သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 3, 2013

PostHeaderIcon အာဇာနည် သားနှစ်ဦး၏ မိခင်ရဲ့ ရင်တွင်းစကားနဲ့ မဟတ္တမဂန္ဓီ၏ သုံးသပ်ချက်


တပြိုင်နက် သားနှစ်ယောက် ဆုံးရသူ၏ ရင်တွင်းစကား 
(ဗိုလ်ချုပ်မိခင် အမေစု)

‘ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို သတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်
ကလေးကပင် ရှုတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်
ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့‘သားရယ် လူဆိုတာ အထက်
ရောက်နေရင် သူတပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစအရာ
ရာ သတိထားပါသားရယ်’လို့ ပြောမိပါတယ်။ ဒီတော့ 
ကျုပ်သားကဗျာ–ဒါကတော့ ဘုရားတောင်မှ အတိုက်ခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်က
နေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူး အမေရယ်၊ မစိုးရိမ်
ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခုတိုင်းပြည်နဲ့ လူထုဟာ အရင်လို
မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ လို့ အားရပါးရ ရယ်ရယ်မောမောနဲ့
ပြောသွားခဲ့ပါတယ်။

ယခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာသူ အလွန်မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့်
ကွယ်လွန်သွားရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကို လေးစားကြသလို ခေါင်းဆောင်
များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာ
ပြီး မိမိတို့ လိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်ဆုံးရှုံးရတဲ့ အပူမီး
ဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။

ဤစကားကား ဗိုလ်ချုပ်အောင်ဆန်း အစ်ကိုဖြစ်သူ ၀န်ကြီး ဦးဘ၀င်းနှင့် အခြားဝန်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရစဉ်က သားနှစ်ယောက် တပြိုင်နက် ဆုံးခဲ့ရသော အမေစု၏ စကားများ
ပင် ဖြစ်သည်။ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားရသည်နှင့် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကလည်း ယခုလို သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကို တိုက်ပြီးလျှင်– မြန်မာ့လွတ်လပ်ရေးကို အိမ်တိုင်ယာရောက်ပို့ပေးခဲ့
သော အာဇာနည် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ သွေးအေးအေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းဆိုသည်
မှာ ယုံကြည်စရာပင် မရှိချေ။ ကျွန်ုပ်သည် လွန်လေပြီးသော ခေါင်းဆောင်များ၏ ဆွေမျိုး
ဉာတိများကိုလည်းကောင်း၊ မြန်မာနိုင်ငံအစိုးရကိုလည်းကောင်း ကရုဏာသက်ပါ၏။ ယခု
ဖြစ်ရသည်မှာ သာမညလူသတ်မှု မဟုတ်ချေ။ ဤအမှု၏နောက်တွင် နိုင်ငံရေးလောဘဇော
ရှိနေလိမ့်မည်။

ယခုအခါ ကမ္ဘာအရပ်ရပ်၌ နိုင်ငံရေးပြိုင်ဆိုင်မှုတို့တွင် ဤလောဘဇော ထကြွနေသော အချက်မျိုးကို တွေ့မြင်နေရသည်။ ဤအချက်သည် မနုဿလူသားတို့၏ နောင်ရေးအတွက် အတိတ်နိမိတ်ကောင်း မဟုတ်ချေ။ ထို့ကြောင့် ဤ၀မ်းနည်းဖွယ်ရာ အပျက်ကို မူတည်၍
အိန္ဒိယနိုင်ငံသည် သင်ခန်းစာယူရမည်။ ဤအဖြစ်သည် မြန်မာနိုင်ငံအတွက်သာလျှင် ၀မ်းနည်းကြေကွဲဖွယ်ရာ မဟုတ်။ အာရှ အတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။ ကမ္ဘာတခုလုံးအတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။
(မဟတ္တမဂန္ဒီ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...