သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, July 6, 2013

PostHeaderIcon "မာသာထရီဇာရဲ့အဖိုးတန် စကားများ'


 မာသာထရီဇာရဲ့ အဖိုးတန် စကားများ
====================
လူတွေဟာ တခါတရံမှာ မျှတမှု၊ မှန်ကန်တွေးခေါ်မှု မရှိဘဲ သူတို့အတွက်ပဲ ကြည့်တတ်
ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွှတ်လိုက်ပါ ။

သင်ဟာ ကြင်နာတတ်ပေမယ့် လူတွေက တကိုယ်ကောင်းဆန်သူ၊ကောက်ကျစ်တဲ့ အကြံ
အစည်ရှိသူလို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ကြင်နာပါ ။

သင်အောင်မြင်ခဲ့ရင် မိတ်ဆွေအတုနဲ့ ရန်သူအစစ်တွေ ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်
ဆက်ပြီး အောင်မြင်အောင် လုပ်ပါ ။

သင်ဟာ ရိုးသားပွင့်လင်းရင် လူတွေက သင့်ကို လိမ်လည်လှည့်ဖျားကြလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဆက်ပြီး ရိုးသားပွင့်လင်းပါ။

သင် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အရာတခုကို တစုံတယောက်က တခဏအတွင်း
ဖျက်စီးပစ်နိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး တည်ဆောက်ပါ ။

သင် တည်ငြိမ်အေးချမ်းစွာ ပျော်ရွှင်နေရင် မနာလိုသူတွေ ရှိချင်ရှိနေပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဆက်ပြီး ပျော်ရွှင်ပါ။

သင် ဒီနေ့ လုပ်တဲ့ ကောင်းမှုကို မနက်ဖြန်မှာ လူတွေ မေ့ချင်မေ့သွားလိမ့်မယ်။
ဘာပဲ ဖြစ်ဖြစ် ကောင်းမှုတွေကို ဆက်လုပ်ပါ ။

လောကကကို သင့်မှာရှိတဲ့ အကောင်းဆုံးအရာတွေ ပေးပါ။ အဲဒါဟာ လုံလောက်မှာတော့
မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့အကောင်းဆုံးတွေကို ဆက်ပေးနိုင်အောင် ကြိုးစားပါ ။

သင်တို့ သိတဲ့အတိုင်း နောက်ဆုံး တကယ်တမ်း ဆန်းစစ်တဲ့ အချိန်မှာတော့ ဒါဟာ သင်နဲ့
ဘုရားကြားက ကိစ္စ သက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သင်နဲ့ သူတို့ကြားကကိစ္စ ဘယ်တော့မှ
ဖြစ်လာမှာ မဟုတ်ပါဘူး။

( ဗုဒ္ဓဘာသာဝင် တယောက်ရဲ့ အယူအဆနဲ့ပြောရရင် ကိုယ်ပြုတဲ့ကံ ကိုယ်ပဲ ခံစား စံစား
ရတယ်လို့ အဓိပ္ပာယ်ယူမိပါတယ်)
ပိုးဟပ်ဖြူ

မှန်သည်။ ကမ္မဒါယာဒေါ၊ကမ္မယောနိ၊ကမ္မဗန္ဓု၊ ကမ္မပဋိဿရဏော၊(ယံကမ္မံ ကရိဿန္တိ
ကလျာဏံဝါ ပါပကံဝါ၊ တဿကမ္မဿ ဒါယာဒေါ ဘဝိဿာမိ) ပါပဲ။ ကိုယ်လုပ်တဲ့ ကံရဲ့
အမွေကို ကိုယ်သာလျှင် ခံစားရမည်ဖြစ်သည်။ 
ကောင်းကံ ဆိုးကံ၊ ဤနှစ်တန်၊ အမှန် စံရခံရမည်။(တိုးတိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...