သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, July 7, 2013

PostHeaderIcon ဖန်ခွက်



တနေ့ စာင်ခန်း တခုမှာပေါ့...။ ဆရာက ဖန်ခွက်တလုံးကို လက်မှာကိုင်ထားပြီး
'ဒီဖန်ခွက်က ဘယ်လောက် လေးမယ်ထင်သလဲ' အလေးချိန်ကို သိနိုင်မလား? လို့ ကျောင်းသားတွေကို မေးတယ်။
၅၀ဂရမ်၊ ၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူ ရတယ်။ ဆရာက

ဆက်ပြောတယ်။
'ဒီဖန်ခွက်ရဲ့ တကယ့် အလေးချိန်ကိုတော့ ဆရာလည်း မသိပါဘူး။ ဒါပေမဲ့ ဆရာ

မေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ မိနစ်အနည်းငယ်လောက် ကိုင်ထားရင်
ဘာဖြစ်လာမလဲ ?ဆိုတာပါပဲ။
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူ တယောက်ကဖြေတော့
"အတော်ကြာကြာကြီး ကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ်။
"လက်တွေ ညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ်။

'ကောင်းပြီ..တနေကုန် ကိုင်ထားရင်ရောကွာ'လို့ ဆရာမေးတော့ ရွှတ်နောက်
နောက် ကျောင်းသားတယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊
ပြီးတော့ လက်မောင်း ကိုက်လာမယ်၊ ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေ အညောင်း မိ လေဖြတ်ပြီး ဆေးရုံရောက်မယ်"လို့ ပြောတော့ တတန်းလုံး ဝိုင်းရယ်ကြတယ်။
 
ဆရာက 'မင်းပြောတာမှန်တယ်..ဒါဆိုရင် ဘာလို့ အဲ့လို ဖြစ်သွားတာလဲ? ငါ ကိုင်ထားတဲ့
အချိန်အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'လို့ ဆက်မေးတော့...
"မတိုးပါဘူး" လို့ တညီတညွှတ်တည်း ဖြေကြတယ်။
'ဖန်ခွက်ရဲ့ အလေးချိန် ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို နာကျင်မှု

ဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ ဘာလုပ်ရ
မလဲ' လို့ မေးတော့
ကျောင်းသူ တယောက်က " Put the Glass Down"
'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
 

ဆရာက "သိပ်မှန်ပါတယ်..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏ
လောက် ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး စဉ်းစားနေတဲ့
အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှု ပေးလာမယ်၊ ဝေဒနာဖြစ်စေလာ မယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ရသ တစိတ်တပိုင်းပါ။ ခေါင်းထဲမှာ အကြာ
ကြီး ထည့်ထားမယ်ဆိုရင် မင်း သွက္ချာပါဒလိုက်ပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး၊
ဒါဟာ ဘဝအတွက် အရေးကြီးတဲ့ တွေးခေါ်မှုပါ။ "
 

"ဒါပေမဲ့ သိပ်အရေးကြီးတယ်ဆိုရင်တောင် နေ့တနေ့ရဲ့ အဆုံး အိပ်ယာဝင်ချိန်မှာတော့
တနေကုန် အဖြေရှာမရတဲ့ အဲ့ဒီအကြောင်းတွေကို လွှတ်ချထားနိုင်ရမယ်။ မေ့ထားနိုင်ရ
မယ်။ ဒါမှ နောက်တနေ့ မင်းနိုးထချိန်မှာ မင်းအတွက် နောက်ထပ်ဝင်လာမယ့် ပြဿနာ
တွေနဲ့ ဒါတွေကို စိတ်ဖိစီးမှုကင်းကင်းနဲ့ မင်း ဆက်တွေးတော ဖြေရှင်းနိုင်လိမ့်မယ်။ ဒီ့အ
တွက်အားအင်တွေ လိုပါတယ်"

"လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့အတွက် မင်းတို့ဘဝမှာ အမြဲသတိရနေရ

မှာက ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ။ ညောင်းလာတဲ့အထိ ကိုင်မထားမိကြ
ပါစေနဲ့ '"လို့ ဆရာက မှာလိုက်ပါတယ်။
 
သူငယ်ချင်းတို့ရေ .. အကောင်းဆုံး ဥပမာလေးပါ။
ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ ကြုံလာတိုင်း ဒီဥပမာလေးကို နမူနာယူပြီး
စဉ်းစားဆင်ခြင်နိုင်အောင်လို့ပါ ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...