သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 24, 2013

PostHeaderIcon အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ လင်္ကာ



 အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏
ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်မှ လင်္ကာ
***************************
ဒို့မြေဌာနီ၊ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊
ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊
 ခုကား သို့နှယ်၊ မဟုတ် ကွယ်၍၊ နယ်ပယ်ပွားစီး၊ သားသမီးတို့၊
ဘုန်းကြီးကျောင်းတွင်၊ စာမသင်တော့။

ထို့ပြင် မြို့နေ၊ ကလေးတွေက၊ ဒို့မေ ဘာသာ၊ ဒို့မေစာကို၊ သင်ရာ ကောင်းမျှ၊
မထင်ကြပဲ၊ ပြင်က လာပေး၊ စာ ပထွေးကို၊ အလေးဂရု၊ အရေးပြု၏။
ယခုလိုသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာပြည်ဖွား၊ တိုင်းရင်းးသားတို့၊
ဘုရားကိုစွန့်၊ တရားစွန့်၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း။
ထိုခါလူများ၊ ကိုယ်ကျင့်အားဖြင့်၊ တရား မပါ၊ အမှား စာကြောင့်၊
များစွာ ခုထက်၊ တိုး၍ ပျက်လိမ့်။

သို့တွက် များပြား၊ ဘုန်းဘုရားတို့၊ တရားကိုကျင့်၊ လုံအောင်ကျင့်၍၊
မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ ဝိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာ ပိုင်ပိုင်၊
ပြသနိုင်မှ၊ ဘုန်းလှိုင် ဟောပြ၊ သြဝါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။
အကောင်း မကောင်း၊ အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင်၊
အစုံမြင်၍၊ ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏၊
တရားစဉ်နှင့်၊ အဆင်သင့်သား၊ ရှင်ကျင့်ဝတ်ခေါ်၊ ရှေးစာတော်ကို၊
ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည်၊ မျိုးနှင့် သာသနာ တည်ကြောင်းတည်း။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...