သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 17, 2013

PostHeaderIcon နေရာတကာ ကံချည်းပဲ ပုံမချရဘူး



နေရာတကာ ကံကိုချည်း ပုံချမထားရဘူး
======================
မင်းတို့ မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊

ဟောပြသည်မှာ၊ အရင်းသာရှင့်” ဘုရားရှင်ဟောကြားထားတာကတော့ ကံမူလ
ကံသာ ပဓာနပေါ့၊ အဲသလို ဟောကြားထားတာပါပဲတဲ့။

“ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်”၊

အေး ဘုရားရှင်က ကံမူလလို့ ဟောထားတာမှန်တယ်၊ ဒါပေမဲ့ ဥစ္စာဘောဂ ဇီဝိတနှင့်”ပစ္စည်း

ဥစ္စာ ကြွယ်ဝချမ်းသာဖို့ ဇီဝိတ အသက်ရှင်ဖို့ အဲဒါတွေ အတွက်ကျတော့“ဉာဏ်ဝီရိယ၊
ပယောဂတည့်”တဲ့၊ ဉာဏ်ဝီရိယနဲ့ ယှဉ်ပေးရတယ်တဲ့၊ နေရာတကာ ကံချည်းပဲ ပုံချမထားရဘူး။

အဲဒါကို “ကျားရဲရာလည်း ကြမ္မာအကြောင်း မရိုးကောင်းဟု သူဟောင်းရှေးက ဆိုကုန်
ကြ၏”။
တောထဲတောင်ထဲမှာ ကျားတိရစ္ဆာန်ရှိတယ်၊ အဲဒီကျားတိရစ္ဆာန်က လူတွေကို သိပ်ကိုက်

သတ်နေတယ်၊ အဲဒါ ကံရှိရင်ကွာ ကျားအကိုက် မခံရပါဘူးဆိုပြီးတော့ အဲဒီတောထဲကို
သွားရင်… ဒါ ကံကို ရိုးမယ်ဖွဲ့လို့ မရဘူးတဲ့။

“ကံကိုယုံ၍၊ ဆူးပုံအတွင်း၊ မသက်ဆင်းရာ”တဲ့၊ ကံရှိရင် ဆူးစူးမှာ မဟုတ်ဘူးဆိုပြီးတော့

ဆူးပုံကြီးပေါ်တက်နင်းရင် ဆူးစူးမှာပဲ တဲ့၊ အဲဒါ မှတ်ထား။

“ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်”ဆိုတဲ့

အတိုင်း မင်းတို့ အသက်ရှည်ဖို့အတွက် စီးပွားဥစ္စာ ဖြစ်ဖို့အတွက်ကြတော့ ဉာဏ်ဝီရိယ
ပါ ကူညီပြီးတော့ ပေးရပါတယ်တဲ့ ။

ကိုင်း လိုက်ဆို၊ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတ

နှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ညာဏ်ဝီရိယ၊ ပယောဂတည့်၊ ကျားရဲရာလည်း၊ ကြမ္မာ
အကြောင်း၊ မရိုးကောင်းဟု၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏ ၊ကံကိုယုံ၍၊ ဆူးပုံအတွင်း၊
မသက်ဆင်းရာ။

အဲဒါ ကံရှိရင် သေမှာ မဟုတ်ပါဘူးဆိုပြီးတော့ ဆူးပုံမနင်းပါနဲ့၊ ကျားရဲနေတဲ့တော ကျား

သောင်းကျန်းနေတဲ့ တောကို ငါ ကံရှိရင် ကျားအကိုက်ခံရမှာ မဟုတ်ဘူးဆိုပြီးတော့
မသွားပါနဲ့တဲ့၊ အဲဒါကို မင်းတို့ မြန်မာစကားပုံက“ကျားရဲရာ ကြမ္မာ မရိုးသာ”လို့ ပြောတာ၊
အဲဒါ နေရာတကာမှာ ကိုယ့်အသိဉာဏ်လေးနဲ့ကိုယ် ချင့်ချိန်ပြီးတော့ လုပ်ကြဖို့လိုတယ်။

( ၁၃၆၉-ခု)
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...