သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 17, 2013

PostHeaderIcon ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ


 ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ

 ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို
'ရဟန္တာ'ချည်းထင်တတ်၏။ အကျဉ်းချုပ် မှတ်သားရမည်မှာ'ကောင်းကင်မှာ
ပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်းလည်း ကောင်းကင်မှာ မပျံနိုင်'ဟူသော
အချက်ပင်ဖြစ်၏။ 
ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ်စသည်
အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင်ပျံနိုင်၏။
ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏။

ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော' ဒေဝဒတ်ရဟန်း'သည် သံဃာသင်းခွဲသော
ကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်
ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတပါးပင်ဖြစ်၏။ ဘုန်းကြီးချင်သော လောဘ
(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသသဖြင့် ဈာန်လျှောပြီး
မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏။
ဈာဉ်အဘိညာဉ်ရသော ရဟန္တာများ ကောင်းကင်တွင် ပျံနိုင်ကြ၏။

ဈာန် အဘိညာဉ်မရသော'သုက္ခဝိပဿက ရဟန္တာ'များကား ရဟန္တာဖြစ်သော်
လည်း ကောင်းကင်တွင် ပျံနိုင်ခြင်း မရှိချေ။ 

ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏ တန်ခိုး မဟုတ်၊
အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည် မတူပေ။ 
ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ် 
ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာ တောင့်တင်း
ခိုင်မာဖို့လည်း လိုအပ်၏။

ဈာန်အင်္ဂါငါးပါး ရှိသော ပထမဈာန်။
ဈာန်အင်္ဂါလေးပါး ရှိသော ဒုတိယဈာန်။
ဈာန်အင်္ဂါသုံးပါး ရှိသော တတိယဈာန်။
ဈာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထဈာန်။
ဈာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမဈာန်။

ဟု ငါးပါးရှိသည်။
'မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ' ဟူသော အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းအဖွင့်
အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ သုံးပါးတွင် တပါးပါးကို ပွားများလျှင် ပထမဈာန်မှ
စတုတ္ထဈာန်အထိ ရနိုင်သည်ဟု သိရ၏ ။

ဈာန်၏အဓိပ္ပါယ်မှာ'ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေ
ခြင်း'ဟု ဖြစ်သည်။
သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာဝနာသည် ဈာန်တရားကို အမြန်ဆုံးရ၏။

စာတွေ့၊ လက်တွေ့၊နှစ်ခုလုံးပြပါအံ့။
မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဉ္ဇာနီသုတ်အဖွင့်၌ ဓနဉ္ဇာနီပုဏ္ဏားကြီးသည်
သေခါနီးကာလတွင် အရှင်သာရိပုတ္တရာကို ပင့်ပြီး တရားနာ၏။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်းကို ဟောကြားပေးတော်မူ၏။ တရား
နာရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမဈာန်ကိုရ၏။ ထိုပထမဈာန်
နှင့် သေသောကြောင့် ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ရ၏။ ထိုအကြောင်းကို ဗုဒ္ဓ
သိတော်မူသောအခါ 'မဂ်ဖိုလ်ရနိုင်သူကို ဈာန်ရကြောင်း တရားကိုသာ ဟောရ
မည်လော'ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို
ဟောခိုင်းတော်မူ၏။
အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏။ထို့ကြောင့် ဗြဟ္မာ့ပြည်ရောက်မှ ဓနဉ္ဇာ
နီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏။ ထိုအခါမှစ၍ အရှင်သာရိပုတ္တရာသည် တရား
ဟောသည့်အခါတိုင်း သစ္စာလေးပါး ဝိပဿနာတရားကို ထည့်သွင်းဟောကြား
တော့သည်။
ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာ အချိန်တွင်းမှာပင် ဈာန်ရ သွား
သည်ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ ဈာန်ရဖို့အတွက်လောက်
ကား မခဲယဉ်းဟု သိနိုင်၏။

ဈာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေ့ ပြအံ့။
မေတ္တာဘာဝနာကို ဈာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏။ ပြီးလျှင်မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်
မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။
ဤကား ဝိသုဒ္ဓိမဂ် အဋ္ဌကထာလာအတိုင်းဖြစ်၏။

ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတပုဒ်ကား -
"မိမိကိုယ်က၊ အဦးစ၍
ပိယမဇ္ဈ၊ ဝေရီကျအောင်
တစတစ၊ သုံးဝပုဂ္ဂိုလ်
ကိုယ်နှင့်အတူ၊ အမျှမူ၍"
ပွားများမှု အားကောင်းလာသည်နှင့် ပထမဈာန်ကို ရရှိ၏။ ပထမဈာန်ရပုံကား -
မိမိမေတ္တာပို့ လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏။ဤသည်ကို'ပထမဈာန်၏
ပထမအင်္ဂါဖြစ်သော ဝိတက်'ဟုခေါ်၏။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာ
ပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏။ ဤသည်ကို 'ဝိစာရ'ဟုခေါ်၏။
မေတ္တာပွားနေချိန်တွင် ဘာနဲ့မှ မတူအောင် အလွန်နှစ်သက်၏။ ဤသည်ကို ပီတိ
ဟုခေါ်၏။ မေတ္တာပွားနေချိန်တွင် အလွန်းချမ်းသာ၏။ ဤသည်ကို သုခဟုခေါ်၏။
မေတ္တာပွားနေချိန်တွင် စိတ်သည် မေတ္တာခံယူသူအပေါ်၌ တည်ကြည်နေ၏။ ဤ
သည်ကို 'ဧကဂ္ဂတာ'ဟုခေါ်၏။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမာဓိဟုလည်း
ခေါ်ကြ၏။

ဆိုအပ်ခဲ့ပြီးသော ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမဈာန်ရသည်ဟု 
ခေါ်သည်။ ထိုပထမဈာန် ရရုံမျှဖြင့် မြေလျှိုးမိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ
မလုပ်နိုင်ပေ။ ထိုပထမဈာန်မှ ပဉ္စမဈာန်အထိရောက်အောင် အစဉ်တိုင်း
အစုန် ပွားများနိုင်၏။ တဖန် ပဉ္စမဈာန်မှ ပထမဈာန် ထိရောက်အောင်
အဆန်လည်း ပွားများနိုင်၏။

ထိုကဲ့သို့ ဈာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ
အဘိညာဉ်ကိုရ၏။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း 
ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏။
ဤစကားရပ်တို့ကို ထောက်၍ ဈာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ်
အထိ ရမှသာ ကောင်းကင်ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည်။
 အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...