သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, July 12, 2013

PostHeaderIcon ၁၉ ဇူလိုင်

 ၁၉-ဇူလိုင်
ဇူလိုင် ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်
ဒို့မျိုး စဉ်ဆက် တိုင်သတည်း။
၁၉-ဇူလိုင်၊ မမေ့နိုင်တည့်။
မိုဃ်းရက်မိုဃ်းခါ၊ ဖြစ်လေပါလည်း
ရှုသာမြင်ကွင်း၊ နံနက်ခင်းနှင့်
ယင်းသည့် စနေ၊ ဂြိုဟ်ဆိုးမွှေခဲ့။

တွင်းဝန် ရုံးဆီ၊ ဆယ်နာရီနှင့်
စွန်းသည် ဟိုဘက်၊ နာရီဝက်တွင်
ပြည်တွက် ရေးရာ၊ များဝန်တာကို
ဖြာဖြာ တနည်း၊ ခေါင်းဆောင်ကြီးတို့
စုစည်း တထွေ၊ ဆွေးနွေးနေစဉ်…။

ဂျစ်ကား စိမ်းမှ၊ ဆင်းသက်ကြပြီး
လက်မှ တော်မီ၊ စတင်း ချီလျှက်
တပ်မည် နံပါတ်၊ ‘ဆယ့်ရှစ်”မှတ်သည့်
စစ်တပ် ဝတ်စုံ၊ အရေခြုံတို့
စုပြုံ တက်သွား၊ မိနစ်ခြားဝယ်…။

နားကွဲ မတတ်၊ ဒလစပ်လျှင်
ပစ်ခတ် ဆူညံ၊ သေနတ်သံတို့
မိုဃ်းယံကိုဖောက်၊ လေဝယ်နှောက်သည်
ထက်အောက် ဝန်းကျင်၊ တုန်သတည်း…။

ကျည်ပွင့်သံလည်း
မိုဃ်းယံကိုဖွင့်၊ လေဝယ်လွင့်သည်
ယမ်းပွင့် ယမ်းခိုး၊ ဝေသတည်း။

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်
ခေါင်နန်းစာဆို၊ ဦးဘချိုပြင်
ကြည်ညိုဆပွား၊ ဒို့အားထားသည့်
စော်ဘွား မိုင်းပွန်၊ လူရည်ချွန်လှ
သခင်မြနှင့်၊
တကွ တူပြိုင်၊ မန်းဘခိုင်၊
ကြိုင်လှိုင်သတင်း၊ ဦးဘဝင်း
ပျံ့သင်းဂုဏ်ဒြပ်၊ ဦးရာဇတ်တို့
ပစ်ခတ်ခံရ၊ ဆောင်ခန်းမဝယ်
လဲကျသက်ဆုံး၊ သွေးနီဖုံးသည်
ဆုံးရှုံးခဲ့ရ လေပြီတကား။

ဤသတင်းလျှင်…
ချက်ခြင်း ပျံ့သွား၊ ပြည်သူ့နားသို့
သိကြား မကြာ၊ ပြည်လုံးမှာလည်း
သည်းညှာ ပျက်ပြုန်း၊ ကြိမ်းမီးအုံးသို့
ယူကြုံးမရ၊ မျက်ရည်ကျခဲ့…။
တသ နှမြော၊ အသေစောဟု
သောက လှိုက်ဖို၊ ရှိုက်ငင် ငိုမိ
ရက်ကို လစား၊ ချိန်တွေများသည်
ခုကား ၆၆.နှစ် တိုင်ခဲ့ပြီ…။

ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍
စတေးခံသွား၊ ခေါင်းဆောင်များတွက်
ဒို့ကားတဖန်၊ ဆောင်ရွက်ရန်ကား
မိမြန်အတွက်၊ စွမ်းသည့်ဘက်မှ
ဆထက်ကြိုးကုတ်၊ အားမာန်ထုတ်၍
ဗိုလ်ချုပ်ချမှတ်၊ လမ်းစဉ်မြတ်ကို
ကျင့်အပ်လိုက်နာ၊ သွားရန်သာတည်း။

ဆယ့်ကိုး ဇူလိုင်၊ မမေ့နိုင်တည့်။
ဇူလိုင် ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်
ဒို့မျိုး စဉ်ဆက်၊ တိုင်သတည်း။ ။
       (ထွဏ်းနေနွယ်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...