သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, July 23, 2013

PostHeaderIcon ပူပင်သောကတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်း



  ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်
***********************************************
ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်းအများပေါ်မူတည်ပြီး

လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ကြိုတင်ပြင်ဆင်ပါ
အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်

မှု ပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ
ပြောရရင် စာမေးပွဲမဖြေခင် ကောင်းကောင်း လေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင် ရတော့မယ့်အရာ တခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဉာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။

(၂) ပူပင်သောကများကို ချရေးပါ
မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို ၁၀ မိနစ်လောက် ချရေး

လိုက်တာက ပူပင်မှုတွေ လျော့ပါးသွားပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ ပူပင်သောကနဲ့
ကြောက်ရွံ့မှုတို့ ခံစားနေရတဲ့အချိန်မှာ ဦးနှောက်ထဲက ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းနဲ့ ဆုံး
ဖြတ်ဖြေရှင်းနိုင်စွမ်းစတဲ့ လုပ်ငန်းဆောင်တာတွေက ရှုပ်ထွေးနေပြီး မှတ်ဉာဏ်ထိခိုက်မှု ဖြစ်
တတ်ပါတယ်။ ဒီလိုအခြေအနေမှာ အဖြေမှန်ရွေးရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအဖို့ ပိုမို အမှားအယွင်းများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၃) အသက်ပြင်းပြင်းရှူပါ
အံ့အားသင့်စရာ ကောင်းတဲ့အချက်က တခုခုကို ရင်ဆိုင် ဖြေရှင်းရတော့မယ့် အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိတာက သင်္ချာဖြေဆိုရတဲ့အခါ
ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရတယ်လို့ စိတ်ခံ စားမှုဂျာနယ်တခုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတခုခုကို မကြုံ
တွေ့ခင်မှာ စိတ်ဖိစီးမှုရှိတာက ကောင်းပေမယ့် ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ အဆင်ပြေပါ့ မလား၊ အောင်မြင်ပါ့မလား စသဖြင့် တွေးတော ပူပင်နေတာကတော့ မကောင်းပါဘူး။
ဒါကြောင့် ဒီလိုအချိန်မှာ စိတ်အေးချမ်း တည်ငြိမ်မှုရှိစေဖို့ အသက်ပြင်းပြင်း ရှုပေးသင့်ပါ
တယ်။ ဒါမှမဟုတ် သင့်မျက်လုံးကို တမိနစ်လောက် မှန်ထဲမှာ စိုက်ကြည့်ပြီး
''အောင်မြင်ရမယ်''ဆိုတဲ့ စိတ်ကို သွင်းပေးလိုက်ပါ။

(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ
ရင်ဆိုင် ဖြေရှင်းရတော့မယ့် အရာတခုအတွက် အဆိုးဆုံး အခြေအနေကိုလည်း ကြိုတင်
တွေးတောပြီး အဲဒီအခြေအနေမှာ ကိုယ့်စိတ်ခံစားချက်က ဘယ်လို ရှိမလဲဆိုတာ ပြင်ဆင်
ထားပါ။ အဲဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဘယ်လို စမ်း
သပ်မှုမျိုးကို မဆို ဖြေရှင်းရဖို့ နောက်တွန့်နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်
လင့်ထားပြီး အဆိုးဆုံးအတွက် ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင်သောက
တွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း တနည်းဖြစ်ပါတယ်။
Pyimyanmar Journal

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...