သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, July 5, 2013

PostHeaderIcon မျက်ရည်



ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။
အဲဒီ သမီးတော်လေးတွေ ဝမ်းနည်းလို့ ငိုရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့ ။

ပထမ မင်းသမီးကတော့ မင်းသားလေးတပါးနဲ့ လက်ထပ်လိုက်ပါတယ်။ အဲဒီမင်းသားက မင်းသမီး

လေးကို စိတ်မဆင်းရဲ ဆင်းရဲအောင် လုပ်ပြီး မျက်ရည်ကဖြစ်တဲ့ စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တခုပြီး
တခု ဆောက်ပြီး နေပါသတဲ့။ 
မင်းသမီးငယ်လေးကတော့ သူချစ်တဲ့ အညတရ ရွာသားတယောက်နဲ့ပဲ လက်ထပ်လိုက်ပါတယ်။

ဒီလိုနဲ့ ...ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် နှစ်ပါးကို ခေါ်ပြီးတွေ့တယ်။ သမီးကြီးနဲ့ မင်းသား

လေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး သမီးငယ်နဲ့ ရွာသားက
တော့ ဆင်းရဲမြဲ ဖြစ်နေတာကို တွေ့ရပါတယ်။
အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည် တစက်နဲ့ မင်းတို့ ချမ်းချမ်းသာသာ

နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ"လို့ မေးလိုက်ပါတယ် ။
ရွာသားလေးက "ကျွန်တော် ချမ်းသာဖို့အတွက် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ"လို့ ပြန်ဖြေ

ပါတယ် ။ အဲဒီတော့ ဘုရင်ကြီးက သဘောကျသွားပြီး သူ့ချမ်းသာမှုအတွက် သူတပါးကို မျက်ရည်
မကျစေတဲ့ ရွာသားလေးကိုပဲ အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ပါတယ် ။
>ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင် မလုပ်ကြဘဲ...

ရွာသားလေးလို ကိုယ့်ချစ်သူ စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်တဲ့သူတွေ ဖြစ်နိုင်ကြပါစေနော် ။။  
ပိုးဟပ်ဖြူ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...