သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, August 19, 2013

PostHeaderIcon B ပိုး C ပိုး သမားတွေ အတွက်




B ပိုး C ပိုး သမားတွေ အတွက်   
( ဒီဆေးနည်းလေးကို ၂၀၀၈ ထဲက ရထားတာပါ။ အပင် မမြင်ဘူးသေးလို့ မတင်ဖြစ်ခဲ့တာ)
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန် အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)
* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်
ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တမျိုးပါ။
ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင် အနည်းငယ်
သမ်းနေတယ်။ အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေး
အကြောင်း) အမြှောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်
ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
 
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်း တလက်
ပါ။ ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)
ကနေ တဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတဦး ဘီပိုးရောဂါဖြစ်ပြီး
ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက
မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တယောက်က ဣဿရမူလီကို
သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တနေ့ (၃)ခါ၊ တခါ လေးရွက်
ငါးရွက်လောက် ဝါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ဝင်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်း
လာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုက
ဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကို သုံးကြောင်း ပြော
လိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ဝါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်း အိမ်မှာ
သွားရိုက်ထားခြင်းဖြစ်တယ်။ဣဿရမူလီမှ တဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေး
ကောင်းတလက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန်*
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
လို့ ပါတယ်ဗျ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...