သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, July 14, 2013

PostHeaderIcon မိဘတွေရဲ့တာဝန်

 မင်းတို့ မိဘတွေရဲ့တာဝန်
===============
ဒို့ ဗမာပြည်မှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူကြီးအဆက်ဆက်
သူ့သားသမီး သူမနိုင်တဲ့
ပုဂ္ဂိုလ်က များတယ်၊ ကိုယ့်သားသမီးကိုမှ နိုင်အောင် မအုပ်ချုပ်နိုင်ပဲကွာ၊ တိုင်းပြည်နိုင်ဖို့
ဆိုတာကတော့ ခဲယဉ်သားပဲ၊

တိုင်းပြည်နိုင်ဖို့ဆိုတာ ပထမ ကိုယ့်သားသမီးကို နိုင်အောင် အုပ်ချုပ်နိုင်ရ
တယ်၊ ဒါမှ တိုင်း
ပြည်ကို နိုင်အောင် အုပ်ချုပ်နိုင်မှာပေါ့၊အခုတော့ ကိုယ့်သားသမီးကိုတောင်မှ နိုင်အောင်
လို့ မအုပ်ချုပ်နိုင်ဘူးကွ။

ဦးနု သားသမီးတွေဆိုရင် သင်္ဘောပေါ်မှာ ရန်ဖြစ်ကြတယ်၊ ရန်ဖြစ်တော့
အတွင်းဝန်က
ဖြင်ပေးရတယ်၊ ဒီကလေးတွေ ရန်ဖြစ်တာ၊ ကလေးတွေဆိုပေမဲ့ လူပျိုအရွယ်တွေ ဖြစ်ကုန်
ပြီပေါ့၊ အဲဒီအရွယ်တွေ ရန်ဖြစ်ကြတာ အတွင်းဝန်က ဖြင်ပေးရတယ်၊ အဲဒါ သူကိုယ်တိုင်
ရေးသွားတာ၊ တာတေစနေသားဆိုတဲ့ စာအုပ်ရှိတယ်၊ အဲဒီစာအုပ်ထဲမှာ သူက သူ့သားသမီး
တွေကို မနိုင်ပါဘူးဆိုတာကို ၀န်ခံပြီး ရေးသွားတယ်၊

အဲဒါ မှတ်ထား မိဘဆိုတာ သားသမီးတွေကို လိမ္မာရေးခြားရှိအောင် ပညာတတ်
အောင် လူတော်လူကောင်းလေးတွေ ဖြစ်အောင် ဆုံးမဘို့အတွက် မင်းတို့ မိဘတွေမှာ
တာဝန်ရှိတယ်။

မင်းတို့ အမေရိကန် ပထမဆုံး သမ္မတ သိလား၊ ဘယ်သူတဲ့တုန်း?...။ (လင်ကွန်းပါဘုရား)...။ တောက်တီး တောက်တဲ့နဲ့ (၁၆)ယောက်မြောက်မှ
လင်ကွန်းပဲ၊ ဒါ ကျောင်းဆရာ..တဲ့ ခွေးမသား၊ ဝါရှင်တန်ပေါ့ကွ၊
အမေရိကန်မှာ ပထမဆုံး သမ္မတဖြစ်တာ ဝါရှင်တန်ကွ၊ ဟုတ်လား။

အဲဒီ ၀ါရှင်တန် ငယ်စဉ်က သူတို့ အိမ်နောက်ဖေးမှာ ခြံရှိတယ်ပေါ့ကွာ၊
အဲဒီခြံထဲက
သစ်ပင်တွေကို ၀ါရှင်တန်က ကလေးအရွယ်ဖြစ်မှာပေါ့ကွာ၊ ဓားတချောင်းနဲ့ လျှောက် ခုတ်တယ်၊ ပြတ်အောင်လဲ မခုတ်ဘူး၊ ပြတ်ခါနီး ထားခဲ့၊ နောက် တပင်ခုတ် ပြတ်ခါနီး
ထားခဲ့၊ အဲဒီလို ကလေးဘာဝ လက်ဆော့တယ်၊ အဲဒါ သူခုတ်ပြီး မကြာခင်ပဲ သူ့အဖေက ခြံထဲ ရောက်လာတယ်၊ ကလေးကလဲ ဝါရှင်တန်တယောက်ထဲ ရှိတယ် ခြံထဲမှာ။

ဒီတော့ ခေါ်တယ်၊“ ဟေ့ ဝါရှင်တန် လာစမ်း၊ ဒီမှာကွ ကိုင်းတွေ ဓားနဲ့ ခုတ်ထား
တယ်၊
ဆော့တာ ကလေးတွေ ငါ့သားကတော့ မဟုတ်ပါဘူး၊ ဒိပြင်အိမ်က ကလေးတွေ
နေမှာပါ”၊ လိမ်ပြောအောင်လို့ စကားလွှဲပေးတာ၊

အဲဒီတော့ ၀ါရှင်တန်ကလဲ ထစ်အထစ်အနဲ့ အဖေအဖေနဲ့ သူကလဲ လိမ်မပြောချင်ဘူး

ပေါ့လကွာ၊ နောက်ဆုံးကျတော့ ၀န်ရှင်တန်က“အဖေ ဒိပြင်အိမ်က ကလေးတွေ မဟုတ်ဘူး၊ ကျနော်လုပ်တာ၊ အပြစ်ပေးချင်ရင် ကျနော့်ကို အပြစ်ပေးပါ” ၀ါရှင်တန်က ဝန်ခံလိုက်တယ်၊
အဲဒါ သူ့အဖေက သိပ်သဘောကျတယ်။

အေး“ ငါ့သား မှတ်ထား၊ လူဆိုတာ ရိုးသားရတယ်၊ ကိုယ်လုပ်ရင် လုပ်တယ်လို့ ၀န်ခံ
ရတယ်၊
မလိမ်ရဘူး၊ မညာရဘူး”၊ အဲသလို ဆုံးမတဲ့အတွက် ၀ါရှင်တန်က သမ္မတဖြစ်သည်အထိ
အင်မတန်ကို ရိုးသားတယ်။

သူ ပထမဆုံး သမ္မတဖြစ်တော့ ထုံးစံပေါ့ကွာ သမ္မတ မိန့်ခွန်းပေးတယ်၊ သူ့မိန့်ခွန်းက
တမိနစ်
ခွဲလောက်ပဲ ကြာတယ်ပေါ့ကွာ၊ ဘယ်လောက်မှ မကြာဘူး၊ မိန့်ခွန်းတိုတိုလေး၊ ဒီတော့
မိန့်ခွန်းပေးပြီးတော့ သူ့ သူငယ်ချင်းတွေက“ ဟ သမ္မတကြီး မင်း မိန့်ခွန်းက တိုလှချည်လား
ကွ” လို့ ပြောကြတယ်။

ဒီတော့ ၀ါရှင်တန်က ဘာပြောလဲဆိုတော့“ မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့

မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ” တဲ့၊ ဟုတ်လား။

ဟေ့ကောင် ဘယ်လောက်ကောင်းတုန်း ?

အေး “မုသား မပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့ မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါ
ဘူး
ကွာ” တဲ့၊ ၀ါရှင်တန်က အဲသလိုပြောသတဲ့ကွ၊ ၀ါရှင်တန်ဟာ သူ့ရဲ့မိဘရဲ့ အဆုံးအမကို
ငယ်စဉ်ကတည်းက ရရှိတဲ့အတွက် သမ္မတဖြစ်သည်အထိ ရိုးသားတယ်၊

အေး ဒို့ ဆီက အဲသလို မရိုးသားကြဘူး၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ပိုဂ္ဂိုလ်တွေ မရိုးသားတဲ့

အတွက် ဗမာပြည် မတိုးတက်ဘူးကွ၊ ဟုတ်လား၊ ရိုးသားရင် တိုးတက်မယ်၊ မင်းတို့ ဗမာ
ပြည် အလားအလာ သိပ်ကောင်းတယ်၊ အဲဒါ မှတ်ထား။

မင်းတို့ လူငယ်တွေ လူတော်လူကောင်းဖြစ်ဘို့ဆိုတာ
အဲဒါ မင်းတို့ မိဘတွေရဲ့တာဝန်၊ ဟေ့ကောင် မှတ်ထား။ မင်း အရက်သောက်ပြီး
ဆုံးမလို့ 
မရဘူး မောင်ရ၊ မင်းက အရက်သောက်ပြီး ဆုံးမလို့ ဘယ်နားထောင်မှာတုန်း၊ ဟုတ်တယ် 
မဟုတ်လား၊ ခင်ဗျားက အရက်သောက်နေတာ ဘာညာနဲ့ ပြောမှာပေါ့ကွ၊ အေး အဲဒါ
အရက်သောက်ပြီး ဆုံးမလို့ မရဘူး၊ သားသမီးကို ကိုယ်ကိုယ်တိုင်က စံပြဖြစ်အောင်
နေပြရတယ်။ သားသမီးတွေ အတုယူချင်အောင် နေပြရတယ်ကွ၊ အဲသလို နေပြမှ
သားသမီးတွေ လူတော်လူကောင်း ဖြစ်မယ်။

၁၃၆၇-ခု နတ်တော်လပြည့်ကျော်(၈)ရက်

မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ 

(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...