သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, July 18, 2013

PostHeaderIcon အာဇာနည် ဗိမာန်

 (ဤကဗျာဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏။)
အာဇာနည် ဗိမာန်
*************
ဪ… အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့် နှော၊
အခေါင် မမြန်းခင်က အောင်စာတမ်း ချို့စေဖို့၊
အောင်ပန်း ညှို့ရရှာတဲ့၊
တောင်တမန်း ဒို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊
အောင်ဆန်းတို့ မသာ မယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊
သောင်းမြန် မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊
ဒေါင်းပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။

ဪ… တပည့်အရင်းတွေမို့ ကဝိ မတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည် ကျကျပြီး၊
ခက်ကပြီ လက်ဆည် မရနိုင်ဘု၊
သောက ဗလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူ ရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊
လူကြမ်း ဓားပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်။

ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့၊
သတင်းလှတဲ့ အင်းဝ ရာဇာအမွန် သာလွန် မင်းကိုမှ၊
သားရင်း ရှင်တရုတ်ကယ်က၊
ရှင်ဘုရင် လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ထားဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟို အရင်ယမန် နန်းတော် စီးစဉ်က၊
အပျက်ကြီး ပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့၊
တထုံး နောက်တနဲမှာတော့၊
မင်းရဲ ရန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့၊
ပြည်မင်း ဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွှေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိရ်လျှမ်းပေတဲ့၊
သမိန်ဘရမ်း ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊
ဪ… ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွဆိုက်သလိုပါ့၊
အခိုက်အခါ တူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့ မဟဲ့လို့၊
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ် ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့ စိတ်ထင်။

မင်စိတ် မင်းမာန် အကြံအဖန် တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန် ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင် သဘော၊
တကောင်း ရာဇဝင်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊
မှန်းလို့ ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထို လူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေး ရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
ဪ… အမှောင် စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့ လွမ်းစေဖို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဖို့ အလုပ်ပေပေါ့၊
သုသာန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည် ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန် တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာ ကန်တော့ချင်ရဲ့။

မြန်မာမတော့ ပူစရာဖို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်း မို့မို့ဆီက၊
ဖောင်နန်း ကူးတို့နှင့် အကြေ ဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
ဪ… တောင်နန်း မြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့၊
အခေါင် မမြန်းရခင်က အောင်ပန်း ညှို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံ နှမြော…။
 ( သခင်ကိုယ်တော်မှိုင်း)
(Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...