သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, July 15, 2013

PostHeaderIcon ဗန်းမော်ဆရာတော်၏ ဆုံးမ စကားပုံ

"... ဗန်းမော်ဆရာတော်၏ ပညာပေး ပြုပြင်ဖွယ်ရာ စကားပုံ ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

တရားကိုတော့ တေးလိုဆို

ဖအေကိုတော့ သားကဆဲ

ဆွေမျိုးထဲက ဓားပြတိုက်

မိုက်ရဲလျှင်တော့ သောတာပန်

မကောင်းကြံက သမာဓိ

ရွှေရှိမှ လူလိမ္မာ

လိမ်နိုင်မှ သစ္စာရှင်

ပညာရှင်ကို ပယ်လို့ထား

အချစ်ဆုံးမယားက သစ္စာပျက်

ရိုးသားသူကို အရူးလို့ဆို

အပျိုငယ်က လင်နေစော

အင်္ကျီပါးနှင့် ဥပုသ်သည်

ဇရပ်အလယ်မှာ ကို့ယို့ကားယား။

အမျိုးကောင်းသမီးက ပိုက်ဆံရှာ

အပျိုမဖြစ်ခင်က ရည်စားများ

ဆင်းရဲသားက သူဌေးယောင်ဆောင်

အဝတ်ပြောင်မှ လူရိုသေ

လင်ရှိမယားက အပျိုလုပ်

မသာပို့ရင်း လူပျိုလှည့်

အလှူပေးရင်း ထမင်းရောင်း

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး

ဘိုးသူတော်က ဘိုဆံတောက်ချ

အပျိုပေါက်စနှင့် လင်ယူ

လူရင်းနှီးတော့ အတိုးချ

သူခိုးဓားပြက လူလို့အော်

မရှောင်တမ်းတိုးတော့ တခုလပ်

စပ်စုတာက အပျိုဟိုင်း

နဂိုရိုင်းတော့ လူကျပန်း

ဘုရားကျောင်းကန်နှင့် ကပ်လို့လိမ

ပုရဝုဏ်အတွင်း အိမ်ထောင်ကျ

မယ်သီလက အနုဆေးဖော်

ရတနားသုံးပါးကို မကြည်ညို

ကြေးစည်အိုတနောင်နောင်နဲ့ ဘိန်းစားပုန်း

လူ့လောက၌ စိတ်ကူးယဉ်

ပွဲသဘင်ပါမှ အလှူဖြစ်

ဆယ်နှစ်သမီးက အိမ်ထောင်ကျ

စာမတတ်သူက တရားပြ

အသက်မွေးမှုနှင့် ရဟန်းတု

အမှန်ပြောလျှင် အမုန်းပွား

ဇာတ်သမားမှ လူခေါ်

သူတော်စင်ကို ပယ်၍ထား

ကျွေးမွေးသူက ကျွန်နှင့်တူ

ကြွေးယူသူက သခင်ဖြစ်

မုန့်ပေးလျှင် ကျမ်းဂန်တတ်

ရွှေကပ်တဲ့ ဘုရားမှ လူရိုသေ

အဖေအမေက ကျွန်နှင့်တူ

သားသမီးက သခင်ဖြစ်

ခေတ်ကြီးကိုတော့ အဖြစ်ဆို

ကိုယ့်ကိုယ်ကိုကျ အကောင်းပြော

မတရားသူအား အကြောက်များ

ဥပုသ်သည်၌ အကောင်းကြိုက်

ဂုံးတိုက်တော့ ကျေးဇူးရှင်

ဖြောင့်မှန်နေလျှင် လူမသုံး

အင်္ကျီပါးဝတ်တော့ ဂုဏ်ထင်ပေါ်

သူတော်စင်မှာ အကျင့်ပျက်

သုတ်အဘိဓမ္မာ တရားခက်

သဂြိုဟ်ကျက်ရင်း ငါးကိုထောင်

ဥပုသ်ဇရပ်မှာ ခိုက်ရန်ဖြစ်

သီလယူရင်း မျက်စပစ်

မေတ္တာပို့ရင်း ဒေါသထွက်

သဒ္ဓါလွန်တော့ တဏှာ ကျွန်ဖြစ်လို့

သူတော်ကောင်းတို့ တရားပျက်ကြပြီ။

.မေတ္တာများစွာဖြင့် -
သင်တန်းမှူးဆရာတော် -လိမ္မာယဉ်ကျေး ပညာပေးသင်တန်းကျော
င်း

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...