သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, July 11, 2013

PostHeaderIcon ကျယ်သင့်တာ မကျယ်ပဲ,မကျယ်သင့်တာ ကျယ်နေကြ


 " ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ”
==========================
မင်းတို့ နေရာတကာ ကျယ်ကျယ်ကျယ်ကျယ် မလုပ်နဲ့၊ သင်္ကန်းပါတယ်ဆိုပြီး ဘာမှ အထက်
စီးက ဆက်ဆံစရာ မလိုဘူး၊ ကိုယ်နဲ့ မပတ်သက်တဲ့ နေရာမှာ ကိုယ်က ဘာမှ အရေးမပါဘူး၊
တဦးချင်းပဲဖြစ်ဖြစ် အဖွဲ့လိုက် အုပ်စုပဲဖြစ်ဖြစ် ဘာမှ သွားကျယ်စရာ သွားရှုပ်စရာ မလိုဘူး၊
သူတို့ ကိစ္စနဲ့ သူတို့ ရှင်းသွားလိမ့်မယ်၊

မင်းတို့ လုပ်ရမှာက စာပေပရိယတ်၊ အဲဒီအထဲက ပေးတဲ့ အသိပညာနဲ့ မသိသူ သိအောင်
လမ်းပြပေးရမှာ၊ ဒါ မင်းတို့ရဲ့ တာဝန်၊ ကိုယ့်ကိုယ်ကို လူစွမ်းကောင်းလုပ်ပြီး ဖင်ခေါင်းတော့
မကျယ်နဲ့၊ မင်းတို့ဟာက ဘာမှ မဟုတ်ဘူး၊ တချို့ လမ်းသွားတာကစ ကားလာရင် ဖယ်
မပေးချင်ကြဘူး၊ မတော်လို့ တိုက်သွားရင် ကိုယ်အရင် ခံရမှာ၊ နောက် သူရောကိုယ်ပါ
မဖြစ်သင့်တဲ့ ပြဿနာ ဖြစ်မယ်၊ ဘာမှ ကောင်းကျိုးထွက်မလာဘူး၊

အေး မင်းတို့ မှတ်ထား၊ "ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ၊ ခုတော့ မင်းတို့
က ကျယ်ရမယ့် မျက်စိက ကျဉ်းပြီး- ကျဉ်းရမယ့် ဖင်ခေါင်းက ကျယ်နေကြတယ်”။
နောက် ခဏခဏ မကြားရစေနဲ့။
(၁၃၆၅-ခု)


ဘယ်တော့မှ မပျက်
===========
မင်းတို့ တချို့က ဒို့တိုက် တိုးတက်တာကို မလိုလားမှုတွေရှိတယ်၊ ဒို့တိုက် နာမည်မပျက်
ပျက်အောင် အုပ်စုလိုက် အသင်းလိုက်ဖွဲ့ပြီး နာမည်ဖျက်နေတာ ရှိတယ်၊

မင်းတို့ ‘နာမည်ဆိုတာ ကိုယ်ကိုယ်တိုင် ဖျက်မှ ပျက်တာကွ၊ ဘေးလူက ဘယ်လိုဖျက်ဖျက်
ကိုယ်ကိုယ်တိုင်က ကောင်းနေတယ်ဆိုရင် နာမည် ဘယ်လိုမှ မပျက်ဘူး” ။

ဘုရားရှင်ကလဲ
” အတ္တနာ ကုရုတေ လက္ခိံ၊ အလက္ခိံ ကုရုတေတ္တနာ။
န ဟိ လက္ခိံ အလက္ခိံ စ၊ အညော အညဿ ကာရကော”။ တဲ့။

ကျက်သရေရှိအောင် ဂုဏ်သတင်းကျော်စောအောင်လဲ ကိုယ်ကပဲ ပြုလုပ်တယ်၊
ကျက်သရေမဲ့အောင် ဂုဏ်သတင်းမဲ့အောင်လဲ ကိုယ်ကပဲ ပြုလုပ်တယ်၊ ဘေး ဘယ်သူကမှ
မလုပ်နိုင်ဘူး၊ အဲဒီတော့ ဒို့တိုက် ဒို့နာမည်မဖျက်သရွေ့ ဘယ်တော့မှ မပျက်ဘူး။

မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

မိုဃ်းလွန်မှ ထွန်ချချင်ကြ
++++++++++++++++
မှန်ပါသည်ဘုရား။ ဒီဆုံးမဂါထာလေးကို အရင်ထဲက ရထားလို့ တင်လဲထားပြီးသားပါ။
ဆရာတော်ကြီးရဲ့စကားနဲ့ ဆက်စပ်ပြီး အာဘော်လေး ထည့်လိုက်ချင်ပါသည်။ ကိုယ့်နေရာ
မဟုတ်၊ ကိုယ့်အလုပ်မဟုတ်ပဲ ဝင်ပြီး ရောထွေးမိကြလို့ ပြဿနာ အရှုပ်အရှင်း ဖြစ်လာတဲ့
အခါမှာ ပြဿနာများရဲ့တရားခံဖြစ်တတ်တယ် ဆိုတာ လက်ရှိ လက်တွေ့ဖြစ်နေပါသည်။
မြန်မာတွင်မက ကမ္ဘာမှာပါ အစွပ်စွဲခံရတာ ဒီသဘောကြောင့်ပါပဲ။ ဘာပဲလုပ်လုပ် စေတနာနဲ့
လုပ်တိုင်း အကောင်းချည်းပဲလို့ အမြဲမှတ်ထားလို့ မရနိုင်ဘူးဆိုတာ မျက်မြင်ပါပဲ။ စေတနာက
ဝေဒနာဖြစ်တတ်တယ်ဆိုတဲ့ စကားဟာ အလကား ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

လုပ်ချင်တဲ့ အလုပ်တခုကို အချိန်အခါ နေရာဒေသ အလိုက်အထိုက် ဆိုတာတွေကို
ရွေးချယ်နိုင်မှ တော်ရာကျပါလိမ့်မည်။ ကာလံဒေသံ အဂ္ဂံဓနံ စတာတွေ ဖြစ်လာတာဟာ
အလကား သုံးနေတာမှ မဟုတ်ပဲ။ ကာလဒေသကို မကြည့်ကြပဲ လုပ်ချင်တာ တခုကိုပဲ
ရှေ့တန်းတင်နေကြတော့ ဆရာတော်မိန့်သလို ဖင်ခေါင်းကျယ်သလို ဖြစ်နေကြပြီ။ နောက်
ဆက်တွဲအဖြစ် အကြမ်းဖက်သမားတွေလည်း ဖြစ်ကုန်ပြီ။

အသုံးချခံတွေလည်း ဖြစ်ကုန်ပြီ။ ပညာရှိဆိုတာ အခြေအနေ အချိန်အခါကို ရွေးချယ်ပြီး
လိမ်မာပါးနပ်စွာနဲ့ လုပ်တတ်မှ ပညာရှိလို့ ခေါ်နိုင်လိမ့်မည်။ ဘက်စုံက ရှုတ်နေတဲ့အချိန်မှာ
အငြင်းပွားဖွယ်တခု ချပေးလိုက်သလို ဖြစ်သွားတော့သည်။ မိမိဆီက အမှိုက်အသေးလေး
ဖြစ်ပေမယ့် အဲဒီအမှိုက်လေးက သာမန်နေရာမှာ ပစ်ချမိရင် အကြောင်းမဟုတ်ပေမယ့် မီး
လောင်ပြင်ထဲ ချမိသွားရင် အားကောင်းအောင် လုပ်ပေးလိုက်သလို ဖြစ်သွားမှာ မလွဲပါဘူး။
မိမိတို့ လုပ်ချင်မယ့်အရာကလည်း ဘယ်လောက်အထိ အာမခံချက် ရှိမရှိဆိုတာကလည်း
လိုပါသေးသည်။
ရှိသင့်တဲ့အရာတခုဖြစ်ပေမယ့် ပုံမဖော်သင့်တဲ့အချိန်မှာ ပုံဖော်မိလိုက်ရင် ရည်ရွယ်ချက်တွေ
က အလကား အဟောသိကံဖြစ်တတ်တာပဲ။ နောက်တခါ မိမိတို့ ရည်ရွယ်ချက်ကို အစထဲက
ရေလည်အောင် မရှင်းပြပဲ ဝေ့လည်ချောင်ပတ် ပြောဆိုမှုများကလည်း ပြဿနာအားလုံးရဲ့
တရားခံဘဝ ရောက်သွားတတ်တာပါပဲ။
အဲဒီတော့ ကိုယ့်သာသနာကို ကိုယ့်ဖာသာ နာမည်ပျက်အောင် လုပ်သလိုဖြစ်နေပြီ။ သူများက
ဖျက်နိုင်အောင်လည်း လမ်းကြောင်းဖောက်ပေးသလို ဖြစ်ရပြီ။ 

တကယ်တမ်းကြတော့ ဒါတွေဟာ သာသနာဝန်ထမ်းများရဲ့တာဝန်မကျေမှု၊ သာသနာ့
တာဝန် ထမ်းဆောင်ချက် အားနည်း ညံ့မှု၊ သာသနာအတွက် ခံယူချက် အားနည်းမှုတွေ
ကြောင့်ပဲဖြစ်သည်။ သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုတဲ့(သာထွန်းပြန့်) ဆိုတာလဲ
ခေါင်းစည်း စာတန်းပဲရှိတယ်။ လက်တွေ့မှာ ဟန်ပြလောက်နဲ့ စားကောင်း သောက်ကောင်း
လောက်သာ လုပ်နေခဲ့ကြလို့ပဲ ဆိုတာ ယနေ့ဖြစ်ပေါ်နေတာတွေက သက်သေများပဲ
ဖြစ်သည်။ 
ယနေ့လို ဖြစ်နေတာဟာ ဒီနှစ်ပိုင်းတွေမှ မဟုတ်၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်
လောက်ထဲက ပြတ်တောင်းပြတ်တောင်း ဖြစ်လာခဲ့တာပဲ။ အထက်က ပြောခဲ့သလို
တခြားဘာသာတွေ ရုန်းကန် လှုပ်ရှားနေချိန်မှာ ရဟန်းသံဃာများရော ဘာသာဝင်များ
ပါ အားလုံး တာဝန်မဲ့နေကြပြီး အမှုမဲ့အမှတ်မဲ့ အိပ်ပျော်နေခဲ့ကြလို့သာ ယခုလို မိုဃ်းလွန်
မှ ထွန်ချဖို့ အပြေးအလွှားဖြစ်နေကြခြင်းဖြစ်သည်။ အဓိက တရားခံဟာ သာသနာ့ဝန်ထမ်း
များရဲ့တာဝန်မကျေမှုပါပဲ။ 

အမြင်ကျဉ်းခဲ့ကြတာပဲ။ ယနေ့အထိလည်း ကျဉ်းနေကြတုန်းပါပဲ။ ပုဉ်းကြီးဖို့ နေရာရဖို့
နာမည်ရဖို့ ကျောင်းရဖို့ ဆိုတာတွေနဲ့ပဲ အချိန်ကုန်နေကြတုန်း သာသနာပြုတယ်ဆိုတာနဲ့
သာသနာဆိုတာ ဘာမှန်း နားမလည်သေးတဲ့ သာသနာတွင်း ပုဂ္ဂိုလ်များ များစွာရှိနေသေး
တုန်းမို့ ရင်လေးမိတာ အမှန်ပါပဲ။
ယနေ့ဆိုလဲ အိန္ဒိယ ဗုဒ္ဓပွင့်ထွန်းရာဒေသ ဗုဒ္ဓဂါယာမှာ ဗုံးသံတွေ၊ လူသံမျိုးစုံတွေ၊ သတင်းသံ
တွေ ကမ္ဘာတခုလုံး ပြန့်နှံ ဆူညံနေပေမယ့် ကျုပ်တို့နိုင်ငံက ကမ္ဘာအေးဌာန သာသနာရေး
ဌာနကြီး တခုလုံး မိုဃ်းအေးအေးနဲ့ ဘာသံမှ မကြားရအောင်ပဲ အာရုံ ၆ ပါးလုံး ထိန်းချုပ်
အေးငြိမ်းနေတာ ... အင်း... ကြည်ညိုဖွယ်တော့ ဖြစ်တန်ကောင်းပါရဲ့...။
(Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...