သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, July 11, 2013

PostHeaderIcon တို့ဖခင်

 “တို့ဖခင်”

သူ
သူသည် ဓါးမခုတ် ၊ တောင်ယာလုပ်သည့်
ကျောမွဲ လူတန်းစားမှ
ဆင်းသက်လာသူ မဟုတ်။

သူ
သူသည် နေပူပူ ၊ မိုးရွာရွာ
ကျွဲ ၊ နွားနှင့်လှုပ်ရှား
လယ်သမားမျိုးရိုးမှ
မွေးဖွားလာသူလည်း မဟုတ်။

သူ
သူ၏ အဖေကား
ဝတ်လုံတော်ရ ရှေ့နေမင်း ။
သူ၏ အမေကား
မြေပိုင် ၊ လယ်ပိုင်ရှင်
မြို့သူကြီး မျိုးရိုး။

သူ
သူသည် ကျိကျိတက်ချမ်းသာ
လူဂုဏ်တန် အသိုင်းအဝန်းမှာ
လူလားမြောက်လာ ၊ ကြီးပြင်းခဲ့သူ။

သူ
သူကိုယ်တိုင်လည်း
ကလေကချေ ၊ရွာရိုးကိုးပေါက်
လျှောက်ပြန် သံပေး ၊
ခြေအေး ဝမ်းယောင်
ဝေဝေလေလေ မဟုတ်။

သူ
သူသည် ကောလိပ်ကျောင်းသား
အတိအကျဆိုရလျှင်….
ဒုတိယနှစ် ကောလိပ်ကျောင်းသား
အသက်ရွယ်က ၂ဝကျော်သာသာ။

သူ
သူသည် …….
သည်နှစ်(ဒုတိယနှစ်)အောင်လျှင်ပင
မြို့ပိုင် ၊ နယ်ပိုင် ၊ဘုရားထူးခံ ပုဂ္ဂိုလ် ဖြစ်မည့်သူ။

ဤသို့ ……
အဘက်ဘက်ကပြည့်စုံ၊
ကုံလုံနေသူ တယောက်၊
အဘယ်သို့သော အတွေးများပေါက်၍
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့် ၊
အရာရာကို စွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီး အိပ်ခဲ့ပါလိမ့်။
“မ”တထောင် တကောင်ဘွား
ဆိုရိုးစကားကို လွန်၊
“မ”သိန်းပေါင်း တထောင် တကောင်ဘွား
ဆိုရိုးအသစ် သူထွင်
နိုင်ငံတွင် စံတင်ခဲ့လေပြီ ။

သူ……ဆိုသူကား….
ပဲပြုတ်နဲ့ နံပြားကို နှစ်သက်သူ..
အာဏာအတွက် မဟုတ်
ပြည်သူ့အတွက် လက်နက်ဆွဲ၍ ထွက်ခဲ့သူ….
လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောကက ထွက်
စာရေးဆရာဖြစ်ချင်ခဲ့သူ…
လွတ်လပ်ရေး ဗိသုကာ
တမျိုးသားလုံး၏ ထွက်ရပ်လမ်းကို
ဦးဆောင်လမ်းပြခဲ့သူ……
ဗမာ့တပ်မတော်၏ ဖခင်
တမျိုးသားလုံး၏ ဖခင်
မြန်မာနိုင်ငံ၏ ဖခင်
သခင်အောင်ဆန်း(သို့မဟုတ်)
ဗိုလ်တေဇ (သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်)
တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း။

လွင့်မောင်မောင်(ထားဝယ်)
(18-7-2010)

စာကြွင်း ။
ဤသို့…
အဘက်ဘက်ကပြည့်စုံ၊ကုံလုံနေသူ တယောက်၊
အဘယ်သို့သော အတွေးများပေါက်၍၊
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့်
အရာရာကို စွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီး အိပ်ခဲ့ပါလိမ့်။
သည်တချက်နှင့်တင်
သူ့အား ကျွန်ုပ်တို့ လေးစားထိုက်ပြီ ။
သူ့အား ကျွန်ုပ်တို့ ရိုကျိုးထိုက်ပြီ ။
သူ့အား ကျွန်ုပ်တို့ မြတ်နိုးထိုက်ပြီ ။
သူ့အား ကျွန်ုပ်တို့ ရှိခိုးထိုက်ပြီ ။
သူ့အား ကျွန်ုပ်တို့ စံပြုထိုက်ပြီ ။
သူ့အား ကျွန်ုပ်တို့ ဂုဏ်ပြုထိုက်ပြီ ။
ဆရာကြီး(ဆရာဇော်ဂျီ) ရေ…
အခုတော့ …
 
လွင့်မောင်မောင် (ထားဝယ်)
(18 – 7 -2010 )
photo by aungkyawkhin

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...