သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, July 8, 2013

PostHeaderIcon ကလေးကို ပြုစုပျိုးထောင်နည်း


 ကလေးကို သာမန်လူတယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

ဖခင်တဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့ အိပ်မက် တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ
ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူး အိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကို
အစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ။
ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

(၂) ကလေးနဲ့ စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။

(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။

(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည် ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တအုပ်ကို ကလေးတလှည့်၊ သင်တလှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင် တခါပတ်ပါ။ တခါပတ်ရင်
နှစ်နာရီအထက် ကြာပါစေ။

(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်
တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။

(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေး
တယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။

(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင်၊ မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ်
ညှိနှိုင်းတာမျိုး မလုပ်မိစေနဲ့။

(၁ဝ) ကလေးကြီးပြင်းလေ ချွတ်ယွင်းချက်တွေကို သင်တွေ့လေ...ဒီလိုအချိန်မျိုးမှာ သူ့ကို
မွေးဖွားကာစ အကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊
"နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့ မတတ်ရတာလဲ"ဆိုတဲ့
စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။

(၁၁) ကွန်ပြူတာ ကစားမှာကို မကြောက်ပါနဲ့။ တီဗွီစွဲတဲ့ကလေးတွေက ကွန်ပြူတာစွဲတဲ့ ကလေးထက်များတယ်။ ကလေးကို တီဗွီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူ မဖြစ်ပါစေနဲ့။

(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ် အရွယ်ကစ
လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ

(၁၃) စစချင်းမှာ ကလေးတွေရဲ့ ရမှတ် ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ
 ကျောင်းနေပျော် မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။

(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေ
ကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့ အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။

(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်း
နှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီး သင်ပေးလို့ရပါတယ်။

(၁၆) ဘဝတသက်တာ အသုံးဝင်မယ့် စိတ်ဝင်စားဖွယ် အရာကို သင်ပေးပါ။
ဥပမာ-ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ၊ ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်
ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။

(၁၇) လူအများနဲ့ ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊
ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့ အကျင့်ရှိပါစေ။

(၁၈) ကလေးကို ချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကို
ချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။   
နိုင်းနိုင်းစနေ(July 30, 2012)
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...