်သည်

ရာသီဥတုကောင်းမွန်ခြင်း၊
အေးချမ်းတိုးတက် ကြီးပွားခြင်း၊
အစာရေစာပေါများခြင်း၊
ဘေးဒုက္ခ အန္တရာယ်များ မကျရောက်နိုင်ခြင်း
စသည်တို့အားဖြင့် စည်ပင်သာယာ ဝပြောနေမည်သာဖြစ်ကြောင်း မြတ်ဗုဒ္ဓက ဟောကြား

တော်မူခဲ့ပါသည်။

ယင်းတရား (၁ဝ)ပါးမှာ-

၁။ ဒါန .. ရက်ရောခြင်း၊ သဒ္ဓါတရားရှိခြင်း၊ ဆင်းရဲသားများကို အထူးကူညီစောင့်ရှောက်

ပေးလှူခြင်း၊ လူအများ ကောင်းကျိုးအတွက် ပေးကမ်း စွန့်ကြဲခြင်း အစရှိသည်များနှင့်
ပြည့်စုံရမည်။ ဓနကြေးငွေ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်း တပ်မက်ခြင်း၊ လိုချင်တောင့်
တခြင်းများ မရှိရ၊

၂။ သီလ .. မြင့်မြတ်သော အကျင့်သီလနှင့် ပြည့်စုံရသည်။ အနိမ့်ဆုံးအားဖြင့် လူဝတ်

ကြောင်တို့၏ အကျင့်သိက္ခာဖြစ်သော ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းရမည်၊

၃။ ပရိစ္စာဂ ..လူအများ ကောင်းကျိုးအတွက် မိမိ၏ နာမည်ကောင်းမှု ကျော်ကြားမှု၊

အသက်စွန့်လွှတ်နိုင်မှု စသည်အားဖြင့် အရာရာကို စွန့်လွှတ်နိုင်ရမည်၊

၎။ အဇ္ဇဝ ..အများပြည်သူတို့အား လိမ်လည်လှည့်ဖြားခြင်း၊ အပြောတမျိုး လုပ်တာကတမျိုး

မဖြစ်ရခြင်း၊ မျက်နှာလိုက်ခြင်း၊ မမှန်မကန် ဆုံးဖြတ်ခြင်းများ၊ စိုးရိမ်ကြောက်လန့်စေခြင်း
များ မရှိစေရပဲ၊ အများပြည်သူတို့အပေါ် ရိုးသားဖြောင့်မတ်ခြင်း၊ တော်တည့် မှန်ကန်ခြင်း၊
စေတနာ ရည်ရွယ်ချက် သန့်ရှင်းအောင် ထားခြင်းများနှင့် ပြည့်စုံရမည်၊

၅။ မဒ္ဒဝ ..ကြင်နာသနား တတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ တိုင်းသူပြည်သားများအပေါ်တွင်

နူးညံ့သိမ်မွေစွာနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံ ပြောဆိုခြင်း၊ သင့်မြတ် ကောင်းမွန်သော စိတ်နေသဘောထားများနှင့် ပြည့်စုံရမည်၊

၆။ တပ .. ခြိုးခြံစွာ နေတတ်ခြင်း၊ ရိုးသားစွာ နေထိုင် ဝတ်စားဆင်ယင်ခြင်း၊ မိမိကိုယ်

ကို မိမိနှိမ်ချခြင်းများနှင့် ပြည့်စုံရမည်။ စည်းစိမ်ယစ်မူးစွာ နေထိုင်မှုမျိုး ရှောင်ကြည်
ရမည်၊

၇။ အက္ကောဓ .. တိုင်းသူပြည်သားများအပေါ်တွင် ဒေါသဖြင့် မဆက်ဆံ မဖြေရှင်းခြင်း၊

အမျက်ထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများမှ ကင်း၍ မည်သူ့အပေါ်မှ ရန်လို
မှု၊ ရန်ငြိုးဖွဲ့မှုများ မရှိစေရ၊

၈။ အဝိဟိံသ..ပြည်သူများကို ညှဉ်းဆဲနှိပ်စက်မှုမပြုခြင်း၊ အများပြည်သူကို အန္တရာယ် မဖြစ်

စေခြင်းများနှင့် ပြည့်စုံရမည်။ စစ်မက်ဖက်ပြိုင်မှုများ၊ အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ
မဖြစ်ပွားစေရန် ကာကွယ်တားမြစ် ရှောင်ရှား၍ ငြိမ်းချမ်းရေးကို ထူထောင်တည်ဆောက်
ရမည်၊

၉။ ခန္တီ ..ပြည်သူများအပေါ်တွင် စိတ်ရှည်ခြင်း၊ သည်းညည်းခံခြင်း၊ နားလည်မှုရှိခြင်းများ

နှင့် ပြည့်စုံရမည်။ အခက်အခဲများ၊ ဒုက္ခဆင်းရဲများနှင့် မထီမဲ့မြင်ပြုမှု၊ စော်ကားရန်စမှုများ
ကို အမျက်ဒေါသ မထွက်ပဲ ရင်ဆိုင်နိုင်ရမည်၊ သည်းခံနိုင်ရမည်၊

၁၀။ အဝိရောဓ ..လူအများ၏ ဆန္ဒသဘောထားများ လူအများအကျိုးရှိစေမည့် လုပ်ငန်း

ဆောင်တာများကို မပိတ်ပင်မတားဆီးရ၊ ပြည်သူအများ၏ ဆန္ဒသဘောထားများနဲ့ မဆန့်
ကျင်ရ၊ တိုင်းသူပြည်သား လူအများနှင့် သဘောချင်း ညီညွတ်စွာ အုပ်ချုပ်ရမည်။

မင်းကျင့်တရားနဲ့ အညီ ကျင့်သုံးနိုင်ပါစေ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...