သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 3, 2013

PostHeaderIcon ဗိုလ်ချုပ်အောင်ဆန်း၏ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲစဉ် ပြောကြားချက်

 ဒီမိုကရေစီ ဝါဒ၊ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီတရားတွေ ခေတ်စားနေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထား မထားနိုင်တဲ့ နယ်ဟာ အနှေးနှင့်အမြန် အဲသည်နယ်မှာ ရှိတဲ့လူတွေ နိုးကြားလာပြီး
ဒီလို ကမ္ဘာကြီးရဲ့ သဘောတရားတွေနှင့် ဖြစ်ပျက်နေတဲ့ခေတ် သဘောတရားတွေနှင့် ဆန့်ကျင်
ဘက် သဘောတရားတွေကို တွန်းလှန် ပစ်ကြမှာပဲဆိုတာ ကျွန်တော် နိမိတ် ဖတ်ထားချင်တယ်။
ကျွန်တော်တို့ အဖို့မှာတော့ မင်းဆိုလို့ရှိလျှင် တိုင်းသူပြည်သားလုပ်တဲ့ လူတွေက အရမ်း လွှတ်ထား
အပ်တဲ့ လူတွေ မဟုတ်ဘူး။ အချုပ်အချယ် ရှိတန်သလောက် ရှိသင့်တယ်။
အမှန်စင်စစ် နိုင်ငံတော်မှာရှိတဲ့ အချုပ်အခြာ အာဏာတွေကို ပိုင်တဲ့ လူတွေဟာ ဘယ်သူတွေဖြစ်
ရမလဲ ဆိုလို့ရှိရင် ကျနော်တို့ ယုံကြည် ယူဆချက်ကတော့ နိုင်ငံသူနိုင်ငံသားတို့ဟာ အဲဒီ နိုင်ငံမှာ
ရှိတဲ့ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်တဲ့ လူတွေလို့ ယူဆပါတယ်။ အဲဒီ ပိုင်ဆိုင်တဲ့ လူတွေက
လွှဲပေးလို့သာ (မင်း)အစိုးရတို့ ဆိုတာ ပေါ်လာရခြင်းပဲဖြစ်တယ်။ 

မင်းအစိုးရတို့ဟာ အချုပ်အခြာ အာဏာကို ပိုင်ထားတဲ့ နိုင်ငံသူနိုင်ငံသားတွေက မလိုချင်တဲ့အခါမှာ
မလိုတဲ့အလျှောက် တားဆီးနိုင်တဲ့ အခြေအနေမျိုးရှိရမယ်။

နိုင်ငံရေးမှာ ဆိုလို့ရှိရင် ဘယ်သူကတော့ဖြင့် မဲမရထိုက်ဘူး၊ ဘယ်သူကတော့ဖြင့် မဲရထိုက်တယ်
စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ
ဘယ်လို ရာထူးမျိုးကို မရစေရဘူး၊ ဘယ်သူကသာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု
တွေဟာ နိုင်ငံရေး တရားမျှတမှုကို ထိခိုက်တယ်။
 
နယ်ခြား နိုင်ငံကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီး တနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု
အထူးတလည် ခံရတဲ့ (Vassal State) မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်တို့ဖြစ်ချင်တာကတော့
ဆန်မရှိ စောက်စားကြီးပဲ ခေါ်ခေါ် (ရယ်သံများ) ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံကတော့ လွတ်
လပ်ပြီး အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော်ဖြစ်ချင်တယ်။

ကျွန်တော်တို့ လိုချင်တာကတော့ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့
(Buffer State)မျိုးလို ကျွန်တော်တို့ကတော့ ကျွန်တော်ကတော့ ကျွန်တော်တို့ သဘောအရ
ပြဋ္ဌာန်းထားတဲ့အတိုင်း သွားမှာပဲ။ အဲဒီလို သွားတဲ့အခါမှာလည်း ဘယ်လို အခက်အခဲတွေနှင့်
တွေ့နေတွေ့နေ အခက်အခဲတွေကို ကျော်နင်းပြီး သွားမယ်။ ချောက်လျှင်လည်း ကျွန်တော်တို့
မကြောက်ဘူး။ မြှေက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်း မပျော့ဘူး။ လမ်းမှန်အတိုင်း
မှန်မှန်သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ထိအောင် ကျွန်တော်တို့သွားမယ်။

၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား
ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့ "လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ
နိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်
ပြဋ္ဌာန်းချက် ၇ ချက်"မှကောက်နုတ်ချက်မှ (ဘလော့ခ်ဂါ အလင်းဆက်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...