သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, July 5, 2013

PostHeaderIcon သဲ

 သဲ...
******
တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တရထဲမှာ လမ်းလျှောက်သွားနေတုန်း တနေရာ
ရောက်တော့ သူတို့ အကြီးအကျယ် စကားများကြတယ်။ ဒါနဲ့  တယောက်က နောက်
တယောက်ရဲ့ပါးကို ရိုက်လိုက်တယ်။ ပါး အရိုက်ခံရလို့ နာကျင်သွားတဲ့ သူငယ်ချင်းက ဘာမှ မပြောပဲနဲ့ သဲပေါ်မှာ
“ဒီနေ့  ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်” လို့ ရေးလိုက်တယ်။

ဒီလိုနဲ့ ခရီးဆက်သွားရာ တနေရာရောက်တော့ သူတို့ဟာ အိုအေစစ်ကို တွေ့လိုက်ကြတယ်။ ဒါနဲ့ အဲဒီနေရာမှာ ရေချိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စောစောတုန်းက ပါးရိုက်ခံရတဲ့ သူငယ်

ချင်းဟာ ဗွက်ထဲအဆင်း နစ်သွားတဲ့အခါမှာ သူ့ သူငယ်ချင်းက သူ့ အသက်ကို ကယ်လိုက်
တယ်။
ဗွက်နစ်ခါနီး ဖြစ်နေတုန်းမှာပဲ အကယ်ခံလိုက်ရတဲ့အတွက် သူဟာ အနားက ကျောက်တုံးပေါ်

မှာ စာရေးလိုက်ပြန်တယ်။
“ဒီနေ့ ငါ့သူငယ်ချင်း ငါ့ရဲ့ အသက်ကို ကယ်တယ်”တဲ့။

ဒါနဲ့ သူ့ရဲ့ပါးကို ရိုက်တဲ့ သူငယ်ချင်းက သူ့ကို မေးတယ် “မင်းကို ငါ နာကျင်အောင် လုပ်

တုန်းက မင်းက သဲပေါ်မှာ စာရေးပြီး၊ အခုကြတော့ မင်းကဘာဖြစ်လို့ ကျောက်တုံးပေါ်မှာ
ရေးတာလဲ”တဲ့။
 

ဒီတော့ ပါးရိုက်ခံရတဲ့ သူငယ်ချင်းက“တယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်
တဲ့ အခါမှာ သဲပေါ်မှာပဲ စာရေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခွင့်လွတ်ခြင်းဆိုတဲ့ လေ
တိုက်လာတဲ့ အခါမှာ အဲဒီသဲပေါ်မှာ ရေးထားတာတွေက လွင့်ပါ ပျောက်ကွယ်သွားအောင်
ပါ။ ဒါပေမယ့် တယောက်ယောက်က ကိုယ့်အပေါ်ကို ကောင်းတာကို လုပ်တယ်ဆိုရင်
တော့ ဘယ်လို လေမျိုးတိုက်တိုက် ဝေးလွင့် ပျောက်ကွယ် မသွားနိုင်အောင် ကျောက်တုံး အပေါ်မှာ ရေးခြစ်ထားသင့်လို့ ပါ”လို့  ပြန်ဖြေတယ်။

ကျွန်မတို့တွေလည်း ကိုယ့်ရဲ့ နာကျင်မှုတွေကို သဲပေါ်မှာသာ ရေးထားပြီး ကိုယ်

နာကျင် ခံစားရတဲ့ အကျိုးတွေကိုတော့ ကျောက်တုံးပေါ် ရေးခြစ်ထားကြပါစို့လား။

အင်တာနက်မှ ဖတ်ရတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ မူရင်းကိုလည်း

ထည့်သွင်းပေးထားပါတယ်။
(စနိုး)

(သတ်ပုံနှင့် ဝိဘတ် စကားဆက်တွေကို မပြေပြစ်၍ ပြင်ထားပါသည်။ တိုးတိုး)

A story tells that two friends were walking through the desert. During some point

of the journey they had an argument, and one friend slapped the other one in the face.

The one who got slapped was hurt, but without saying anything, wrote in the sand:

TODAY MY BEST FRIEND SLAPPED ME IN THE FACE.

They kept on walking until they found an oasis, where they decided to take a bath.

The one who had been slapped got stuck in the mire and started drowning, but 
the friend saved him.

After he recovered from the near drowning, he wrote on a stone:

TODAY MY BEST FRIEND SAVED MY LIFE.

The friend who had slapped and saved his best friend asked him, "After I hurt you, 

you wrote in the sand and now, you write on a stone, why?"

The other friend replied "When someone hurts us we should write it down in sand 

where winds of forgiveness can erase it away. But, when someone does something
good for us, we must engrave it in stone where no wind can ever erase it."

LEARN TO WRITE YOUR HURTS IN THE SAND AND TO CARVE 

YOUR BENEFITS IN STONE.

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...