သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, July 21, 2013

PostHeaderIcon ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့




 ဝါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့
သန္ဓေ,တောထွက်,ဓမ္မစက်,မိန့်မြွက်သံချို,လဝါဆိုဟူသော စကားနှင့်အညီ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့၏ ဘုရားဖြစ်ရန် အချိန်
တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သန္တုဿိတနတ်သား အဖြစ်မှ
မယ်တော်မာယာ၏ ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
 

ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။် ဆယ့်ခြောက်နှစ်ဝယ် ယသော်
ဓရာနှင့် ထိန်းမြား လက်ထပ်လေ၏။ ရာဟုလာအမည်ရသော သားတော်တပါး မွေးဖွား
လေ၏။ ထို့နောက် သူအို,သူနာ,သူသေ,ရဟန်း,ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်
မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာနဲ့ ရဟန်းတပါး၏ ချမ်းသာတရားကို တွေး
သိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်ဆန် ကန္နကမြင်းတို့နှင့် ဥရုဝေလတောသို့ ကိလေသာ ကုန်ခန်းပြီး ဉာဏ်အလင်းရောင်နဲ့ အသိတရားထူးများကို ရှာဖွေရန် တောထွက်တော်မူပါသည်။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ

ယောဂီပရိဗိုဇ်တို့၏ အတ္တကိလမထ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို
ထိုတောဝယ် (၆)နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကို မရရှိခဲ့ပေ။
(၆)နှစ်မျှ ကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရိဗိုဇ်တို့၏ အကျင့်များသည် ခန္ဓာကိုယ်
ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ မိမိကိုယ်ပိုင် နည်းစနစ်
ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့
ရောက်ရှိတော်မူပါသည်။
ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် အားထုတ်ခဲ့ သောတရားများနှင့် လောကကို ဆင်ခြင်
ကြည့်လေသော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲ
လွန်းနေ၏။ လောကလူသားတို့၏ အသိဉာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝ
စဉ်ပိတ်ဖုံးနေ၏။ ငါ၏ တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်းနေ၏။ ပုထုဇဉ် တို့အား ဟောကြားရန် လားလားမှမတန်ဟု ဆင်ခြင်နေစဉ် သဟမ္ပတိဗြဟ္မာ၏ တောင်းပန်
မှုဖြင့် အရင်က မိမိတပည့်ဖြစ်ခဲ့ဖူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တော
ဝယ် ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊ ၀ဂ္ဂ-အစု အဖွဲ့)တို့ကို တရားဦးဟောကြား
ရန် ကြွချီတော်မူလေသည်။

ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝ၏ ပထမဦးဆုံး
ဖြစ်သော ဓမ္မစင်္ကြာတရားတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူလေသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာဝင်တို့အတွက် မွန်မြတ်သောနေ့တနေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ်.၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ်.၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး ဟော= မဟာသက္ကရာဇ် –၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့=မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

(၅) သံဃာရတနာ စပေါ်သည့်နေ့ = မဟာသက္ကရာဇ်.၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

 
သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်,လူ ငြိမ်းဖို့ ကိန်းပါကို…။
တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊
“၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။
ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါး၊ ဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့် မဟီတသောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား၊“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

(၂၉)နှစ်ထိ ပစ္စည်းပြည့်စုံ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ဘုရားအလောင်း
တော်ဘဝသည် ‘ကာမသုခလ္လိကာနုယောဂ”လက်ယာစွန်းရောက်နေစဉ် လောဘကိုသာ
ဖြစ်စေပြီး၊(၂၉)နှစ်မှ (၃၅)နှစ်အထိ (၆)နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်း
ဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီး‘အတ္တကိလမထာနုယောဂ’လက်ဝဲစွန်း
ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်
ပါးကို ရှောင်ပြီး‘မဇ္စျိမပဋိပဒါ’(ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါးကို
သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။ ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။ယင်း
သို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍
ကျမ်းဂန်၌ ဆိုထားသည်။ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။
ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူ
သော တရားဒေသနာတော် ဖြစ်သည်။

ဝါဆိုလပြည့် အခါတော်နေ့
သန္ဓေ တောထွက် ၊ ဓမ္မစက်၊ တချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။

သန္ဓေယူသောနေ့
၁။ နတ်ဗြဟ္မာပေါင်း၊ ခွင့်တောင်းကြလေ၊
လောင်းတော်နတ်မင်း ၊ သက်ဆင်းစုတေ။
မယ်တော်ဝမ်းတိုက်၊ ကိန်းပိုက်သန္ဓေ၊
ဝါဆိုလ ၊ ပုဏ္ဏ ဒိဝသေ။
 
တောထွက်သောနေ့
၂။ နိမိတ်လေးဆင့်၊ ဘေးဖြင့်ထင်လေ၊
ယသော်ခင်လေး၊ ရင်သွေးရဝေ။
မငဲ့ကွက်လို့၊ တောထွက်တုံချေ၊
ဝါဆိုလ၊ ပုဏ္ဏ ဒိဝသေ။
 
ဓမ္မစကြာဟောသောနေ့
၃။ မိဂဒါတော၊ သာမောမြိုင်ခြေ၊
ပဉ္စ၀ဂ်အား ၊ မြတ်ဖျား စိန္တေ။
ဓမ္မစက်သုတ်၊ မြွက်ထုတ်လှစ်ခြွေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

တန်းခိုးပြာဋိကာ ပြသောနေ့
၎။ ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။
Shin Thant May 
ရွှင်လန်းချမ်းမြေ့ကြပါစေ။


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...