သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, July 22, 2013

PostHeaderIcon ရှောလမုန်မင်းကြီး၏ ဉာဏ်ပညာနှင့် စပ်သော စကား



 ရှောလမုန်မင်းကြီး၏ ဉာဏ်ပညာနှင့် ပတ်သတ်သော သုတ္တန်စကား(၂၅)ချက်။
✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣✣

ပညာရှိတို့ စကားများဟာ နက်နဲသဖြင့် လူမိုက်တို့ နားမလည်နိုင်ကြ၊သူတို့ဟာ
အရေးကြီးတဲ့ အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ချိန် နှုတ်ကိုပိတ်၍
နေတတ်ကြတယ်။

သစ္စာတရား၊ ဉာဏ်ပညာ၊ ဆုံးမသြ၀ါဒ၊ အသိပညာတို့ကို ငွေအကုန်အကျခံ၍
လေ့လာဆည်းပူးလော့၊ ယင်းတို့ဟာ အဖိုးအနဂ္ဃထိုက်တန်သည်ဖြစ်တဲ့အတွက်
ငွေကြေးနှင့် မလဲလှယ်နှင့်။

လူမိုက်၏ရှေ့တွင် စကားမပြောနှင့်၊သူဟာသင့်ရဲ့ပညာစကားကို တန်ဖိုးထားမှာ မဟုတ်။

ဥာဏ်ပညာရှိသူတို့ဟာ နှုတ်ကအသိပညာကို တင့်တယ်စွာ မြွက်ဆိုတတ်တယ်။
မိုက်မဲသူတွေရဲ့ နှုတ်က ယုတ္တိမရှိတဲ့ စကားတွေကို ပြောဆိုတတ်တယ်။

ဆုံးမသွန်သင်မှုကို မခံယူသူဟာ ဆင်းရဲနွမ်းပါးပြီး သရေပျက်ရလိမ့်မယ်။ ဆုံးမပဲ့ပြင်မှုကို
ခံယူသူ မှန်သမျှဟာ ကြည်ညိုလေးစားမှုကို ခံရလိမ့်မယ်။

လူမိုက်ဟာ သူတပါးပြောဆိုသမျှသော စကားတို့ကို ယုံသင့်တယ်၊ အသိဥာဏ်ရှိသူတွေ
ကတော့ သမ္မာသတိနဲ့ ပြုကျင့်တတ်ကြတယ်။

အသိပညာရှိသူတွေဟာ မိမိတို့ရဲ့ အသိပညာကို ထုတ်ဖော်ကြေညာခြင်း မပြုတတ်၊
အသိပညာမဲ့သူတွေကတော့ မိမိတို့ရဲ့ အသိပညာမဲ့မှုကို ကြေညာတတ်ကြတယ်။

ပညာရှိတို့ရဲ့ဆိုရိုးစကားကို ရွတ်ဆိုတတ်တဲ့ လူမိုက်ဟာ လက်မှာ စူးနေတဲ့ဆူးကို
ထွင်ရန် ကြိုးစားတဲ့ သေသောက်ကြူးသူနဲ့ တူတယ်။

အသိပညာကို မြတ်နိုးသူမှန်သမျှဟာ ဆုံးမပဲ့ပြင်မှုကို နှစ်သက်တယ်၊
ဆုံးမပဲ့ပြင်မှုကို မုန်းတဲ့လူဟာ လူမိုက်ပဲ။

မိုက်မဲသူတွေဟာ မိမိတို့ ပြုတဲ့အမှုကို အမြဲမှန်တယ်လို့ ထင်မှတ်ကြတယ်။
ပညာရှိတဲ့ လူတွေကတော့ သူတပါးပေးတဲ့ အကြံဉာဏ်ကို လက်ခံတတ်ကြတယ်။

အသိဉာဏ်ထက်မြက်သူဟာ သူတပါးတို့ ချီးမွမ်းပြောဆိုခြင်းကို ခံရလိမ့်မယ်။
အသိဉာဏ်တုံးသူတွေကတော့ အထင်သေးခြင်းကို ခံရလိမ့်မယ်။

စကားများများပြောတဲ့အခါ အမှားများတတ်ပါတယ်။ ဉာဏ်ပညာရှိသူကတော့
ဆိတ်ဆိတ်နေတတ်ပါတယ်။

ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြောဆိုတတ်တဲ့ နှုတ်ဟာ ဓားသဖွယ် ပြင်းထန်စွာ
ဒဏ်ရာရစေတယ်၊ ပညာရှိရဲ့နှုတ်က ဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းစေနိုင်ပါတယ်။

ပညာရှိတွေဟာ ရနိုင်သမျှ အသိပညာကို ဆည်းပူးတတ်ကြတယ်။ဒါပေမယ့် လူမိုက်တို့
စကားပြောတဲ့အခါ ဒုက္ခနဲ့ တွေ့ကြုံဖို့ အလားအလာရှိတယ်။

ဥာဏ်ပညာရှိသူတွေဟာ အနက်အဓိပ္ပါယ်ရှိတဲ့ စကားကို ပြောဆိုတတ်ကြတယ်။
လူမိုက်တွေကတော့ အပြစ်ဒဏ် ခံသင့်သူတွေဖြစ်တယ်။

လူမိုက်ဟာ မိမိစကားဖြင့် ကြိမ်ဒဏ်သင့်လိမ့်မယ်၊ ပညာရှိက မိမိစကားအားဖြင့်
မိမိကိုယ်ကို အကာအကွယ်ပေးလိမ့်မယ်။

ဘုရားမဲ့သောသူတွေရဲ့ ဉာဏ်ပညာဟာ လူတွေကို အကျိုးနည်းစေတယ်။ ဒါပေမယ့်
သူတော်ကောင်းတွေရဲ့ ဉာဏ်ပညာဟာ လူတွေကို အသက်ဘေးက ကယ်တင်နိုင်တယ်။

သူတပါးတို့ကို သရော်စော်ကားပြောဆိုတာဟာ မိုက်မဲမှုဖြစ်တယ်။ သတိပညာရှိတဲ့သူဟာ
ဆိတ်ဆိတ်နေလိမ့်မယ်။

သူတော်ကောင်တွေဟာ ဉာဏ်ပညာနဲ့ ယှဉ်တဲ့စကားကို ပြောဆိုတတ်ကြတယ်။ ဒါပေမယ့်
ဆိုးညစ်တဲ့စကားကို ပြောတဲ့ နှုတ်ဟာ အပိတ်ခံရလိမ့်မယ်။

ဥာဏ်ပညာရင့်ကျက်သူဟာ အသိပညာရှိသူဟု ကျော်စောတတ်တယ်။ သူဟာနှုတ်ချိုတာနဲ့
အမျှ သူတပါးစိတ်ကို ဆွဲဆောင်နိုင်တယ်။

အသိဉာဏ်ရှိသူတွေဟာ စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ကြတယ်။ သို့ဖြစ်လို့
သူတို့ ပြောတဲ့စကားတွေဟာ လူ့စိတ်ကို ပိုပြီး စွဲဆောင်နိုင်တယ်။

အတွေ့အကြုံများသော သူဟာ စကားများစွာ မပြောတတ်။ တည်ငြိမ်စွာ နေတတ်သူတွေဟာ
ထိုးထွင်းဉာဏ်ရှိသူများဖြစ်တယ်။ နှုတ်ပိတ်လို့ ဆိတ်ငြိမ်စွာနေတတ်သော လူမိုက်ကိုပင်
ဉာဏ်ကောင်းသူ၊ ပညာရှိရယ်လို့ ထင်နိုင်ပါတယ်။

လူရဲ့နှုတ်ထွက်စကားတွေဟာ ပညာစမ်းရေတွင်းဖြစ်နိုင်၍ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး
ရေစီးချောင်းကဲ့သို့ သန့်ရှင်းကြည်လင်ပေတယ်။

ဉာဏ်ပညာရှိ သူတော်ကောင်း စကားတွေဟာ ငွေစင်နဲ့ တူတယ်။
သူယုတ်မာ အတွေးအခေါ်တွေက တန်ဖိုးမရှိ။

အသိပညာနှင့် ယှဉ်သောစကားဟာ ရွှေ(သို့မဟုတ်) ကျောက်သံပတ္တမြားထက် ပိုပြီး
အဖိုးထိုက်တန်ပေတယ်။

By zwekapinmyae(NYANYA)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...